အခန်း(၄)
"ကိုကိုလာပြီ"
ကိုင်း ကြီးတော်စိန်တို့အိမ်ထဲ စက်ဘီးသွင်းလိုက်သည်ဆိုရင်ပဲ မှော်က ပြေးဆင်းလာသည်။ ထို့ကြောင့် ကိုင်းစက်ဘီးကိုမြန်မြန်ဒေါက်ထောက်လိုက်ကာ မှော့်ကိုယ်လုံးတစ်တစ်ကိုဆွဲမွှေ့ပစ်လိုက်၏။
"ဟဲ့ ဟဲ့ ငါ့မြေးပြုတ်ကျမယ်"
အထဲကနေ အကဲပိုစွာလှမ်းအော်သည့် ကြီးတော်စိန်ကြောင့် ကိုင်း မှော့်ပါးမို့ကြီးကိုနစ်ဝင်အောင်နမ်းပြီး အောက်ပြန်ချပေးလိုက်၏။
ကြီးတော်အိမ်က အရှေ့နားကို သံဇကာကာထားသည်မလို့ ခြံထဲကိုလှမ်းမြင်နေရသည်က မဆန်းပေ။ ကိုင်း မှော့်လက်ကိုဆွဲကာ အိမ်ပေါ်တက်လာလိုက်၏။ လက်တစ်ဖက်ကလည်းဟင်းထုပ်တွေကို ဆွဲလျက်ပင်။
"ဘာမှမဖြစ်ပါဘူး ကြီးတော်ရယ်၊ အရင်ကလည်း လုပ်နေကြပဲကို"
"ပြောလို့ရမလားဟဲ့၊ မှော့်ဝိတ်ကနည်းတာမဟုတ်ဘူး မတော်တဆလက်ကလွတ်ကျသွားရင် ငါရင်ကျိုးရချည်ရဲ့"
သံဇကာနား ခြေဆင်းထိုင်ကာ ဆေးလိမ်းရင်းပြောနေသည့် ကြီးတော်ကို ကိုင်းဆက်မငြင်းတော့ဘဲ ဟင်းထုပ်တွေကို သောက်ရေအိုးစင်တွင်ချိတ်ရင်း ကြီးတော်အနားသွားထိုင်လိုက်၏။
"ကြီးတော်ကလည်း ကျွန်တော်လိမ်းပေးမယ်ဆိုတာကို စကားနားမထောင်ဘူး"
"နင်က နောက်ကျနေတာကို"
"နောက်ကျမှာပေါ့၊ မနက်ကလည်း ဈေးထွက်တာနောက်ကျတယ်လေ ကြီးတော်ရဲ့။ ကျွန်တော်လည်း မြန်မြန်ပြန်လာတာပဲ။ ပေး..လိမ်းပေးမယ်"
"နေ နေ ငါ့ဟာငါလိမ်းတာပြီးတော့မယ်။ ခုနက မှော်ဗိုက်ဆာတယ်ပြောတယ် ကလေးကိုအရင်ကျွေးလိုက်"
ကြီးတော်စကားကြောင့် ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်နေသော မှော့်ကို ကိုင်းငဲ့ကြည့်လိုက်၏။
"ဗိုက်ဆာပြီလား မှော်"
"မဆာသေးပါဘူး"
"မြေး ခုနကပဲဆာပြီဆို"
"သားက ခုနကကိုကိုမလာသေးလို့ပြောလိုက်တာ၊ မဆာသေးဘူး ကိုကိုနဲ့မှ အတူတူစားမှာ"
![](https://img.wattpad.com/cover/303411106-288-k65863.jpg)
YOU ARE READING
မောင့်မျက်သွယ်
Romance"ဒီမှာ..၊ ဈေးဝယ်ချင်လို့" "ရတယ် ညီလေး၊ ဘာပန်းလိုချင်တာလဲ" "ပန်းတော့မလိုဘူး၊ ပန်းရောင်းတဲ့လူကိုဝယ်လို့ရလား" "ဘာကွ"