ချစ်သော crush အပိုင်း 5
ဒီနေ့ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ဘတ်ဟွန်း မင်ဆော့ ဂျောင်ဆူးတို့ သူံးယောက် kai အိမ္ကို အလည်လာခဲ့ကြသည်။ ကျောင်းဖွင့်တဲ့နေ့က kai ကသူ့အိမ်ကိုလာလည်ရန် ပြီးရင်
မုန့်လုပ်ကျွေးမယ်ဟု ခေါ်ထားသောကြောင့် သူံးယောက်သား
တက်တက်ကြွကြွနဲ့ လာခဲ့ကြသည်။ အဲ့ထဲမွာ ဘတ်ဟွန်းက
အဆိုးဆုံးပဲ ။ kai အိမ်လာဖို့အရေး ပြင်လိုက်ဆင်လိုက်တာ
1 နာရီလည်းမပြီး 2 နာရီလည်းမပြီးနဲ့ နောက်ဆုံးစိတ်မရှည်တဲ့ အဆုံး ဆွဲခေါ်လာရသည် ။ ဒါတောင်ကားပေါ်မှာ အိုင်းလိုင်နာ
ကဆိုးသေး ။ မလွယ်ကြောပဲ ။သူတို့သူံးယောက် kai အိမ်ရောက်တော့ kai က အိမ်ထဲက ထွက်လာကာကြိုဆိုသည်။
" ဘတ်ဟွန်းတို့ အိမ်ထဲဝင်ကြ "
"ဝါးးး kai အိမ္က မိုက်တယ်နော်မင်ဆော့ "
မင်ဆော့က ဘတ်ဟွန်းရဲ့ တိုးတိုးလေးပြောနေတဲ့ အသံကို မကြားချင်ယောင်ဆောင်လိုက်သည်။ သိနေတယ်လေ သူ့နောက်က
နေဖောလိုလေး လိုက်ကြည့်ပါလား ပြီးတော့မှာ မဟုတ္ဘူး ပြောနေတာ ။ အာ့ကြောင့်မကြားချင်ယောင်ပဲ ဆောင်နေပလိုက်တယ် ။...Kai ကသူတို့ကို ဧည့်ခန်းထဲမှာ ထိုင်စေကာ အအေးသွားဖျော်ပေး
သည်။" kai ဒီအိမ်မှာ မင်းတစ်ယောက်ထဲနေတာလား "
အအေးချပေးတဲ့ kai ကို ဂျောင်ဆူးက မေးလိုက်သည်။" အင်းဟုတ်တယ် appa နဲ့ omma တို့က ဂျပန်မှာနေကြတာ
ငါတစ်ယောက်ထဲ ဒီမှာနေတာ ""အော် ဒါကြောင့်ဘယ်သူမှ မတွေ့တာကို "
"ဒါနဲ့ ငါတို့ကို ဘာမုန့်လုပ်ကျွေးမှာလဲ "
အစားအေသာက်ဆို ထိပ်ဆုံးကပါတဲ့ မင်ဆော့က kai ကို လှမ်းမေးသည်။
" မင်းတို့ကို ငါဟော့ပေါ့ လုပ်ကျွေးမလို့ ပြင်ထားတာ ခဏေလး
တော့စောင့်ပေး နော် ငါ့အကို ဝမ်းကွဲနဲ့ သူ့သူငယ် ချင်းပါဖိတ်ထား
လို့ "" kai မွာ အကို ဝမ်းကွဲရှိသေးတာလား ၊ ဘယ်သူလဲ "
"အင်းရှိတယ် သူက လည်းငါတို့ကျောင်းကပဲလေ သူရှိလို့ ငါဂ်ပန္ကနေ ဒီကို ကျောင်းလာတက်တာ သူနာမည်က...."