ချန်းလီသည် တစ်ဖက်သို့လှည့်လိုက်ပြီး လက်များဖြင့်မျက်နှာကိုကာလိုက်သည်။ လက်ချောင်းများကြားမှဖြာကျလာသော အလင်းရောင်များကိုငေးကြည့်ရင်း တစ်ဖက်လူ၏ ရမက်နွံထဲသို့သက်ဆင်းခဲ့ရပြန်ပေသည်။
——
မနေ့ညက နင်ရှီယွမ်၏ အနိုင်ကျင့်မှုများမှာ ချန်းလီ၏ အတွေးထဲ ပြန်လည်မြင်ယောင်လာခဲ့သည်။
သူတတ်နိုင်သမျှ ထိုလူ၏လက်မှလွတ်မြောက်အောင်ကြိုးပမ်းခဲ့သမျှသည်လည်း အလဟသဖြစ်ခဲ့ရပြီး ချန်းလီ၏နှလုံးသားတွင်လည်း နာကျည်းအရှက်ရမှုများသာ ပို၍စွန်းထင်းခဲ့ရပေတော့သည်။
မနေ့ညကသူသာ နင်ရှီးယွမ်၏ အလိုဆန္ဒကို မလိုက်လျောခဲ့ပါက တစ်ဖက်လူကသူ့ကို လုံးဝလွတ်ပေးမည်မဟုတ်ပေ။ သူ့မှာ အတန်းတက်စရာတွေကရှိသေးသည်။ ပြီးတော့ သူ့မှာတစ်ဖက်လူကိုငြင်းဆန်နိုင်လောက်တဲ့ အင်အားမှ မရှိတာလေ။
" ငါ့စိတ်ကိုလာမဆွနဲ့။ မဟုတ်ရင် အကျိုးဆက်တွေမင်းပဲခံစားရမယ်" နင်ရှီးယွမ်က ဆရာဝန်၏ညွှန်ကြားချက်ကိုပြန်သတိရသွားပြီး
" မင်း အခုတလော ပိုပို ပိန်လာသလိုပဲ။ တကယ်တော့ငါလည်း မင်းကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံချင်ပါဘူး။ မနက်ဖြန် အန်တီလီကို မင်းအတွက်စွပ်ပြုတ်လုပ်ခိုင်းလိုက်မယ်။ ကျန်းမားရေးလည်းကရုစိုက်ဦး"
ချန်းလီ၏မျက်နှာမှာ နီရဲနေခဲ့ပြီး မျက်ဝန်းထောင့်မှာမျက်ရည်စလေးများဖြစ့် စိုစွတ်နေခဲ့သည်။
" နောက်ဆို ပြသနာမရှာနဲ့တော့"
".."
" ငါပြောတာကြားလား"
ချန်းလီသည် နင်ရှီယွမ်ကို စက္ကန့်များစွာကြာသည်အထိ ငေးကြည့်ပြီးပြန်ဖြေလိုက်သည်။
" ငါ ကြားပါတယ်"
"ကောင်းတယ်။ ဒီမနက်မင်းဘာလုပ်ဖို့ရှိလဲ"
ချန်းလီသည် နင်ရှီးယွမ်၏အမေးကိုမဖြေပဲ မျကနှာလွဲလိုက်ကာ အောက်တွင့် ပြန့်ကြဲနေသော နင်ရှီးယွမ်၏ အဝတိများကိုကြည့််နေလိုက်သည်။
ချန်းလီသည်မသိစိတ်၏စေ့ဆော်မှုကြောင့် သူ၏ခန္ဓာကိုယ်ကို စောင်ဖြင့်ဖုံးကွယ်ထားလိုသော်လည်း နင်ရှီးယွမ်က သူ၏လက်များကို အလွတ်မပေးသောကြောင့် ငြိမ်သက်စွာ လှဲနေလိုက်သည်။
နင်ရှီးယွမ်သည် မထင်လျှင် မထင်သလိုဆော့ကစားတတ်သည်ဖြစ်ရာ ချန်းလီ၏ ခန္ဓာကိုယ်မှာ သတိအနေအထားဖြင့်တောင့်တောင့်ကြီးဖြစ်နေလေသည်။
နင်ရှီးယွမ်သည် အိပ်ရာမှထလိုက်ပြီး ကုတင်ဘေးရှိ အံဆွဲမှာ စန္ဒကူးသားဘူးလေးကိုယူလိုက်ပြီး ချန်းလီကျုပြောလိုက်သည်။
" မင်းကို အပြစ်ပေးတာတွေ လျှော့လိမ့်မယ်မထင်နဲ့"
နင်ရှီးယွမ်က ချန်းလီ၏ ဗိုက်ပြားကက်ကပ်လေးတွေ ပုတ်လိုက်ပြီး ကျီစယ်လိုဟန်ဖြင့်ပြောလိုက်သည်။
"ဒါနဲ့ ငါမင်းအထဲမှာ ပြီးခဲ့တာဆိုတော့ မင်းကိုယ်ဝန်ရသွားမှာလား။"
ချန်းလီ၏ မျက်နှာမှာ ချက်ခြင်းသွေးဆုတ်သွားပြီး
" ငါကယောက်ကျားတစ်ယောက်လေ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းလိုချင်တယ်ဆို အခြားမိန်းမတစ်ယောက်ရှာလိုက်"
နင်ရှီးယွမ်က ပြုံးလိုက်ရင်း
" ငါက ဘာမဟုတ်တဲ့သူနဲ့ ကလေးယူစရာလား"
"...."
ချန်းလီသည် ခဏမျှတုံ့ဆိုင်းသွားခဲ့သည်။
နင်ရှီးယွမ်ရဲ့ မျက်လုံးထဲမှာတော့ သူကဘာမှဟုတ်တဲ့ အိပ်ရာဖော်သာဖြစ်သည်။
ဒီဇာတ်လမ်းအစကို သူမှတ်မိပါသေးသည်။ ထိူစဉ်က သူသည်နင်ရှီးယွမ်ကို ကျောင်းသင်ခန်းစာများ အားကြိုးမာန်တက်ရှင်းပြနေခဲ့သော်လည်း တစ်ဖက်လူက သူ့ကိုလှောင်ပြောင်သောမျက်နှာပေးဖြင့်ကြည့်လေ့ရှိသည်။
နင်သခင်ကြီး၏ ဖိအားပေးမှုကြောင့်သာမဟုတ်ရင် သူ့အနေနဲ့ နင်ရှီးယွမ်နဲ့ ပတ်သက်မိမှာမဟုတ်ပေ။
မကြာမီပင် နင်ရှီးယွမ်က သူ့ကို နားမလည်သောစာများရှင်းပြပေးရန် သူ့ရုပ်ရှင်အခန်းထဲသို့ခေါ်ခဲ့သည်။ ထိုစဉ်က သူသည် လူတွေ၏ ဖုံးကွယ်ထားတတ်သော ညစ်ပေသည့်စိတ်ဆန္ဒများကို မမြင်တွေ့နိုင်ခဲ့ပေ။
တစ်ကယ်တော့ နင်ရှီးယွမ်သည် gay porn တစ်ခုကိုမထင်မှတ်ဘဲ ကြည့်မိသွားခဲ့ပြီးနောက် လက်တည့်စမ်းရန်သူ့အားအသုံးချခဲ့ခြင်းဖြစ်သည်။
ထိုအခန်းထဲတွင် စာလေ့လာရန် စာအုပ်လည်းရှိမနေခဲ့သည်အပြင် သင်ခန်းစာနှင့် ပတ်သတ်သည့် ဘာဆိုဘာမှ ရှိမနေခဲ့ချေ။
တစ်ကယ်တော့ နင်ရှီးယွမ်က သူ့ကို ပြည့်တန်ဆာသဖွယ် သဘောထားခဲ့ခြင်းသာဖြစ်ခဲ့သည်။ အခကြေးငွေပေးထားတဲ့ ဘယ်သူမှ မထိရသေးတဲ့ ပြည့်တန်ဆာအသစ် တစ်ယောက်အဖြစ်လေ။
သူ နင်ရှီးယွမ်ရဲ့ အကြံအစည်ကို သတိထားမိပြီး အခန်းထဲမှထွက်သွားရန်ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်လေသည်။
နောက်ဆုံးတွင်တော့ တစ်ဖက်လူ၏ အင်အားကိုမယှဉ်နိုင်တဲ့အဆုံး သူ့လက်အောက်တွင် သူပြုသမျှနုခဲ့ရပြီး သူ့ရဲ့စင်ကြယ်မှုတို့ စွန်းထင်းခဲ့ရသည်။အဲ့ဒီနောက်တော့ နင်ရှီယွမ်က သူ့ကို ကျောင်းမှ ခွင့်တစ်ပတ်ယူစေခဲ့ပြီး သူ၏ စိတ်ဆန္ဒများကို ဖြည့်စွမ်းစေခဲ့လေသည်။
အမှောင်ထဲတွင် ပြတင်းအပြင်ဖက်မှ မြူလေးများရစ်ဆိုင်းနေကြသည်။ အစောနက နင်ရှီးယွမ်ပြောလိုက်သောစကားများက သူ့စိတ်ကို ပြန်သတိပေးလိုက်သလိုပင်။
သူသာ မိန်းမတစ်ယောက်လို ကိုယ်ဝန်ဆောင်နိုင်တာကို နင်ရှီးယွမ်သာ သိသွားပါက အနာဂတ်တွင် မည်သို့ပြုမူမည်ကို တွေးရင်း သက်ပြင်းများသာ ချနေခဲ့တော့သည်။
ESTÁS LEYENDO
Attack and occupy
RomanceHello Ding Ding ပါနော်။ Ding ရဲ့ ပထမဆုံးဘာသာပြန်တာလေးမို့ လွဲချော်မှုရှိရင် နားလည်ပေးပါနော်။ လိုအပ်တာလေးတွေလည်းထောက်ပြပေးနိုင်ပါတယ်။ ဒါလေးက Chinese ကနေပြန်ထားတာမဟုတ်ဘဲ English ကနေပြန်ထားတာပါရှင်။ ခွင့်ပြုချက်တောင်းထားပေးမဲ့ reply တော့မရသေးပါဘူး။ တခြ...