ချစ်သော crush အပိုင်း ၁၂
ဂျောင်ဆူး မနက်အိပ်ရာနိုးတော့မထသေးဘဲ ကုတင်ပေါ်မှာလိုင်းသူံး
နေသည်။ ခဏကြာတော့ ဘတ်ဟွန်းရဲ့ ဖုန်းဝင်လာသည်။" ဟယ်လို ဘတ်ဟွန်းပြော "
" ဒီနေ့ည ငါတို့အိမ်မှာ ပါတီလုပ်မလို့ မင်းကိုဖိတ်တာ "
" ဟင်ဘာအတွက်လဲပါတီက "
" မနေ့က ငါမွေးနေ့မှာ မင်းတို့ကို ဘာမှမကျွေးရဘူးလေကွာ ၊ အာ့ကြောင့် ပြီးတော့ ဆယ်ဟွန်း hyung တို့ကို ဖိတ်ထားတယ်၊
မင်းဟာကြီးကောလာမှာကွ "" ဟာ သူလာရင် ငါမလာဘူး "
" ဟျောင့် သောက်ပိုလုပ်မနေနဲ့ အေး မင်းမလာရင် ငါချန်ယော hyung ကို မင်းအိမ်ထိလာခေါ် ခိုင်းမှာနော် "
ဘတ်ဟွန်းဆိုတဲ့အကောင် အကျပ်ကိုင်နေပြီ ။ ချန်ယော hyung
ကို မတွေ့ချင်လို့ ရှောင်နေပါတယ်ဆိုမှ ၊ သူ့လာခေါ်ခိုင်းမယ်ဆို
တော့ မဖြစ်ပါဘူး ။" အေးပါ ငါလာခဲ့မယ် လာမခေါ်ခိုင်းနဲ့နော် "
" ပြီးတာပဲ လာခဲ့နော် ညနေ လေးနာရီ "
" အေးပါ လာခဲ့မယ် "
" အာ့ဆိုဒါပဲ ပုလုံးကောင် "
" အေးပါ ပေမှေးကောင်ရဲ့ "
အာ့လို တစ်ယောက်နဲ့ တစ်ယောက်က ကိုယ့် ဂုဏ် သူဖော် သူ့ ဂုဏ်
ကိုယ်ဖော်လေ ။" မဖြစ်ဘူး ဒီတိုင်းနေလို့တော့ beauty salon သွားရမယ် "
ဂျောင်ဆူး အိပ်ရာထဲအမြန်ထကာ ရေမိုးချိုး ပြီး beauty salon
သွားရန်ပြင်တော့သည်။ ညကြ ပါတီရှိတယ် ၊ hyung လည်းလာမှာ
ဆိုတော့ ကိုယ်ကလှနေမှဖြစ်မယ်လေ ။ စိတ်ဆိုးတာက စိတ်ဆိုးတာပဲ hyung အရှေ့မှာ တော့ကိုယ်စိတ်ဆိုးပုံလေးကအစ
လှနေရမယ်လေ အဟိ ။ဂျောင်ဆုး beauty salon ရောက်တော့ ဆိုင်ထဲက ဝန်ထမ်းလေးတွေက ထွက်ကြိုကြသည်။ ဆိုင်ထဲရောက်တော့
အမတစ်ယောက်က ဂျောင်ဆူးကို မေးသည်။" မောင်လေး ဘာလုပ်မလဲ ၊ မျက်နှာလား ၊ ဆံပင်လား မောင်လေး "
" မျက်နှာ အမ ၊ မျက်နှာဂျီးချွတ်မယ် ပေါင်းတင်မယ် ရွှေသွင်းမယ်အမ "