ချစ်သော crush အပိုင်း 6
"ဂျောင်ဆူးရားး အဟင့်အဟင့် "
မနက်မိုးလင်းလို့ အိပ်ကောငိးနေချိန် အိပ်ရာဘေးက ဖုန်းလာလို့ကိုင် လိုက်တဲ့အခါ ငိုကြီးချက်မ နဲ့ မင်ဆော့ ။
" မင်ဆော့ ဘာဖြစ်လို့လဲ "
"ငါနေမကောင်ဘူး အဟင့်ဟင့် "
"ဘယ်လိုဖြစ်တာလဲ "
"ဘယ်လိုဖြစ်ရမှာလဲ ဟိုနေ့ကမင်းတို့ကို ပြောတယ်လေ ငါ့အဖွား
အမွေလက်ဆောင် ပေးခဲ့တဲ့ ဆွဲကြိုးလေး ပျောက်နေတာ ခုထိ
ရှာမတွေ့သေးဘူး ရှာလို့လဲ ခေါင်းတွေကိုက်ပြီး နေမကောင်း သလို
ဖြစ်နေတာ ""ပြီးတော့ အာ့ဆွဲ့ကြိုးတာ ရှာလို့မတွေ့တော့ရင် ငါ့omma ငါ့ကို
သတ်လိမ့်မယ် "ဟုတ်ပါသည်။ မင်ဆော့ omma က မင်ဆော့အပေါ် အလိုလိုက်သလို တစ်ချို့သော ကိစ္စ တွေမှာတော့ စည်းကမ်းကြီး
လှသည် ။ မင်ဆော့ omma က ရှေးဟောင်း ပစ္စည်း တွေကိုအလွန်တန်ဖိုး ထား စုဆောင်းလေ့ရှိသည် ။ အခု မင်ဆော့
အဖွားပေးခဲ့တာကလည်း ရှေးဟောင်း ဆွဲကြိုးလေးပင်ဖြစ်သည် ။
အာ့လို တန်ဖိုးကြီးရှေးဟောင်း ပစ္စည်း ဖြစ်တာကြောင့် မင်ဆော့
Omma ကမင်ဆော့ ကို ပစ္စည်း လေး မပျောက်အောင် အမြဲ မှာ
သည် ။ မှာတိုင်လည်း မင်ဆော့က" Omma ရာ သားသတိရှိပါတယ် ၊ ကိုယ့်လည်ပင်းမှာ ကိုယ်နဲ့မကွာ ဆောင်ထားတာပဲ ပျောက်ရင် ကျွန်တော်တုံးလို့ ၊
အလို့ပဲ " ဟူ၍ အမြဲ ပြန်ပြောသည်။ ခုတော့သူ့စကားနဲ့သူခံနေရပြီ။မှတ်မိပါသေးတယ် ။ ကျွန်တော် နဲ့ ဘတ်ဟွန်းက မင်ဆော့တို့အိမ်
လိုက်ဆော့ကြသည် ။ ဘောလုံးကန်တိုင်း ကစားကြတာ အိမ်ပေါ်ထက်မှာ ။ ခဏတော့ မင်ဆော့ကန်လိုက်တဲ့ ဘောလုံးက
သူ့ omma ဝယ်ထားတဲ့ ရှေးဟောင်း အရုပ်ကိုသွားမှန်တယ် ။
မှန်တဲ့အရုပ်က အောက်ကြပြီး အစိတ်စိတ် အမွှာမွှာကွဲပါလေရော ။
ပြီတော့ သူ့omma ရောက်လာပြီး မင်ဆော့ကို တုတ်နဲ့ ကျွန်တော်
တို့ရှေ့တင်ရိုက်တာ ကြောက်ဖို့ကောင်းလိုက်တာ ။ မင်ဆော့ကိုလဲ
သနား ။ ခုဆွဲကြိုးးပျောက်တာ သူ့ omma သာသိရင်မလွယ်ပေ ။
ခုအရွယ်ထိလည်း သူ့ omma ကရိုက်တုန်းပဲ တခါတလေ ။
ပြောလို့ပြောတာ မဟုတ်ဘူး သူ့omma ကလက်သန်ပြောင်ချက်။
ကျောင်းက ဆရာမထက်တောင်ဆိုးတယ် ။ခုလဲ ကြောက်ဖျား ဖျားပြီနေမှာ ။...