ညစ်ငြူးခြင်း

1.5K 42 1
                                    

လေထန်၍ ရာသီဥတု အုံ့မှိုင်းသောနေ့ဖြစ်သည်။ ကျန်းလီသည် အင်္ကျီကိုရှေ့သို့ဆွဲစိလိုက်ပြီး လမ်းမထက်က တက်စီတစ်စီးကိုတားကာဆေးရုံသို့သွားလိုက်သည်။
ဒီနေ့က နင့်ရှီးယွမ်၏ မွေးနေ့ဖြစ်သည်။ သူ သူ့ သူငယ်ချင်းတွေနဲ့တွေ့ဆုံကာစားသောက်ပွဲကျင်းပပြီး သူ့ကိုတော့(ကျန်းလီ) မရှာလောက်ဘူးမဟုတ်လား။ ကျန်းလီသည် အခုမှ စိတ်သက်သာရာရသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ တက်စီ ဒရိုင်ဘာက သူ့ကို ဆေးရုံဂိတ်ပေါက်ရှေ့တွင်ကားရပ်ပေးလိုက်သည်။ ကျန်းလီသည် ကျေးဇူးတင်စကားပြောပြီး ကျသင့်ငွေကိုပေးလိုက်သည်။
သူအမေက ကျန်းလီ စီနီယာအထက်တန်း second semester လောက်တွင် စတင်နေမကောင်းဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကျန်းလီ ကောလိပ်ဝင်ခွင့်ရရန် ကြိုးပမ်းနေရသောကာလဖြစ်ပြီး သူ့အမေ၏ ဆေးရုံစရိတိများက သူတို့မိသားစု၏ အကြီးမားဆုံးငွေယိုပေါက်ဖြစ်ခဲ့သည်။ ကျန်းလီ ကျောင်းထွက်ကာ ဆေးရုံစရိတ်ရှာရန်ပင် စဉ်းစားခဲ့သည်။ မကြာမီပင် နင် မိသားစုမှ သူ၏ အတန်းတွင်းထူးချွန်မှုများကို သတိပြုမိခဲ့ပြီး သူ့အမေ၏ ဆေးရုံစရိတ်များကို ထောက်ပံ့ပေးခဲ့သည်။
အသွားရှိရင်အပြန်ရှိမယ် ဟူသောဆိုရိုးစကားအတိုင်းပင် နင်သခင်ကြီးက သူ့ကို နင်ရှီးယွမ် ၏ အသုံးချခံဖြစ်စေခဲ့သည်။
နင်ရှီးယွမ်က သူနဲ့ အတန်းအတူတူပင်ဖြစ်သော်လည်း သူတို့ခင်မင်ခဲ့ခြင်းမရှိကြပေ။ နင်ရှီယွမ်ဟူသော အမည်ကိုကြားလိုက်ရုံမျှဖြင့် နူးညံ့နွေးထွေးခြင်းကို ခံစားရစေပြီး စင်စစ်လူကိုယ်တိုင်မှာမူ ခြားနားဆန့်ကျင်ဖက်ပင်ဖြစ်သည်။ စာပေတွင်သာမက အခြားသောကိစ္စရပ်များတွင်ပါ ကျွမ်းကျင်သူ နင်ရှီးယွမ်ပင်ဖြစ်ပေသည်။

ကျန်းလီသည်ဆေးရုံအောက်ထပ်ရှိဆိုင်တန်းမှ သစ်သီးတစ်ချို့ဝယ်လိုက်ပြီး အပေါ်သို့ တက်လာခဲ့သည်။ ဆေးရုံ၏ ကော်ရစ်ဒါများတွင် ပိုးသတ်ဆေးနံ့များဖြင့် ပြည့်နှက်နေပေသည်။ အဝေးမှ ခပ်သဲ့သဲ့ပျံ့လွင့်လာသော ငိုရှိုက်သံကြောင့် ကျန်းလီ ၏မျက်ဝန်းတို့မှိုင်းမှုန်သွားခဲ့ရသည်။ သူသည် မိမစုံဖမစုံကြီးပြင်းခဲ့ရသူဖြစ်ပြီး သူ့မိခင်သည်သာ သူ၏တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။

Attack and occupyWhere stories live. Discover now