အပိုင်း ၁၄

139 16 8
                                    

ကျောင်းစဖွင့်သည်မှာ နှစ်ပတ်ထဲသို့ ရောက်နေပြီဖြစ်သော်လည်း ဒီကအအေးကို မြူနှင်းမိုး အသားမကျသေး။ မြို့ပြကြီးမှာ ဒီဇင်ဘာအအေးဓာတ်ရဲ့ လွှမ်းခြုံမှုကို အပြည့်အဝ ထွေးပိုက်ခွင့်မရတာကြောင့် သူတို့နယ်မြို့လေးလို အေးလို့ဆိုပြီး စောင်ထဲကွေးဝင်ရသည်ထိလည်း မချမ်းသလို လုံလောက်သည့် အနွေးဓာတ်မျိုးရနေတာလည်းမဟုတ်ချေ။

စာကြည့်စားပွဲတွင် ထိုင်ကာ လက်ချာစာအုပ်တွေကိုရေးနေရင်းမှ တဖြည်းဖြည်းအေးလာသည့် လက်ဖျားတွေကို အင်္ကျီအိတ်ကပ်ထဲထည့်ပြီး အနွေးဓာတ်ကို ဖွေရှာလိုက်သည်။

ခေတ္တအနားပေးခြင်းနဲ့အတူ မျက်လုံးတွေကို စာကြည့်စားပွဲပေါ်မှ ရွှေ့မိတော့ တစ်ဖက်ကုတင်မှာ လျော့ရဲရဲမှီထိုင်နေသည့် သုန္နရီက အာရုံထဲဝင်လာ၏။

သူကတော့ မြို့ပြရဲ့အအေးဓာတ်နှင့် အသားတကျဖြစ်ပြီးသားဖြစ်ပုံရသည်။ အထူကြီးမဟုတ်သော ကာဒီဂန်ကို ကြယ်သီးမတပ်ဘဲ ဝတ်ထားပြီး ကုတင်ခေါင်းရင်းတိုင်မှာ နောက်ကျောမှီကာ လပ်တော့ပ်ကို ပေါင်ပေါ်တင်၍ လေလိုင်းမှတဆင့် တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ပြောဆိုနေ၏။

အမြဲလိုလို နားကြပ်တပ်ပြောတာဖြစ်သော်လည်း တစ်ခါတလေတော့ နားကြပ်မတပ်ထားတာမျိုးလည်းရှိသည်။ ထိုအခါမျိုးတွင် သုန္နရီစကားသံနဲ့အတူ တစ်ဖက်လက်ခံပြောနေသူ၏ အသံကိုပါ ကြားရတတ်သည်။ ဒီနေ့တွင်လည်း သုန္နရီက နားကြပ်မတပ်ထားပေ။ ထို့ကြောင့် တစ်ဖက်က စကားပြောသံကိုပါ အာရုံစိုက်နားထောင်လိုက်ပါက ရှင်းရှင်းလင်းလင်း ကြားရသည်။

'အဲ့လောက်ချွဲနေတာ၊ မမ ကျောင်းကို အခုပဲ လာလိုက်ရမလား ပြော'

တစ်ဖက်မိန်းကလေး၏အသံသာ မြန်မာ့လက်ဖက်ရည်ဆိုရင် ချိုဆိမ့်ဖြစ်လောက်မည်၊ ဒါမှမဟုတ် အိန္ဒိယလက်ဖက်ရည်ဆိုရင်လည်း စီလုံတီးပေါ့။

'ချွဲတာမဟုတ်ရပါဘူးရှင်၊ နရီက မမကို ပင်ပန်းမှာစိုးလို့ပြောတာပါ၊ လာတွေ့မယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဒီကလည်း မမကို လွမ်းလှပြီ'

'ဒီကလေးမနဲ့တော့၊ သူများမလာနိုင်မှန်းသိရက်နဲ့ကို အလုပ်တွေပစ်ထားပြီး ပြေးလာချင်အောင် လုပ်ပြန်ပါပြီ၊ နောက်အပတ်ထဲ ပြန်လာမှာ၊ ကျောင်းကို လာတွေ့မယ်... အိုခေလား ကလေးမ'

တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်Where stories live. Discover now