ချစ်သော crush
အပိုင်း 23'' ဂျောင်ဆူး အမြန်လာပါကွ.... "
ဘတ်ဟွန်းတစ်ယောက် ဂျောင်ဆူးလက်ကိုဆွဲကာ အရှေ့ကနေ မပြေးရုံတမယ် သွားနေသည်။ အကြောင်းရင်းကတော့ kai ကို မိန်းမတစ်ယောက်နဲ့ shoping center တစ်ခုမှာတွေတယ်ဆိုတဲ့ သတင်းကြားသောကြောင့်ပင်ဖြစ်သည်။
'' မင်းဟာက သေချာလို့လား "
'' အမလေး ဘတ်ဟွန်းတို့ကမသေချာရင် ခြင်တောင်မရိုက်ဘူး.... "
ဂျောင်ဆူးအမေးကို ဘတ်ဟွန်းက ဟိုရှာဒီရှာလုပ်ရင်းပြန်ဖြေလေသည်။
သူတို့နှစ်ယောက် ဆိုင်ခန်းတွေမှာလိုက်ရှာရင်း နောက်ဆုံးတော့ တကယ်ပင် kai ကို မိန်းမတစ်ယောက်နှင့်တွေ့ပါသည်။အမျိုးသမီးဝတ်အထည်ဆိုင်ထဲမှာ ဟိုမိန်းမကို အင်းကျီတွေတစ်ထည်ပြီးတစ်ထည် ရွေးပေးနေတဲ့ kai ကြောင့် ဘတ်ဟွန်းဒေါသတွေ ငယ်ထိပ် တက်ကုန်ပြီ။ သူတို့ကြည့်နေရင်းမှာပဲ kai ကဆိုင်ပြင်သို့ထွက် သွားလေသည်။
" လာ ဂျောင်ဆူး ဟိုမိန်းမကိုသွားဝုန်းမယ်... "
ချက်ချင်း သူ့လက်ကို ဆွဲကာ သွားဖို့ ပြင်နေတဲ့ ဘတ်ဟွန်းကို အမြန်တားလိုက်ရသည်။
'' နေ...နေပါဦး..ဘတ်ဟွန်းရ..."
'' ဘာဖြစ်လို့လဲ..."
'' ဟို...ဖြစ်ပါ့မလာ..."
'' ဖြစ်တယ်လာ...မင်းက ငါ့စကားကို ထောက်ခံရုံပဲ ကျန်တာ ငါ့ဟာငါ ရှင်းမယ် ဟုတ်ပြီလား..."
ဘတ်ဟွန်းက ပြောပြောဆိုဆို နဲ့ဟိုမိန်းမ ဆီ ရောက်သွားသည်။
" ဒီမှာ..သူများရီးစားကို စနိုက်ကြော်တာ ပျော်ဖို့ကောင်းရဲ့လား..."
'' ရှင်..."
ဘတ်ဟွန်းအပြောကြောင့် တစ်ဖက် မိန်းကလေးက ကြောင်ကာ သူ့အားပြူးကြည့်လေသည်။
" ရှင်မနေနဲ့ ကျွန်တော့်ရီးစားကို ကြောင်တောင်နိုက်တုန်းက နိုက်ပြီး ခုမှ မသိချင်ယောင် ဆောင်မနေနဲ့ "
ဘတ်ဟွန်းက ပြောလဲပြောဘေးက ဂျောင်ဆူးကို တံတောင်နဲ့ တွန်းကာ သတိပေးလေသည်။