"ကိုင်း မျက်နှာလဲ မလန်းပါလား မောင်လေး၊ အဖေမသက်သာဘူးလား"
"သက်သာသလိုတော့ရှိပါတယ် အစ်မရယ်"
မအေးစန်း၏အမေးကြောင့် ကိုင်း စိတ်မပါလက်မပါဖြင့်စည်းနေသော နှင်းဆီပန်းစည်းကို လက်စသတ်ကာ ပြန်ဖြေလိုက်၏။
အခုနောက်ပိုင်း အဖေက အမြဲလိုလိုချောင်းဆိုးနေကာ ညတိုင်းကောင်းကောင်းအိပ်ရတယ်လို့ကိုမရှိပေ။ ဆေးခန်းတွေပြပေမဲ့လည်း ဒီအတိုင်း ရိုးရိုး အအေးမိတာ ဟုသာပြောကြပေမဲ့လည်း အဖေက အဖျားရက်ရှည်နေသည်။
မအေးစန်းအကြံပေးသည့် ဆရာ၀န်နှင့်ပြကြည့်တော့မှ အဆုတ်ကိုဓာတ်မှန်ရိုက်ကြည့်ခိုင်း၏။ ထိုတော့မှသာ အဆုတ်ထဲတွင်ရေများပြည့်နေကာ အဆုတ်တစ်ခုလုံးပင် ဖုံးလုနီးပါးအခြေအနေသို့ပင် ရောက်နေလေပြီမှန်းသိလိုက်ရတော့သည်။
အဆုတ်ထဲကရေတွေကိုစုပ်ထုတ်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဆရာဝန်ကရှင်းပြ၏။ လက်ရှိဆရာနဲ့ပဲဆက်ကုချင်ပေမဲ့ အဖေ့အဆုတ်ထဲက ရေတွေကအတော်လေးများနေပြီမလို့ ဝါနုသေးသည့်ဆရာက မလုပ်ရဲဖြစ်နေကာ ဆေးရုံကိုသာ သွားဖို့အကြံပြု၏။
အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဟိုနေ့က ဆရာဆေးခန်းနားချိန်တွင် ကိုင်းဈေးသိမ်းကာ ဆရာနဲ့သွားဆွေးနွေးဖြစ်၏။ သို့သော် ဘယ်ကရောက်လာမှန်းမသိတဲ့ ကောင်လေးက ကိုင်းကို အထင်လွဲစွာပြောဆိုရင်း ပျောက်သွားသည်က ယနေ့ထိပင်။
"နောက်ဘယ်နှခါလောက် စုပ်ထုတ်ရဦးမယ်တဲ့လဲ"
မအေးစန်းစကားကြောင့် ကိုင်းအာရုံတွေကို လက်ရှိသို့ မနည်းဆွဲခေါ်ရသည်။ အရင်ကတော့ အနားကထွက်သွားစေချင်ခဲ့ပေမဲ့ အခုလိုကြီးကျတော့လဲ ကိုင်းမှာ တကယ်အဆင်မပြေနေတော့။
"သုံးခါလောက်လို့တော့ပြောတာပဲ အစ်မရယ်၊ အဖေက ကိုယ်ခံအားလဲ မကောင်းတော့ တစ်ခါတည်းနဲ့လဲ အများကြီးထုတ်လို့မရဘူး"
"အေးပေါ့ အသက်လည်းကြီးပြီကို..."
ကိုင်းခေါင်းပဲညိတ်ပြလိုက်ခါ သက်ပြင်းချရင်း နှင်းဆီပန်းတွေကိုပြန်ကိုင်တော့
![](https://img.wattpad.com/cover/303411106-288-k65863.jpg)
YOU ARE READING
မောင့်မျက်သွယ်
Romance"ဒီမှာ..၊ ဈေးဝယ်ချင်လို့" "ရတယ် ညီလေး၊ ဘာပန်းလိုချင်တာလဲ" "ပန်းတော့မလိုဘူး၊ ပန်းရောင်းတဲ့လူကိုဝယ်လို့ရလား" "ဘာကွ"