အပိုင်း ၅

120 17 0
                                    

မပိုင်နိုင်မှာ သေချာနေတဲ့အထဲ အချိန်တွေလည်း ပါသည်။

စက္ကန့်တိုင်း မိနစ်တိုင်းဟာ ရွေ့လျားနေပြီး သိမ်းဆည်းသော့ခတ်ထားချင်လို့မရနိုင်ချေ။ မသွားပါနဲ့လို့ တောင်းဆိုရင်တောင် နောက်ပြန်လှည့်မကြည့်ပေမဲ့ သူရှိနေတဲ့အချိန်မှာ အကျိုးရှိရှိနေတဲ့သူကိုတော့ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ထပ်တူညီတန်ဖိုးကို ပြန်ပေးဖို့ သူ ဝန်မလေးပေ။

စာသင်နှစ်၏ မိုးဦးအစမှ ဆောင်းဦးရဲ့ လေညှင်းသွဲ့သွဲ့တွေဆီသို့ ကူးပြောင်းသွားသည်မှာလည်း ထို့အတူပင်။ နှစ်စကတည်းက အချိန်ကို အကျိုးရှိရှိသုံးခဲ့သူတွေကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စိတ်လှုပ်ရှားနေကြပြီး ဟေးလားလိုက်ကာ အချိန်ကို အမှတ်တမဲ့ထားမိခဲ့တဲ့သူများကတော့ မပိုင်နိုင်သေးတဲ့စာတွေအတွက် ပူပင်ကြရ၏။

ဆောင်းမနက်၏ ရောင်ခြည်နွေးနွေးသည် ကျောင်းကော်ရစ်ဒါ တစ်လျှောက်လုံး ဖြန့်ကျက်ထာသော်လည်း အအေးဓာတ်ဟာ အရှိန်မသတ်သွား။ ဆောင်းလေ​သွေးက တစ်ခါတစ်ခါ ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းတွင်းသို့ တိုးဝှေ့ဝင်ရောက်သည့်အခါ အသည်းခိုက်အောင် အေးရသည်။

ကျောင်းအုပ်ရုံးခန်းနှင့် ကပ်လျက်ဖြစ်သည့် လူအယောက်နှစ်ရာလောက်ဆန့်တဲ့ အဓိကခန်းမဟာ ပိတ်ထားသည်မှာ ကြာပြီဖြစ်၍ ဖုန်ထုက လက်မဝက်လောက် ထူထဲနေ၏။

မကြာခင်လာတော့မည့် ဆရာကန်တော့ပွဲအတွက် အခမ်းအနား အပြင်အဆင်ကို မြူနှင်းမိုးတို့အတန်း(က) မှ တာဝန်ယူရမည်ဖြစ်၍ တစ်ခန်းလုံး ထိုဟောထဲသို့ ရောက်နေကြခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်တန်းများအတွက် ပါဝင်ဆင်နွှဲခွင့်ရသည့် ကျောင်းပွဲများမှာ အတော်ရှားသည်။ ဤသို့ ကိုယ်တိုင်ပြင်ဆင်ရသော ကျောင်းပွဲမျိုးက ပို၍ပင် ရှားသေးသည်။

ထို့ကြောင့် ဤရတောင့်ရခဲပွဲလေးကို ပြင်ဆင်ဖို့ အတော်ပင် အားတက်နေကြသည်။

မိန်းကလေးများက အခန်းသန့်ရှင်းရေးအတွက် အရင်ဆုံး တံမြက်စည်းလှည်းကျင်းကာ ယောကျာ်းလေးများကတော့ မလိုအပ်သည့် ခုံပိုများကို စတိုခန်းထဲသို့ ရွှေ့ကြသည်။ အားလုံးဟာ တစ်ယောက်တစ်လှည့် ဝိုင်းကူရင်း တက်ညီလက်ညီဖြင့် ရှင်းလင်းနေကြ၏။

တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်Où les histoires vivent. Découvrez maintenant