ပုံရိပ်ယောင်

128 12 0
                                    

ဒီနေ့အိပ်ယာနိုးလာတော့ တစ်ခုခုကိုဝမ်းနည်းနေတဲ့ခံစားချက်ကြီး ။

အိပ်မက်ရှည်တစ်ခုကနေနိုးထလာသလိုပင်

မှန်ရှေ့ကပေါ်နေတဲ့ ကိုယ့်ပုံကိုမြင်တော့ လန့်သွားသည် ..

"ဟေ ငါ့မျက်လုံးတွေဖောင်းနေပါလား ငါငိုထားဒါလား ... အိပ်မက်ထဲမှာငိုထားဒါထင်ပါရဲ့ ... အော် အဲ့ကြောင့်မလို့ ထလာတော့ဝမ်းနည်းနေဒါဖြစ်မယ် ..."

အလုပ်သွားဖို့ပြင်ဆင်ပြီး တော့ နာရီကြည့်ဖို့ဖုန်းကိုကောက်ဖွင့်လိုက်သည် ...

အမဲရောင် မျက်နှာပြင်ကြီး တစ်ခုအပြင် ဘာမှရှိမနေပါ ...

"အယ် ငါယောင်းပုံထည့်ထားပါတယ် ဘာလို့ .... "

Wallpaper ပြန်ထည့်ရန် Album ထဲကိုဝင်ကြည့်ပေမဲ့ ယောင်းပုံတစ်ပုံမှရှိမနေပါ ... ရင်ထဲဒိန်းခနဲ

ယောင်း

"ငါများမှားဖျတ်မိသွားဒါလား.... ကိစ္စမရှိပါဘူး ပြန်ဒေါင်းမှာပေါ့"

Pinterest ထဲဝင်ပြီး Taehyung ဆိုပြီး သူရိုက်ထည့်လိုက်သည် .....

? ? ?

ဘာပုံတစ်ပုံမှပေါ်မလာဘဲ စာလုံးပေါင်းပြန်စစ်ရန် သူပြောလာသည် ...

"အယ် ဘာဖြစ်ဒါလဲ "

Kim Taehyung

ဆိုပြီး နာမည်အပြည့်အစုံကို ထပ်ရိုက်လိုက်သည် ... ဒါပေမဲ့ ဘားမှပေါ်မလာပါ ...

တစ်ချက်တွေဝေသွားပြီး

BTS V ဆိုပြီးရိုက်ချလိုက်တဲ့အချိန်မှာတော့ ပုံတွေအများကြီးပေါ်လာခဲ့သည် .. ဒါပေမဲ့ ယောင်းပုံတစ်ပုံမှမပါဘဲ members တွေရဲ့ပုံသက်သက်သာ ....

"ငါ့ဖုန်းများကြောင်သွားဒါလား"

IG ကိုသွားပြီး thv လို့ရိုက်ရှာကြည့်တော့လည်း ဘားမှပေါ်မလာခဲ့ပါ ...စိုးရိမ်စိတ်လေးပေါ်လာသည်  ..

စိတ်ထဲပေါ်လာတဲ့အတွေးတစ်ခု ...  လက်ယောင်ပြီး
Google မျက်နှာပြင်ပေါ်မှာ BTS ဆိုပြီးရိုက်ကြည့်မိတဲ့အခါမှာတော့ ... ယောင်းသာလျင်ပျောက်နေပြီး သခြားmembers  ၆ယောက်ကရှိနေသည် ...

REaL LIfE Where stories live. Discover now