ဒီနေ့က တနင်္ဂနွေနေ့ဖြစ်သည်။ အခြားအခန်းမှသူများသည် အပြင်သို့သွားကြပြီး ပြန်မလာကြသေးပေ။ ကျန်းလီသည် ယာဂုထုပ်ကို စားပွဲပေါ်တင်လိုက်ရင်း သက်ပြင်းချလိုက်သည်။
နင်ရှီးယွမ်သည် သူ့ထံသို့လျှောက်လာခဲ့ပြီး စားပွဲဖက်သို့ သူ့ကို တွန်းလိုက်သည်။ နင်ရှီးယွမ်၏ သန်မာသောလက်များက သူ့လည်ပင်းကို ဖမ်းဆုပ်လာပြီး ဒေါသတကြီးပြောလိုက်သည်။
" မင်းက အံ့ဩစရာပဲ.. ကောင်မလေးတွေနဲ့ ချိတ်ဖို့တောင် လုပ်နေပြီပေါ့"
နင်ရှီးယွမ်၏ ပြောစကားကြောင့် ကျန်းလီသည် ဟာသတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။
သူနဲ့ နင်ရှီးယွမ်ရဲ့ ဆက်ဆံရေးကဘာလဲ။ ဘာလို့သူ့ကို ပိုင်သလို ဆိုင်သလိုလာပြောနေရတာလဲ။
" ငါက မင်းပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး" ကျန်းလီကပြောလိုက်သည်။
" ဟား.. မင်းပြောကြည့်လေ.. မင်းက ငါ့အောက်ကခံနေတဲ့ကောင်ဆိုတာ သူ (မ) သိရင် မင်းကိုကြိုက်ဦးမလား"
"..."
ကျန်းလီ မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် နီရဲလာခဲ့သည်။
အတိတ်ကသူသည်လည်း ချစ်စဖွယ်ကောင်းသော အမျိုးသမီးလေးတစ်ယောက်နှင့် အတူရှိရမည့် အနာဂတ်ကို စိတ်ကူးယဉ်ပုံဖော်ခဲ့ဖူးသည်။
အခုတော့ ထို စိတ်ကူးယဉ်မျှော်လင့်ခဲ့သမျှသည် သူ့အတွက်တော့ ဖြစ်မလာနိုင်ခဲ့တော့သော မျှော်လင့်ချက်များသာဖြစ်ခဲ့ရသည်။ နင်ရှီးယွမ်၏ ထိုစကားများသည် သူ၏ သည်းခံနိုင်မှုကို လာရောက်ထိုးနှက်နေကြပေသည်။
သူသည်လည်း ယောက်ကျားတစ်ယောက်ဖြစ်သည်။ သူ၏ ယောက်ကျားမာန၊ သိက္ခာနှင့် မိမိကိုယ်ကိုလေးစားမှုတို့သည် ထိုလူ၏ အနိုင်ကျင့်စော်ကားမှုများကြောင့် ပျက်သုဉ်းခဲ့ရပြီမဟုတ်ပါလော။
ကျန်းလီ၏ တိတ်ဆိတ်သွားမှုကြောင့် နင်ရှီယွမ်သည်သူ၏စကားများကို တစ်ဖက်လူအပေါ် သက်ရောက်မှုရှိကြောင်းရိပ်မိလိုက်သည်။
" ဖြန်း"
ရုတ်တရတ်ကျန်းလီသည် ရှိသမျှအားနှင့် နင်ရှီယွမ်၏မျက်နှာကို ရိုက်ချလိုက်သည်။ နင်ရှီးယွမ်၏ မျက်နှာမှာ ကျန်းလီ၏ ရိုက်ချက်ကြောင့် နီရဲသွားလေသည်။ နင်ရှီးယွမ်သည် အံ့အားသင့်သွားပြီး ဒေါသတကြီးကျန်းလီ၏ မျက်နှာနှင့် ဝမ်းဗိုက်ကို အချက်ပေါင်းများစွာထိုးလေရာ ကျန်းလီ၏ နူတ်ခမ်းမှ နီရဲသောသွေးများပင်ထွက်ကျလာခဲ့သည်။ သူ့ကို (နင်ရှီးယွမ်) နာကျင်အောင်မည်သူမျှ မလုပ်ရဲပေ။ အခုကျန်းလီက အတင့်ရဲစွာ သူ့မျက်နှာကိုရိုက်လိုက်သည် မဟုတ်ပါလော။
" ငါ -ီး... မင်းကများ ငါ့ကိုရိုက်ရဲတယ် ဟုတ်လား"
နင်ရှီးယွမ်သည် အချက်ပေါင်းများစွာ ထိုးနှက်နေခဲ့ပြီး ကျန်းလီမှာ ပြန်ခုခံရန်ပင် ခွန်အားများရှိမနေခဲ့တော့ချေ။သူ၏ မျက်လုံးမှာမှာ ပြာဝေလာခဲ့ပြီး အလင်းကိုပင် မမြင်နိုင်တော့ သလိုခံစားလိုက်ရသည်။
" ထစမ်း.. သေချင်ယောင်ဆောင်မနေနဲ့။ ခုနတုန်းကတောင် မိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေခဲ့သေးတာပဲမဟုတ်လား။ ထစမ်း"
" ငါမလုပ်ရဲပါဘူး"
"ဘာမလုပ်ရဲတာလေ။ မင်းကို ဒီနေ့တော့ သေချာဆုံးမ ရမယ်။ မင်းက အပေါစားကောင်ပဲဆိုတာ မှတ်ထား"
" ဒါတွေက မင်းကြောင့်... ငါဘဝ က မင်းကြောင့် ခုလိုတွေဖြစ်ရတာ"
ကျန်းလီ တီးတိုးရေရွတ်လိုက်သည်။ အားနည်းပါတယ်ဆိုတဲ့ ယုန်တောင်မှ ထွက်ပေါက်မရှိရင် ပြန်ကိုက်တတ်သေးတာပဲ မဟုတ်လား။ သူသည် အခြားသူများနှင့် အချင်းများလေ့မရှိသော်လည်း နင်ရှီးယွမ်၏ ဖိအားပေးမှုများကြောင့်သာ ယခုလို အခြေအနေများတွေ့ကြုံရသည်မဟုတ်ပါလော။
အကယ်၍ သူနှင့် နင်ရှီးယွမ်၏ ဆက်ဆံရေးသာပျံ့နှံ့သွားခဲ့ပါက နောက်ဆက်တွဲအရာကို စဉ်းတောင်မစဉ်းစားဝံ့ပါချေ။အခြားသူများက သူ့ကိုကြည့်လာမည့် အကြည့်တွေ ဒါတွေကိုသူလုံးဝ ရင်မဆိုင်ရဲပါပေ။
" အစောကြီးကတည်းက မင်းသာ စဉ်းစားချင့်ချိန်တတ်ရင် ငါမင်းကို ဒီလောက်ထိလုပ်မှာမဟုတ်ဘူး"
KAMU SEDANG MEMBACA
Attack and occupy
RomansaHello Ding Ding ပါနော်။ Ding ရဲ့ ပထမဆုံးဘာသာပြန်တာလေးမို့ လွဲချော်မှုရှိရင် နားလည်ပေးပါနော်။ လိုအပ်တာလေးတွေလည်းထောက်ပြပေးနိုင်ပါတယ်။ ဒါလေးက Chinese ကနေပြန်ထားတာမဟုတ်ဘဲ English ကနေပြန်ထားတာပါရှင်။ ခွင့်ပြုချက်တောင်းထားပေးမဲ့ reply တော့မရသေးပါဘူး။ တခြ...