ချစ်သော crush

506 37 1
                                    

ဒီနေ့ ကျွန်တော်နဲ့ မင်ဆော့ ကျောင်းကို အစောထဲကရောက်နေကြ
သည်။ အကြောင်းမှာ မင်ဆော့ မနေ့က ဆရာမေပးတဲ့ အိမ်စာတွေ
မပြီးသေးလို့ ကျွန်တော့်အိမ် အစောရောက်ကာ ကျောင်းကို အေစာ
လာပီး စာလာလုပ်နေသည်။ ကျွန်တော်ကတော့ ဘတ်ဟွန်းကို မခေါ်ဘဲ ကျွန်တော့်ကို အစောခေါ်ပြီး အိပ်ရေးပျက်အောင်လုပ်
လို့ ဆူပုပ်နေသည်။

" မင်ဆော့ မင်းကလည်း ဘတ်ဟွန်းကို ခေါ်ပါလား ငါ့ကိုလာခေါ်
တာအိပ်ရေးပျက်တယ် "

"မင်းကလည်း ဘတ်ဟွန်းကြောင်းသိရဲ့ သားနဲ့ သူ့ကိုခေါ်ရင်
အလှပြင်နေတာနဲ့ ဒီနေ့ငါ ကျောင်းရောက်မှာ မဟုတ်တော့ဘူး "

"မင်းမနေ့က အိမ်စာမလုပ်ပဲ ဘာလုပ်နေတာလဲ "

"ဟီး မနေ့က ငါလေ သီချင်းလေ့ကျင့်နေတာနဲ့ မလုပ်ဖြစ်ဘူး "

"မင်းမလည်းနော် မပြောချင်ဘူး "

"မပြောချင်လည်း မပြောနဲ့ တော့ ငါအစောခေါ်လာတဲ့ အတွက်
ဘာဂါ ဝယ်ကြွေးမယ် ဟုတ်ပြီလား "

"ငါ့ကိုမင်းက အစားသရဲမ်ား မှတ်နေလား "

"မဟုတ်လို့လား "

"ဟီး ဟုတယ် နှစ်ခုဝယ်ကျွေးနော်  "

"ကျွေးပါ့မယ်  "

ခဏကြာတော့ မင်ဆော့ စာလုပ်တာပြီးသွားလေတော့သည်။
စာလုပ်ပြီးလို့ နှစ်ယောက်သား ကန်တင်းဘက် မုန့်ဝယ်ရန်ထွက်လာ
ခဲ့သည် ။ ဆိုင်ရောက်တော့ နှစ်ယောက်သား စိတ်ကြိုက်မုန့်တွေ
ဝယ်ပြီး ပြန်လာတော့ လမ်းမှာ ဘတ်ဟွန်း ကား ကျောင်ထဲသို့
ဝင်လာတာလှမ်းမြင်ရသည်။ ဘတ်ဟွန်းက လူတင်အလှကြိုက်တာ
မဟုတ္ဘူး သူ့ကားပါ ပြင်ထားတာ လက်လွန်တယ် ။ ခုလည်းကားပေါ်က ဆင်းလာတာ ရိုး အပြည့် ။ မသိရင် မင်းသား
လာတာ ကြနေတာပဲ ။ ကျောင်းထဲကလူတွေ မျက်စိကလည်း
သူ့ရှိ စုပြုံရောက်နေလေသည်။ ပြီးတော့ ကျောင်းသူကျောင်းသား
တွေကလည်း တိုးတိုးပြောနေကြတယ် ။ သူကျွန်တော်တို့ နှစ်ယောက်ရှိ တစ်လမ်းချင်လျောက်လာရင်း ကောင်မလေးနှစ်ယောက် ထဲကတစ်ယောက်က

"ဟဲ့ ကြည့်စမ်းပါဦး မင်းသားလေးကြနေတာပဲ မျက်နှာလေး က
ဖြူပြီးကြည်နေတာပဲဟယ် "

ချစ်သော crush Where stories live. Discover now