ချန်းလီ၏ နှုတ်ခမ်းများမှာခြောက်သွေ့နေခဲ့ပြီး ကိုယ်အပူရှိန်များမှာလည်း တငွေ့ငွေ့တိုးလာခဲ့သည်။ နင်ရှီးယွမ်သူ့အပေါ်ဘယ်လိုသဘောထားသည်ဆိုတာ ချန်းလီသိပြီးသားပင်ဖြစ်သည်။ ဒါပေမဲ့ အခုကဲ့သို့ အခြားသူထံတွင် သူ့အပေါ်သဘောထားပုံကိုပြောဆိုမှုသည် နှလုံးသားကို ဓါးထက်ထက်ဖြင့် ခွဲနေသကဲ့သို့ ခံစားရလေသည်။
ချန်လီသည်အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ သူ၏ခြေထောက်များခွေယိုင်ကျသွားပြီး မလဲအောင်ကုတင်ပေါ်လက်တင်ကာထောက်ထားလိုက်ရသည်။
သူသည် အမြဲတမ်း နာမည်ပျက်မရှိအောင်နေခဲ့သည်။ ဆင်းရဲသောမိသားစုတွင်မွေးဖွါးခဲ့ရသော်လည်း သူ၏ကြိုးစားမှုကြောင့် ကျောင်းစရိတ်များလွတ်ငြိမ်းခွင့်ရခဲ့သည်။ ဘွဲ့ရပြီးပါက သင့်တင့်သောအလုပ်တစ်ခုခုကို လုပ်ကိုင်ပြီး ဝင်ငွေရှာကာ မိသားစုကို ထောက်ပံ့နိုင်ရန် စိတ်ကူးယဉ်ခဲ့သည်။ သူ၏ တစ်ခုတည်းသောမျှော်မှန်းချက်မှာ သူ့မိခင်ကို မပူမပင်ထားရှိပြီး ပျော်ရွှင်စွာနေထိုင်ရန်ပင်ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဘုရားကသူ့ကို့ ဟာသတစ်ခုလိုပင်လှည့်စားကာ မျှော်လင့်ချက်များအားလုံးပျက်စီးစေခဲ့သည်။
သူငွေလိုခဲ့သည်။ အမှန်တကယ်ပင်ငွေလိုခဲ့သည်။ သို့သော် နင်ရှီးယွမ်ပြောသလို အပျက်ကောင်တစ်ယောက်မဟုတ်ခဲ့ပါ။
ချန်းလီသည်ရေချိုးခန်းသို့ လျှောက်သွားခဲ့ပြီး တစ်ကိုယ်လုံးရေချိုးသန့်စင်လိုက်သည်။ ရေချိုးပြီး ထွက်လာတော့ ၉ နာရီထိုးနေပြီဖြစ်သည်။ ပထမစာသင်ချိန်တော့မှီနိုင်တော့မည်မဟုတ်ပေ။ သို့သော် ဒုတိယစာသင်ချိန်ကိုတော့ သူမှီအောင်သွားရမည်ဖြစ်သည်။ အရင်ကတော့သူသည် အချိန်လေးစားပြီး ကျောင်းတက်မှန်သောစံပြကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ အခုတော့ အတန်းမှီအောင်ပင် မနည်းသွားနေရသည်။
သို့သော် ဆရာများကလည်း သူ့မိသားစုအခြေအနေကိုမားလည်းပေးပြီး ငြိုငြင်ခြင်းမပြုကြပေ။ အနည်းဆုံးတော့ သူ၏စာပေအဆင့်သတ်မှတ်ချက်များမှာ ထိပ်တန်းအဆင့်ဖြစ်နေဆဲပင်ဖြစ်သည်။
နင်ရှီးယွမ်နေသော ဗီလာဝန်းတွင် taxi မရှိသောကြောင့် အနီးဆုံးကားမှတ်တိုင်သို့လျှောက်သွားလိုက်ပြီး bus ကားစောင့်နေလိုက်သည်။
ချန်းလီသည် ကျောင်းအနီးဆိုင်မှ ဖက်ထုပ်ပြုတ်တစ်ပွဲမှာစားလိုက်သည်။ သူ၏ခြောက်သွေ့နေသော နူတ်ခမ်းကို ဖက်ထုပ်အရည်ဖြင့်စိုစွတ်စေလိုက်သည်။
အတန်းထဲရောက်တော့ စာသင်နေပြီဖြစ်ရာ ချန်းလီသည်သူ၏အာရုံအလုံးစုံကို သင်ကြားမှုအပေါ်အလုံးစုံမြှပ်နှံလိုက်သည်။ ဒီလိုအချိန်လေးက သူ့ဘဝရဲ့ တန်ဖိုးရှိသော အချိန်လေးများပင်ဖြစ်သည်။
အတန်းပြီးတော့ ရှားလု က ချန်းလီဆီလျှောက်လာရင်း
"ချန်းလီ"
"မနေ့က နင်ရှီးယွမ် နင့်ကို အနိုင်ကျင့်သေးလား။ အဲ့ကောင်နဲ့ ငါ့ဝမ်းကွဲ နဲ့က သူငယ်ချင်းတွေ။ သူတို့တစ်အုပ်စုလုံး လူဆိုးတွေချည်းပဲ။ သူနဲ့ဝေးဝေးနေနော်"
တကယ်တမ်းတော့ ရှားလု နှင့်ရှချွန်းမှာ သွေးသားတော်စပ်ခြင်းမရှိကြပေ။ ရှချွန်း၏ မိဘများမှာ သူငယ်စဉ်ကပင် ဆုံးပါးသွားခဲ့ကြပြီး အားကိုးလောက်စရာ ဆွေမျိုးသားချင်းလည်းမရှိခဲ့ပေ။ နောက်တော့ ရှချွန်းကိုကြည့်ရှုစောင့်ရှောက်ရန် တာဝန်မှာ ရှချွန်းဖခင်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သော ရှားချူရန်၏တာဝန်ဖြစ်လာခဲ့သည်။T/N- ရှချွန်း ကိုမှတ်မိကြလားနော်။ အပိုင်း ၂ မှာပြန်ကြည့်လို့ရပါတယ်
ရှားချူရန်မှာ ၃၂ နှစ်ခန့်သာရှိသေးသောလူငယ်တစ်ဦးဖြစ်သည်။ လူအများရှေ့တွင်တော့ ရှချွန်းက သူ့ကို ဦးလေးဟုသာခေါ်လေ့ရှိသည်။
တစ်ခါတော့ ရှချွန်းတစ်ယောက် ကော်ဖီခွက်ထဲကို ငရုတ်ကောင်းမှုန့်များ ထည့်နေခဲ့သည် ရှားလုတွေ့လိုက်သည်။ ထိုကော်ဖီခွက်မှာ ရှားချူရန်၏ အမျိုးသမီးသူငယ်ချင်းတစ်ယောက်အတွက် ဖြစ်ကြောင်းရှားလု သိလိုက်ရသည်။
ရှချွန်း မှာ စကားအနည်းငယ်သာပြောပြီး ပုံမှန်လူငယ်တစ်ယောက်လိုပင် ပြုမှုနေထိုင်သောကြောင့် ရှားလုနှင့်တော့ သိပ်ပြီး အဆက်အဆံမရှိကြပေ။
ချန်းလီသည် သူနှင့် နင်ရှီးယွမ်ကြားက ဆက်ဆံရေးကို အခြားသူများ သတိပြုမိမှာကို အလွန်ပင်စိုးရိမ်မိလေသည်။ သူက တည်ငြိမ်အောင် ကြိုးစားပြီးပြောလိုက်သည်။
"ဘာမှမလုပ်ပါဘူး။ ဒီအတိုင်းကိစ္စရှိလို့လာတာသက်သက်ပဲ"
"တော်သေးတာပေါ့"
ရှားလုက သက်ပြင်းချရင်းပြောလိုက်သည်။
နေ့လည်ကျောင်းနားချိန်ဖြစ်သောကြောင့် စာသင်ခန်းထဲမှ ကျောင်းသားများ အလျှိုအလျှိုထွက်သွားကြပြီဖြစ်သည်။
ချန်းလီလည်း စားပွဲပေါ်မှ မှတ်စုစာအုပ်ကိုယူလိုက်ပြီး ထွက်သွားရန်ပြင်လိုက်စဉ် ပါမောက္ခဟန်ချန်ကို တံခါးဝမှာတွေ့လိုက်ရသည်။
"ကိုယ်သာမင်းဆီကိုမလာဘူးဆိုရင် မင်းဘယ်အချိန်ထိ ကိုယ် message တွေကို လျစ်လျူရှူထားမှာလဲ"
ပါမောက္ခဟန်ချန်က ချန်းလီဆီ တည့်တည့်လျှောက်လာရင်းမေးလိုက်သည်။
CZYTASZ
Attack and occupy
RomansHello Ding Ding ပါနော်။ Ding ရဲ့ ပထမဆုံးဘာသာပြန်တာလေးမို့ လွဲချော်မှုရှိရင် နားလည်ပေးပါနော်။ လိုအပ်တာလေးတွေလည်းထောက်ပြပေးနိုင်ပါတယ်။ ဒါလေးက Chinese ကနေပြန်ထားတာမဟုတ်ဘဲ English ကနေပြန်ထားတာပါရှင်။ ခွင့်ပြုချက်တောင်းထားပေးမဲ့ reply တော့မရသေးပါဘူး။ တခြ...