ချစ်သော crush
အပိုင်း 22
ချစ်သော crush
"ဝါး...... "
ဂျောင်ဆူး လေးကန်နေတဲ့ မျက်လုံးတွေကိုလက်နဲ့ပွတ်သပ်ကာ အပြင်းကြောဆန့်ရင်း အိပ်ယာ ကနိုးထလာလေသည်။ စိမ်းသက်နေတဲ့ အခန်းကြောင့် ညက မူးပြီး ကလပ်မှာ သောင်းကျန်းခဲ့တာတွေကို ပြန်စဉ်းစားလိုက်သည်။
ညက သူငယ်ချင်းတွေနဲ့မူးပြီး ကလပ်မှာ ကတယ် ကပြီးတော့ ဘာတွေဆက်ဖြစ်လဲ မမှတ်မိတော့ပေ...
" အား.ခေါင်းတွေ ကိုက်လိုက်တာ .."
''ကလေး..."
ဂျောင်ဆူး ခေါင်းက ဆံပင်တွေကိုဖွလျှက် အော်လိုက်တော့ အခန်းထဲ ဝင်လာတဲ့ ချန်ယော...
ဂျောင်ဆူး သူ့ရှေ့က မျက်နှာငယ်လေးနဲ့ ချန်ယောကိုမြင်တော့ မနေ့က သူတို့ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို သတိရကာ ဒေါ်သက
သူ့အလိုလို ထွက်လာသည်။" ဘာလဲ..."
သူ့ကိုမျက်နှာကြီးစူပုပ်ကာ အော်လာတဲ့ ဂျောင်ဆူးကြောင့် ချန်ယော
ကတင်နားအလျင်အမြန် သွားကာ ချော့လေသည်။''ကလေးရာ.ကိုယ့်ကို စိတ်ဆိုးပြေပါတော့နော်.."
ချန်ယော မျက်နှာကိုအတက်နိုင်ဆုံး ငယ်ကာ ဂျောင်ဆူး လက်လေးတစ်ဖက်ကိုဆွဲယူလျက် နမ်းရှုံ့ လိုက်သည်။
" စိတ်ဆိုပြေရအောင် ခင်ဗျားနဲ့ ကျွန်တော်က ဘာမှ မှမဆိုင်တော့တာ "
'' ကလေးကလည်းအာ့လို မပြောပါနဲ့ ဒီရင်ဖက်ကြီးက နာလို့ပါကလေးရယ်..ကျေးဇူးပြုပြီး အာ့လိုကြီးမပြောပါနဲ့.. "
'' တော်ပါ အပိုတွေလုပ်မနေနဲ့.... ဒါနဲ့ ခင်ဗျားကြီး.မနေ့က ကျွန်တော့်ကို ဘာလုပ်ထားသေးလဲ.."
ဂျောင်ဆူးသူ့ကိုယ်ပေါ်က အဝတ်အစားတွေကို ငုံကြည့်လျက် ချန်ယောအား မသင်္ကာ တဲ့အကြည့်နဲ့မေးလေသည်။
" ကလေးကလည်း ကိုယ်ဘာမှ ညက ကလေးအဝတ်တွေက အန်ဖက်တွေနဲ့ မို့လဲပေးထားတာပါ "
" တကယ်လား..."
'' တကယ်ပေါ့ကလေးရ ညက ကလေးကလုပ်ဖို့ပြောတာတောင်ကိုယ်က မလုပ်ဘူး ကလေးကို..."