အပိုင်း ၉

110 17 8
                                    

ဘန်ဂလိုလေးနှင့်တစ်ဆက်တည်း ရေချိုးခန်းအသေးစားလေး၏ မှန်ထဲတွင် ပုံရိပ်တစ်ခု ထင်ဟပ်နေ၏။ မှန်ထဲရှိပုံရိပ်သည် ရေချိုးဝတ်ရုံကို ဝတ်ထားပြီး ရေချိုးပြီးကာစ ဆံပင်ရှည်တွေကို ခေါင်းပေါ်မှာ အစီအစဥ်မကျ ထုံးဖွဲ့ထားသည်။ လက်တံသွယ်သွယ်တစ်ခုက ထိုရေချိုးဝတ်ရုံအား အလွယ်တကူ လျှောချလိုက်သည့်အခါ သွယ်လျသည့် ခန္ဓာကိုယ်က မှန်ပြင်တွင် အရိပ်ထင်လာသည်။

ထို့နောက်တွင် အငြိမ်မနေသည့် လက်များက ရင်ဘက်တစ်ဝိုက်သို့ ပြေးလွှားလျက်ရှိပြီး တစ်စုံတစ်ရာကို စူးစမ်းနေ၏။

မြူနှင်းမိုး သူ့ကိုယ်သူ အခါခါ ပြန်ကြည့်နေမိပြီး ခန္ဓာကိုယ်ပေါ်မှ အသစ်အဆန်းတစ်ခုအား အလွန်အမင်း စိတ်ဝင်စားနေသည်။ ထိုအရာက သူ အွန်လိုင်းမှ မှာထားခဲ့သည့် Binder ဆိုသည့်အရာဖြစ်သည်။

ပါးလျသည့် ပိတ်စကလေးက သူ့ရင်ဖက်ကို ပေါ့ပါးစွာ စည်းနှောင်လို့ထားပြီး နဂိုဖုဖောင်းနေသည့် သဘာဝတရားကို ချိုးနှိမ့်ပေးထားသည်။ မြူနှင်းမိုး ကျေနပ်မိသလိုခံစားရသည်။

ညက တစ်ဖွဲ့လုံးစားသောက်ပြီးနောက် အရင်မှောက်သွားကြသည့် တစ်သိုက်က မနိုးလာသေးဘဲ သူအရင်ဆုံးနိုးလာခဲ့တာဖြစ်သည်။ ကိုယ်လက်သန့်စင်ပြီးနောက် သူပထမဆုံးလုပ်မိသည့်အရာက နိုရာယူနီဗက် ဆီမှ ဝယ်ခဲ့သည့် အင်္ကျီကို ဝတ်ကြည့်ခြင်းပင်။ ခရီးသွားခါနီးမှ အွန်လိုင်းမှ လောလောလတ်လတ် ဝယ်ယူခဲ့တာဖြစ်ပြီး ဒါဟာ ပထမဆုံး စမ်းဝတ်ကြည့်တာဖြစ်သည်။

အထိအတွေ့က ထူးဆန်းလွန်းပြီး မြင်ရသည့် အမြင်ကလည်း လုံးဝကွဲလွဲသွားသည်။

ဆံပင်ရှည်ရှည်တွေသာ မရှိရင် သူ့ကိုယ်သူ ယောက်ျားတစ်ယောက်အသွင် ဖန်တီးယူလို့ရနိုင်လောက်မလား...

ကြယ်လေးကို ဆိုင်ကယ်စီး မသင်ပေးမီညက ကိုနေနီဆီသို့ မတော်တဆ စာပို့မိခဲ့သည်။ ထိုနေ့မှစ၍ နေနီနှင့် မကြာမဏဆိုသလို စကားပြောမိကြ၏။ သို့သော် လိုရင်းကိုတော့ တိုက်ရိုက် မမေးဖြစ်ခဲ့ပေ။

နေနီကလည်း သံုးနှစ်တက်ရသည့် စီးပွားရေးဒီပလိုမာယူရမည့် ကိစ္စနှင့် အလုပ်ရှုပ်နေခဲ့ပြီး သူကလည်း နိုရာယူနီဗက် အကြောင်းနဲ့ သူစိတ်ဝင်စားသည့်အရာများကို သိချင်သော်လည်း စကားလုံးရွေးနေရတာနဲ့ကို တိုက်ရိုက် မမေးဖြစ်။

တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်Where stories live. Discover now