Bangtan တို့ရိုက်ကူးရေးလုပ်တဲ့နေ့တစ်နေ့ဖြစ်ပါတယ် အချိန်ကျတော့ တစ်ခုခုစားဖို့အနားယူကြသည် ...
တော့ပိုကီကို ရှုးရှုးရှဲရှဲ စားနေတဲ့ Taehyung ဆီ Jungkook အရောက်လာခဲ့ပြီး
"hyung တော့ပိုကီတွေစားနေဒါလား "
ပလုပ်ပလောင်းဝါးပြီး အင်း လို့ပြန်ဖြေသည်
"စပ်ဒါကိုကွာ ဗိုက်နာလိမ့်မယ် အစပ်စားနိုင်ဒါလည်းမဟုတ်ဘဲနဲ့ ရော့ ပဲခေါက်ဆွဲစားလိုက် "
သူ့ခေါက်ဆွဲကို ပေးလိုက်ပေမဲ့
"ငါက တော့ပိုကီ ဘဲစားချင်ဒါကို"
မကျေနပ်တဲ့အကြည့်တွေနဲ့ ကြည့်ပြီးပြောနေသည် ...
"အဲ့ဆိုပေး ရေဆေးပေးမယ် "
အမှန်တော့ Taehyung ကစပ်နေပေမဲ့ ရေဆေးဖို့ပျင်းဒါပါ ဂရုစိုက်ပေးမဲ့ကောင်လေးရှိတော့ ပိုတောင်ပျင်းသေး ...
Taehyung ဆီက တော့ပိုကီနဲ့ ရေဘူးတစ်ခုယူလိုက်ပြီး တစ်ခုချင်းစီရေဆေးပေးနေသည် ...
ပထမဆုံးတစ်ခုဆေးပြီးပြီးချင်း Taehyung ကိုခွံကျွေးလိုက်သည် ... Taehyung ကလည်း လက်ကိုပေါက်တွေကြားညှပ်ပြီး ပလုပ်ပလောင်းဝါးရင်း လှုပ်စိလှုပ်စိလုပ်နေသည်
"Jungkook!"
ဘေးမှာထိုင်နေတဲ့ Jhope က ရှေ့က Camera ကိုမြင်ပြီး မျက်လုံးနဲ့လှမ်းအသိပေးလိုက်သည် ...
Jungkook လည်း တော့ပိုကီတွေကိုရေဆေးရင်း Camera ကိုကြည့်ပြီး
"မင်္ဂလာပါ ယောတော်ဘွန်း ကျနော်က Taehyunggi ကိုအရမ်းချစ်တဲ့သူ့ကောင်လေးပါ ယောတော်ဘွန်းတို့သိပါလိမ့်မယ် ... Taehyung hyung ကအရမ်းပျင်းပါတယ် အဲ့ကြောင့် ကျနော်က အကုန်လိုက်ဂရုစိုက်ပေးရတယ် ... ယောတော်ဘွန်းတို့အမြင်မှာ ကျနော်ကဂရုမစိုက်သလိုရှိပေမဲ့ ကျနော်ကအရမ်းချစ်တက်တဲ့သူပါ ဟုတ်တယ်မလား hyung"
Taehyung ကိုကြည့်ပြီးမေးလာတော့ ဝါးနေတဲ့တော့ပို့ကီရှိနေတော့ ပါစပ်နဲ့မဖြေအားဘဲ လက်မထောင်ပြလိုက်သည်
"ဒီ video ကို ကုမ္ပဏီကဖျက်ပစ်မှာမို့ ယောတော်ဘွန်းတို့မြင်ရမှာတော့ မဟုတ်ပါဘူး 👏"
သူလက်ခုတ်တွေပါတီးပြလိုက်သည်
members တွေကတော့ သူ့စကားကို ရီနေကြသည် ...
"ယော်တော်ဘွန်း မပူနဲ့ တစ်နေ့ကျရင် ကုမ္ပဏီကိုဝယ်ပစ်ပြီး အားလုံးပြန်တင်ပေးမယ် "
Taehyung ကပြန်ပြောလာတယ်
အဲ့ချိန်ကိုစောင့်ကြဒါပေါ့!!!!
crdpost
#
20.6.2022
YOU ARE READING
REaL LIfE