(နောက် အဲ့နေ့မှာ)
"ပင်ပန်းလိုက်ဒါ"
လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး အိပ်ယာပေါ်ပစ်လှဲပစ်လိုက်သည် ... playlist ထဲရှိတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပြီး မျက်စိကိုမှိတ်ထားပြီးအနားပေးလိုက်သည် ...
ဒါက ခါတိုင်း ခါတိုင်း လုပ်ဖြစ်သည် ... ဒါပေမဲ့ ဒီနေ့တော့အဲ့လိုမဟုတ်ပါ ...
ဖိနပ်ကို တောင်ရောက်မြောက်ရောက် ဖြစ်သလို လျင်လျင် ချွတ်ပစ်ပြီး အိပ်ယာပေါ်ကိုအပြေးလာတော့သည် ...
ခေါင်းရင်းပေါ်ရှိတဲ့ ခရမ်းရောင်သေတ္တာကိုယူလိုက်သည်
"အချစ်ဆုံးလေး နင့်ကိုအသုံးချဖို့အချိန်ရောက်ပြီ"
သေတ္တာကိုဖွင့်လိုက်တဲ့အချိန်မှာ များစွာသော ပိုက်ဆံတွေကိုသူတွေ့မြင်ရတော့ ပြုံးမိသွားသည် ...
သူ အနီးဆုံး ဘဏ်တစ်ခုကိုသွားပြီး ပိုက်ဆံအားလုံးကို သူ့ကဒ်ထဲထည့်ပြီး ဘဏ်ကနေထွက်လာသည် ...
.
.
"ငါ့မှာသူ့ကိုချစ်လိုက်ရဒါ ခုတော့ကွာ ... တောက်စ်... နောက်တစ်ယောက်နဲ့ ငါ့နောက်ကွယ်မှာ ဖောက်ပြန်ရတယ်ပေါ့ ... ဟင့် ... ငါကဘဲ အမ်းပြီး ငါကဘဲ လအဖြစ်နေဒါ ... အချစ်ဆိုဒါက ခါးလိုက်ဒါ ... အရက်ဘဲချိုတယ် ဟဟဟားး "
အရက်ကိုမေါ့သောက်လိုက်ရင်း သေမလိုရှင်မလို ဖြစ်နေတဲ့ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့် မျက်ရည်တွေကျလျက်ပင် ... မူးနေဒါကြောင့်လား မျက်ရည်တွေကြောင့်လားတော့မသိ ကားမောင်းနေရင်းနဲ့ဘဲ သူရှေ့က ဆိုင်ကယ်ဟာ လေးစီးငါးစီး ထပ်နေသလိုပင် ...
"တောက်စ် ရှေ့ကဆိုင်ကယ်ကဘယ်လိုမောင်းနေဒါတုန်းး လမ်းအပြည့်ပင်မောင်းနေဒါလားး "
မျက်လုံးတွေကိုပွတ်ရင်း ထပ်ကြည့်လိုက်သည်
ဒါပေမဲ့သူဟာ မူးနေခဲ့ဒါမို့ ခြေတောက်တွေဟာတည်ငိမ်မနေပါ ...
.
.
အပြုံးတစ်ပွင့်နှင့် ဆိုင်ကယ်ကိုသီချင်းတွေသည်းရင်း ပုံမှန်လေးမောင်းလာသည် ...
YOU ARE READING
REaL LIfE