ချစ်သော crush အပိုင်း 4
မင်ဆော့ ကျောင်းကို အရင်လာခဲ့သည်။ အကြောင်းရင်းကတော့
ဟိုနေ့က ဆယ်ဟွန်းနဲ့ ချိန်းထားသောကြောင့်ဖြစ်သည်။ မင်ဆော့
စတူရီယို အခန်း နံပါတ် လေးကိုရောက်လာခဲ့သည်။ အခန်းထဲမဝင်သေးပဲ အပြင်မှာ ခဏရပ်နေသည်။ ဆယ်ဟွန်းနဲ့တွေ့ဖို့ ကို ကြောက်သလိုလို ရင်ခုန်သလိုလိုနဲ့
စိတ်တွေ ဂဏာမငြိမ်နိုင်ဖြစ်နေတော့သည်။" fighting မင်ဆော့ "
သူ့ဟာသူပဲ အားပေးကာ အခန်းထဲဝင်လာခဲ့သည်။ အခန်းထဲရောက်တော့ ဘယ်သူ့မှရှိမနေပါ ။
" ဟင်ငါ့ကို ချိန်းထားပြီတော့သူက ရှိမနေဘူး ကောင်းပ "
မင်ဆော့ လည်း ပါးစပ်ကပွစိပွစိလုပ်ကာ အခန်းထဲက ပစ္စည်းတွေ
လျောက်ကိုင်ကြည့်နေသည်။ နောက်ထက် နာရီဝက် ကြာသည့်တိုင်
အောင် ဆယ်ဟွန်း ကရောက်မလာသေးပါ ။
မင်ဆော့လည်း စောင့်နေရတာ ကြာနေပြီမို့ အခန်းထဲက ထွက်ရန်
ပြင်လိုက်စဉ် အခန်းတံခါးပွင့် လာတဆယ်ဟွန်းဝင်လာသည်။" ဆောရီး ကိုယ်နောက်ကြသွားတယ် မင်ဆော့ "
" ဟုတ်ရပါတယ် စီနီယာ "
"စီနီယာလို့မခေါ်ပါနဲ့ ရင်းရင်းနှီးနှီးဖြစ်အောင် hyung လို့ခေါ်ပေါ့ "
" ဟုတ်ကဲ့ စီနီယာ အဲမှားလို့ hyung "
ငါ့နှယ်နော ဘယ်လိုဖြစ်လို့ စကားတွေ ထစ်နေတာလဲ ။ သူငယ်ချင်းတွေရှေ့မှာတော့ သွက်လက် ချက်ချာပြီး စီနီယာရှေ့ရောက်ရင် အူတူတူပုံစံကိုဖြစ်လို့. ..
" ကဲ ကိုယ်တို့ စပြီးလေ့ကျင့်ကြရအောင်လေ "
အဲကိုယ် တဲ့ ရင်ခုန်လိုက်တာ အစောက ကြောက်တဲ့စိတ်တောင်ကြက်ပျောက်ငှက်ပျောက်နဲ့ ။
" ဟို hyung ရဲ့ ပစ္စည်း တွေကအကောင်းစားတွေကြည့်ပဲနော် "
"အင်းဟုတ်တယ် မင်ဆော့ရ ကိုယ်က တစ်ယောက်သောသူအတွက် စီစဉ်ထားတာလေ "
"အော် "
မင်ဆော့လည်း ဆယ်ဟွန်းပြောတဲ့ တစ်ယောက်သောသူကို
စိတ်ဝင်စားနေမိသလို ရင်ဘတ် တစ်နေရာကလည်း နာကျင်နေမိ
သည်။ ။ ထို သူကတော့ ကံကောင်းလွန်းပါတယ် hyung လို
လူက ဂရုစိုက် ပေးတယ်ဆိုတော့လေ ။မင်ဆော့လည်း အတွေးတွေ
ဆက်မတွေးတော့ပဲ hyung သင်ပြပေးတဲ့ ဂီတအနုပညာ ကိုသာ
အာရုံစိုက်နားထောင်နေလိုက်တော့သည်။