3 [U]

2K 174 17
                                    

အခန်း(၃)

"အားလုံး ကြားကြသမျှ ယူတော် မူကြပါကုန်သော် သာဓု သာဓု သာဓု"

ခပ်တိုးတိုးသာရွတ်ဆိုသော အမျှဝေသံအပြီးမှာ ဦးသုံးကြိမ်ချရင်း ဘုရားရှိခိုးခြင်းအမှုကို ကိုင်းရပ်တန့်လိုက်၏။

အဖေ့ခြင်ထောင်ကိုကျော်ကာ နံရံပေါ်ရှိ နာရီကိုကြည့်တော့ ငါးနာရီစွန်းစွန်းရှိနေပြီဖြစ်၏။ အိမ်ကပုံမှန်ထွက်ချိန်ထက် အနည်းငယ်နောက်ကျလုပြီမလို့ ဘုရားကျောင်းဆောင်ရှေ့မှ ခပ်သွက်သွက်ထလိုက်သည်။

တစ်ဆက်တည်းမှာပင် အခန်းထဲပြန်ဝင်ကာ ချည်လွယ်အိတ်အသေးလေးထဲ ဖုန်းနှင့် ပိုက်ဆံထည့်ကာ စလွယ်သိုင်းလိုက်၏။

အဖေမနိုးအောင်သတိထားကာ အိမ်ထဲထည့်သိမ်းထားသော စက်ဘီးကို အပြင်ဘက်သို့ထုတ်လိုက်၏။ ပုံမှန်ဆိုခြံထဲတွင်ထားလေ့ရှိပေမဲ့ အခုနောက်ပိုင်း သူခိုးတွေပေါလာတာမလို့ မပေါ့ဆရဲဘဲ အိမ်ထဲသို့စက်ဘီးထည့်သိမ်းရခြင်းပင်။

ဆယ်ပေသာရှိသော ပျဉ်ထောင်အိမ်လေးက သူတို့မိသားစုအတွက်‌ေတာ့ကောင်းကောင်းဖူလုံပါသည်။ အခု အမေမရှိတော့ဘူးဆိုတော့ သူတို့သားအဖနှစ်ယောက်ထဲသာ။

သူတို့သားအဖနှစ်ယောက်ကလည်း ကျောချချိန်ကလွဲလို့ အိမ်ပေါ်တက်လေ့မရှိ။ စားချိန်ရောက်ရင်တောင် ခြံထဲရှိ ပိန္နဲပင်အောက်က ကွပ်ပျစ်ပေါ်မှာ စားကြတာများသည်။

ခြံထဲမှာက ပန်းပင်တွေက များပြီး သီးပင်စားပင်ဆိုလို့ အဲ့ပိန္နဲပင်သာရှိသည်။ ဒါကလည်း ကိုင်းငယ်ငယ်က အရမ်းကြိုက်လွန်းလို့ အဖေကစိုက်ပေးခဲ့တာကြောင့်ရှိနေခြင်းသာ။

အိမ်ထဲက စက်ဘီးချပြီးသည်နှင့် ညထဲက ပြင်ထားသည့် ပန်းတွေကို အရှေ့ခြင်းထဲသို့ ဂရုတစိုက်ထည့်လိုက်၏။ စိုရဲနေသည့် နှင်းဆီပန်းနီနီတွေနှင့် ဖြူဖြူဖွေးဖွေးကြယ်တာရာပန်းများကို ကြည့်ကာ ကိုင်းပြုံးလိုက်၏။

ပန်းတွေထဲတွင် ကိုင်းအကြိုက်ဆုံးက ကြယ်တာရာပန်းပင်။ မေမေကိုယ်တိုင်လည်း အကြိုက်ဆုံးပန်းဖြစ်တာမလို့ တခြားပန်းတွေထက်ပိုပြီး ဂရုတစိုက်ပျိုးထောင်ဖြစ်သည်။

မောင့်မျက်သွယ်Where stories live. Discover now