ချစ်သော crush
အပိုင်း 21ဂျောင်ဆူး ချန်ယောကို စိတ်ဆိုးကာ ဆိုင်ပြင်သို့ ပြေးထွက်လာခဲ့သည်။
'' ဂျောင်ဆူး..ကလေး... "
နောက်ကနေ ပြေးလိုက်လာတဲ့ ချန်ယောကို လှည့်မကြည့်ပဲ Taxi
ငှါးရန် လုပ်နေသည်။'' ဂျောင်ဆူး... "
ချန်ယော ဂျောင်ဆူး လက်ကို ဆွဲလိုက်တော့ သူ့ကို မျက်စောင်းထိုးကာ ကြည့်လာတဲ့ အသေးလေး...
'' ဘာလဲ... ခင်ဗျားနဲ့ ပြတ်ပြီလေ..ဘာတွေလာပြောမလို့လဲ... "
'' ကလေးကလည်း... ကိုယ်ရှင်းပြတာလေးတော့ နားထောင်ပါဦးနော်... "
ချန်ယော မျက်နှာငယ်လေး လုပ်ကာ ပြောနေသော်လည်း ရှေ့က ပုလုံးလေးကတော့ ရုပ်တည်ကြီးနဲ့....
'' ဘာမှ လာရှင်းမပြနဲ့ အာ့လုဟန်ဆိုတဲ့ ကောင်က ခင်ဗျားကို ပိုင်ဆိုးပိုင်နင်းနဲ့ ပြောနေတည်းက ခင်ဗျားတို့မရိုးသားဘူးပဲ..."
'' ကလေးကလည်း နဲ့ သူက ဒီတိုင်းပဲ ရိုးရိုးသားသား ခင်မင် ကြတာပါ...ပြီးတော့ ကိုယ့်ရင်ထဲမှာလည်း.. ဟော့ဒီက ဂျောင်ဆူး ဆိုတဲ့ ကလေးပဲ ရှိတာကို.. ယုံပေးပါနော်... "
'' တော်ပါ...လျှောက်ပြောမနေနဲ့...ဟွန့်.. "
ဂျောင်ဆူး ချန်ယောကို မျက်စောင်းထိုးလျက် ရှေ့ကနေဘောက်ဆက် ဘောက်ဆက်နဲ့ ထွက်သွားပြန်ပြီ...
'' ကလေး..."
'' ဆက်လိုက်မလာနဲ့ နော်..."
ဂျောင်ဆူး ချန်ယောကို မျက်စောင်းထိုးလျက် taxi ပေါ်တက် လိုက်ကာ အိမ်ပြန်လာခဲ့လိုက်သည်။ ချန်ယောကတော့ ထိုနေရာမှာ
မျက်နှာငယ်လေးနဲ့ ရပ်ကျန်နေခဲ့လေရဲ့.....ဂျောင်ဆူး အိမ်ပြန်ရောက်တော့ မင်ဆော့ရှိ က ဖုန်းဝင်လာသည်။
" ဟယ်လို..."
" ဂျောင်ဆူးရား..ငါ့.ဆီ ခုလာပေးပါ...ခုလာပေး...အီးဟီး... "
တစ်ဖက်က မင်ဆော့ရဲ့ ငိုသံကြောင့် ဂျောင်ဆူး စိတ်ပူသွားရသည်။
" ဘာဖြစ်လို့လဲ မင်ဆော့ရ "
"မမေးနဲ့...မမေးနဲ့...အီးဟီး..ခုချက်ချင်း...လာခဲ့...ဘတ်ဟွန်းပါခေါ်ခဲ့...အီးဟီး... "