အတန်းချိန်တွေ တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို တက်နေရသည့် ပျင်းရိဖွယ် ရက်သတ္တပတ်ဟာ ကုန်ဆုံးသွားတော့ မျှော်လင့်နေရသည့် ကျောင်းပိတ်ရက်က အပြေးအလွှားရောက်လာသည်။ သို့သော် တက္ကသိုလ်ဝင်တန်းများအတွက်ကတော့ ကျောင်းပိတ်ရက်တွင်လည်း အားနေဖို့ အခွင့်မရှိပါပေ။
တစ်ရက်စာမလုပ်ရင် တစ်ရက်နောက်ကျခဲ့မှာဖြစ်ပြီး တစ်နာရီစာမကြည့်မိရင် တစ်နာရီစာတွင် ရလိုက်မည့်စာ လွတ်သွားမှာစိုးတာကြောင့် သူ့ထက်ငါ အားသွန်ခွန်စိုက် ကြိုးစားနေကြသူချည်းဖြစ်သည်။ သုံးနာရီစာ စာမေးပွဲတစ်ခုလေးမှာ အဖိုးတန်တဲ့ သူတို့ရဲ့ အချိန်၊ ခွန်အားနဲ့ အိမ်မက်ကို ရင်းနှီးမြှုပ်နှံပြီး စာမေးပွဲနဲ့ ဆုံးဖြတ်ပေးမဲ့ သူတို့ရဲ့ အနာဂတ်က ရာထူးတစ်ခုခုကို မျှော်လင့်နေကြသည်။
ထပ်မက်ဖို့ ကြီးကြီးကျယ်ကျယ် အိမ်မက်မျိုးမရှိတဲ့အခါ စာမေးပွဲရလဒ်ဟာ သူတို့ရဲ့ ဘဝဖြစ်လာသည်။ တကယ်တမ်း စာမေးပွဲဆိုတာက ဘဝမဟုတ်သော်လည်း အပူအပင်ကင်းတဲ့ ဆယ်ကျော်သက်အရွယ်မှာ တကယ့်ဘဝအစစ်ကို ရင်မဆိုင်ခင် တွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်သည်။
မြူနှင်းမိုးကတော့ နှစ်ရက်တာ ပိတ်ရက်ကလေးမှာ လူရည်ချွန်ပြိုင်ပွဲကြောင့် မြို့နယ်ကိုယ်စားပြုအဖြစ် မြို့တော်သို့ သွားရသည်။ တစ်မြို့လုံး၌ သူအပါအဝင် သွားရောက်ရသူ ငါးဦးသာရှိသည်။ နှစ်ယောက်မှာ ပုဂ္ဂလိကအထက်တန်းကျောင်းမှ အထွေထွေ စွမ်းရည်ပြိုင်ပွဲဝင်များဖြစ်ပြီး တစ်ဦးကတော့ အလယ်တန်းကျောင်းမှ လူရည်ချွန်ပြိုင်ပွဲဝင်ဖြစ်သည်။ တစ်ကျောင်းတည်း ကျောင်းဖော်တစ်ဦးကတော့ အားကစားဋ္ဌာနမှ ရေကူးပြိုင်ပွဲဝင် ကောင်မလေးတစ်ယောက်ဖြစ်သည်။
နေ့လည်ခင်းထဲက အချို့ဘာသာရပ်စာစစ်ချိန်တွေရှိတာကြောင့် မနက်ဝေလီဝေလင်းထဲက သူတို့ စထွက်ရသည်။
ကျောင်းကမသိအောင် တရားမဝင်ခိုးဖွင့်ထားသည့် ဂရုချက်မှာ စာများက တတောင်တောင်ဝင်လာသည်။ 'ဘယ်ကစမ်းစမ်း အကုန်လန်း၊ အတန်းအေကို ထိကြည့်စမ်း' ဆိုသည့် ဂရုချက်မှ ဖြစ်သည်။
VOUS LISEZ
တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်
Roman pour Adolescentsအနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အချစ်ဟာ ဘာလဲလို့ မေးလာရင်တော့ အချစ်ဟာ ကြယ်တွေလေ လို့ ကျွန်မဖြေမယ် ~ ~