အပိုင်း ၁၆

151 19 11
                                    

ကောင်းကင်က တိမ်ခိုးတွေကင်းကာ ပြာလဲ့နေသည်။ ဆွေးမြေ့မြေ့တိုက်ခတ်နေသော ဒီဇင်ဘာလေအေးနဲ့အတူ BMW အနက်ရောင်ကားတစ်စီးသည်လည်း ဆေးတက္ကသိုလ်ဝန်းထဲသို့ ချိုးကွေ့မောင်းဝင်လာ၏။

သိပ်မကျယ်လှသည့် ကျောင်းကားပါကင်တွင် သေသပ်စွာ ရပ်လိုက်ပြီးနောက် ကားပေါ်မှ နေနီ ဆင်းလိုက်သည်။ ဘေးဘီကို ဝှေ့ဝဲကြည့်ရင်း ချိန်းထားတဲ့သူကို ရှာတော့ အရိပ်အယောင်ကိုတောင် မတွေ့ရပေ။

ညနေကျောင်းဆင်းချိန်ထက်ပင် လွန်နေပြီဖြစ်တာကြောင့် ကျောင်းဝန်းထဲ၌ လူသိပ်များများမရှိတော့။ အချိန်ခဏစောင့်ဆိုင်းပြီးနောက်မှာတော့ ဘေးနားမှာ ရပ်ထားတဲ့ ကားအချို့နဲ့ စက်ဘီးစတန်းက ဘီးများပင် မရှိသလောက်သာ ကျန်တော့သည်။ နေနီ စိတ်မရှည်ဖြစ်လာ၍ 'ငါရောက်ပြီ' ဟု မက်ဆေ့ချ်ပို့်ထားခဲ့ပြီးဖြစ်တဲ့ နိုရာဆိုင်းပန်ဆီသို့ တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။

တစ်ဖက်မှ အော်ပရေတာအစ်မရဲ့ လူကြီးမင်းအသံပြီးသွားသည်အထိ ချိတ်ဆက်သွားခြင်းမရှိတဲ့ ဖုန်းကောလ်ဟာ ဒူဒူဒူ အသံမည်ကာ ကျသွား၏။

"ကျစ်.. ဒီကောင်"

နေနီ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

'ညနေလေးနာရီအမှီနော်' ဆိုသည့် စကားကြောင့် သူ့မှာတော့ အမှီရောက်အောင်လာခဲ့သော်လည်း သူ့အား လာကြိုဖို့ ခေါ်ခဲ့သည့် သတ္တဝါကတော့ ဖုန်းလေးတောင် ကိုင်ဖော်မရဘဲ ဘယ်နားသဝေထိုးနေသလဲမသိပေ။

နေနီတစ်ယောက် သူရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို လူတစ်ယောက်အား စောင့်ရင်းတော့ဖြင့် ကုန်ဆုံးမသွားချင်ပေ။

စိတ်ကို အတတ်နိုင်ဆုံး ဆွဲဆန့်ကာ ကားထဲ ပြန်ဝင်လိုက်ပြီး နောက်ထပ်တစ်ကြိမ် နိုရာ့ဆီ ဖုန်းပြန်ခေါ်ကြည့်သည်။ အချိန်တော်တော်ကြာထိ တုန့်ပြန်မှု ပြန်မရတာကြောင့် စနေသားစိတ်က နှစ်ခါစဥ်းစားမနေရ။

ကားစက်နိုးပြီး လီဗာနင်းကာ စထွက်လိုက်တော့သည်။

ကားက ကျောင်းမုဒ်ဦးအပြင်ဖက် မရောက်သေးခင်မှာပဲ တစ်ဖက်ထိုင်ခုံပေါ်မှာ တင်ထားတဲ့ ဖုန်း၌ နိုရာဆိုသည့် နာမည်ဖြင့် အဝင်ကောလ် ဝင်လာ၏။ ထိုသတ္တဝါအား အသားကုန်ဆဲဖို့ ကြံရင်း ဖုန်းကို လှမ်းယူချိန်၌ ကားအတွင်း လှုပ်ရှားမှုအချို့ကြောင့် ဖုန်းက ခုံအောက်သို့ လျှောကျသွားသည်။

တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်Where stories live. Discover now