ချစ်သော crush အပိုင်း ၁၃
"ဘာ... "
ဂျောင်ဆူးအသံဟာ တစ်ခန်းလုံးပြန့်ကာ ဟိန်းထွက်သွားပြီး ဘေးက
ကျောင်းသားတွေပါလှည့်ကြည့်ကြလေသည်။" ဖြေးဖြေးအော်ပါ ပုလုံးကောင်ရ "
ခုချိန်မှာ ဘတ်ဟွန်းရဲ့ စကားကို ပြန်ချေပဖို့မအား ။" ငါ..ငါ တကယ်ပဲ အာ့လောက်တောင်မူးနေခဲ့တာလား "
" ဟုတ်တယ် အာ့ထက်တောင်ဆိုးသေးတယ် ပြောမနေနဲ့တော့ "
" အမလေး ရှက်လိုက်တာ "
" ရှက်မနေနဲ့ ပြီးခဲ့တာတွေလည်း ပြီးနေပြီ နောက်ခါအာ့လိုမဖြစ်အောင်ပဲနေ "
" ဒါနဲ့ မနေ့က ငါ့အိမ်ကိုမင်းတို့ လိုက်ပို့တာလား "
" မဟုတ်ဘူး ချန်ယော hyung လိုက်ပို့တာ "
" ဘာ... "
ဘတ်ဟွန်း စကားကြောင့် နဂိုတည်းက ပြူးပါတယ်ဆိုတဲ့ မျက်လုံး
ကပိုပြူးလာတော့သည်။ ကြောက်ဖို့ကောင်းလိုက်တာနော်။.
.
" ဖြေးဖြေးအော်ပါကွ ဒီမှာ နားစည်ကွဲတော့မယ် "" မနေ့ညက ပါတီကို ချန်ယော hyung ရောက်လာလို့လား "
" ရောက်လာတယ်မင်းမူးနေတဲ့အချိန်တုန်းက "
" ငါ အဲ့ချိန်မှာ ရုပ်ပျက်ဆင်းပျက်မူးနေတာလား "
" ဟုတ်တယ်မင်း အရမ်းမူးနေတာ ချန်ယော hyung ကိုတောင်အတင်းလိုက်နမ်းနေသေးတယ် ပြီးတော့....."
"တော်...တော်ပါတော့ ဘတ်ဟွန်းရယ် ငါရှက်လို့သေတော့မယ် "
ဂျောင်ဆူး မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကာအော်လေသည်။ဘတ်ဟွန်းသူ့သူငယ်ချင်းကိုကြည့် ပြီး အသံတိတ်ရယ်နေမိသည်။
အမှန်တော့ မနေ့ညက မူးနေပေမဲ့ ချန်ယော hyung ကိုမနမ်းပေ။
အပိုလုပ်ကာ ပြောလိုက်ခြင်းဖြစ်သည်။ ဆေးထိုးလိုက်တာပေါ့လေ ။သူတို့နှစ်ယောက်စကားပြောနေတုန်း kai အတန်းထဲဝင်လာသည်။
Kai ကိုမြင်တော့ ဂျောင်ဆူးတစ်ယောက်မျက်နှာ ပူကာ ဘေးက စာအုပ်ကို ကွယ်ကာ ဖတ်ခြင်ယောင်ဆောင်နေလိုက်သည်။ခုချိန်မှာ ဘယ်သူ့မှ မျက်နှာချင်းမဆိုင်ချင်ပေ။ အရင်ကလည်းခုလိုမူး
ပေမဲ့ ဘတ်ဟွန်းနဲ့ မင်ဆော့က တော့ ရှက်စရာလူတွေမဟုတ် ။ နမ်းလည်း ဘာမှမဖြစ်ပေ ။ ခုဟာက ကိုယ့် crush နဲ့ စီနီယာတွေရှေ့မှာမှ အရှက်ကို ဗြန်းဗြန်းကွဲပါရောလား ဂျောင်ဆူး
ရယ်။..