ချစ်သော crush အပိုင်း ၁၄
ဂျောင်ဆူး ၊မင်ဆော့ ဘတ်ဟွန်းနဲ့ kai တို့ လေးယောက် ကန်တင်းမှာ ထိုင်ကာ စကားဝိုင်းဖွဲ့ပြောနေကြသည်။ အမှန်တကယ်
ပြောနေကြတာကတော့ kai နဲ့ ဘတ်ဟွန်းသာ ။ နှစ်ယောက်သား
ပူးနေလိုက်ကြတာ ။ တစ်ယောက်ကိုယ်ထဲ တစ်ယောက်ဝင်ပြီး
နှစ်ကိုယ့် တစ်စိတ်ဖြစ်တော့မယ် ။ ဘေးက မင်ဆော့နဲ့ ဂျောင်ဆူး
ကိုမှအားမနာ ။ နှစ်ယောက်သား ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေကြ
သည်။" kai ဒီ တိုနာ လေးကော "
" ဘတ် အဲ့တာက ဈေးနည်းနည်းများမနေဘူးလား "
" အော် kai ကမဝယ်ပေးချင်ဘူးလား "
" အဲ့...အဲ့လိုမဟုတ်ပါဘူး ဘတ်ရဲ့ ကိုယ်က တိုနာဖြစ်ပြီး ဈေး
အရမ်းများ နေလို့ပါ "" တော်ပြီ စိတ်ဆိုးတယ် kai ကို ၊ဘယ်နဲ့ ကိုယ်ချစ်သူလေး လှပ
ဖို့အရေး ဘေးကနေ ပံ့ပိုးပေးမယ်မရှိဘူး ၊ ဒါလေးတောင်မဝယ်
ပေးချင်ဘူး "" ကဲ ဘတ်ဟွန်းရယ် တော်ရုံပဲကောင်းတယ်နော် ငါအန်ချင်နေပြီ "
ဘေးကမနေနိုင်တဲ့ မင်ဆော့က အမြင်ကပ်စွာ ဝင်ဖဲ့ လိုက်သည်။
ဂျောင်ဆူးကလည်း ဟုတ်ပဆိုတဲ့ ပုံစံနဲ့ ။ ဒင်းတို့နှစ်ယောက်
က သူများကို ဝုန်းမယ်ဆို တက်ညီလက်ညီနဲ့ ။" မင်းတို့ပါးစပ်တွေပိတ်ထား ငါ့အကြောင်းသိတယ်နော် "
" အမလေး အမလေး ကြောက်ဖုတ်ကောင်းလိုက်တာ ဘတ်ဟွန်း
ရယ် ..... "မင်ဆော့နဲ့ ဂျောင်ဆူးရဲ့အသံဟာ ပြိုင်တူထွက်လာကြသည်။
" ကဲ ကဲတော်ကြတော့ ဘတ်လေးလိုချင်တာ ကိုယ်ဝယ်ပေးမယ်
ဟုတ်ပြီလား ကြိုက်တာမှာလိုက် "Kai ကသူတို့ရန်ပွဲ ကို ဝင်ဖြေကာ သူ့ဘတ်လေးလိုချင်တာကို
ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။" တကယ်ပြောတာနော် အာ့ကြောင့် kai ကို ချစ်နေရတာ ပြွတ်"
" အယ် "
သူလိုချင်တာရသွားတော့ မျက်နှာကို ချက်ချင်းပဲ ပုံစံပြောင်သွားပြီး
ဘေးက kai ရဲ့ နှူတ်ခမ်းကို လှမ်းနမ်းကာ သူမဟုတ်တဲ့ အတိုင်း
ပဲ ဖုန်းကိုပြန်ကြည့်ကာ online က ပစ္စည်း တွေမှာနေလေရဲ့ ။