စိတ်မအေးနိုင်ပါ

153 24 0
                                    

ကျန်းလီသည် အသက်ရှုကြပ်သွားသကဲ့သို့ခံစားလိုက်ရပြီး လက််ဖဝါးမှ ဖန်ကွဲစရှထားသောဒဏ်ရာများမှာလည်း ပိုနာကျင်လာသကဲ့သို့ခံစားလိုက်ရသည်။
ပြတင်းပေါက်မှ ဝင်လာသော အလင်းရောင်ထံသို့သာ ခံစားချက်မဲ့ ငေးကြည့်နေလိုက်သည်။ ဒီနေ့ကနေသာတဲ့နေ့ဖြစ်ပြီး အလင်းရောင်ဖြင့် လွှမ်းခြုံထားကာနွေးထွေးနေသင့်ပါသော်လည်း ကျန်းလီသည် အရိုးထဲမှ အေးစိမ့်မှုများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်နေသကဲ့သို့ ခံစားရလေသည်။
တံခါးပိတ်သံကြမ်းကြမ်းကြားလိုက်ရပြီးနောက် အခန်းထဲမှလေထု အခြေအနေမှာ ပြောင်းလဲသွားလေသည်။
နင်ရှီးယွမ် ထွက်သွားပြီဖြစ်သည်။
ကျန်းလီသည် လှဲနေရာမှ ဖြည်းညှင်းစွာထထိုင်လိုက်ပြီး သူ၏ ဝမ်းဗိုက်ပြားချပ်ချပ်ကို ငုံ့ကြ ည့်လိုက်သည်။
ဘယ်သူက ယုံနိုင်မှာလဲ အခုလိုမျိုး ဗိုက်ပြားကပ်ကပ်လေးထဲမှာ အသက်တစ်ချောင်းရှိနေခဲ့ပြီဆိုတာ။
ကျန်းလီသည် စိတ်မောစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့ဘဝသည် အရင်က စက္ကူဖြူတစ်ချပ်လို ဖြူစင်သန့်ရှင်းခဲ့သော်လည်း ယခုမူ အရောင်များစွာစွန်းထင်းကာ တစ်ဘဝစာ ပြောပြလို့ပင်မရနိုင်သည့် ညစ်ညမ်းမှုများ စွန်းထင်းခဲ့ပြီဖြစ်လေသည်။

———————

အခန်းတံခါးပွင့် လာခဲ့ပြီး ဆရာဝန် ဝင်ရောက်လာခဲ့သည်။
" အခုက လနုသေးတော့ မသိသာသေးဘူး။ ၄ လလောက်ဆိုရင်တော့ လူကြီးမင်းရဲ့ ဝမ်းဗိုက်ကသိသာလာတော့မှာပါ"
ဆရာဝန်သည် အနွေးပေးစက်ကို ကုတင်နံဘေးရှိ စားပွဲပေါ်တွင်တင်ရင်း ကျန်းလီကိုပြောလိုက်သည်။
" ..."
ဆရာဝန်သည် တည်ငြိမ်စွာဖြင့်
"လူကြီးမင်းကျန်း ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်သိချင်ပါတယ်။ ဒီကိုယ်ဝန်နဲ့ပတ်သက်ပြီး အားယွမ်..."
" သူသိစရာမလိုပါဘူး"
ကျန်းလီက ဖြည်းညှင်းစွာပြောလိုက်သည်။
" ကျွန်တော်သူနဲ့ ဒီထက်ပိုပြီး မပတ်သက်ချင်ဘူး"
"..."
ဘိုင်ချန်းယု သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
အစောတုန်းကပင် ကျန်းလီနှင့် နင်ရှီးယွမ်၏ ဆက်ဆံရေးကို သူတွေ့မြင်ခဲ့ပြီဖြစ်ပြီး ကျန်းလီသည် နင်ရှီးယွမ်ကြေ
င့် မကြာခဏဆေးရုံတက်ရသည်ကို သူအသိပင်ဖြစ်သည်။
ပြီးတော့ ကျန်းလီက ကျောင်းသားတစ်ယောက်။ အကယ်၍ နင်ရှီးယွမ်သာ ကိုယ်ဝန်ကိစ္စသိသွားပါက ကျန်းလီကို ကျောင်းထုတ်လိုက်မည်သာဖြစ်သည်။
ကျန်းလီ၏ မျက်နှာမှာ အဖျားကြောင့် မသက်သာဖြစ်နေပြီး လက်ချောင်းများမှာလည်း အားနည်းစွာ ပုံကျလျှက်ရှိသည်။
" ကျွန်တော် ရှေ့တစ်ပတ် စနေလောက်မှာ ခွဲစိတ်လို့ရနိုင်မလား"
" လူကြီးမင်းရဲ့ ခန္ဓာကိုယ်အခြေအနေက ရက်အနည်းငယ် လောက်တော့ အာဟာရပြည့်အောင်ကြိုးစားဖို့လိုပါသေးတယ်"
နင်ရှီးယွမ်နံဘေးမှာ ရှိနေသမျှတော့ ကျန်းလီသည် ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မည်မဟုတ်ပေ။
" ကျွန်တော် မစောင့်နိုင်တော့ဘူး"
အချိန်ကြာလာသည်နှင့်အမျှ သူ့အတွက်ပို၍ အဆင်မပြေဖြစ်လာမည်ပင်ဖြစ်သည်။ ပြီးတော့ သူက မိန်းမတစ်ယောက်လိုမျိုး ကိုယ်ဝန်ဆောင်ပြီးကလေးမွေးဖို့ဆိုတာ တွေးတောင်မတွေးနိုင်ပါပေ။ ပြီးတော့ အခုကလေးက နင်ရှီးယွမ်ရဲ့ ကလေးဖြစ်နေသည်လေ။
" ကောင်းပြီ။ ဒါဆို လူကြီးမင်းကျန်း အမြန်ဆုံးခွဲစိတ်နိုင်ဖို့ ကျွန်တော်စီစဉ်ပေးပါမယ်"
ကျန်းလီက ခေါင်းညိမ့်လိုက်သည်။ သူပင်ပန်းလှပါပြီမဟုတ်ပါလော။
ကျန်းလီ၏ သနားစဖွယ်ပုံစံကိုကြည့်ရင်း ဆရာဝန်က အပူခံ ထမင်းဘူးကိုဖွင့်လိုက်သည်။
" နည်းနည်းဖြစ်ဖြစ် ဝင်အောင်စားပြီး နားလိုက်ပါ"
ယခုမှာ ညစာစားချိန်ပင်ရောက်နေပြီဖြစ်သည်။
ကျန်းလီသည် တစ်နေ့လုံးဘာမှ မစားရသေးပေ။
သူသည် ဟိုတယ်မှ ကျောင်းသို့ စာမေးပွဲဖြေရန် တက္ကစီဖြင့် ထွက်လာခဲ့သည်။ ဒီနောက်တွင်တော့ နင်ရှီးယွမ်၏ အနိုင်ကျင့်မှုကြောင့် ဆေးရုံရောက်ခဲ့ရသည်။ ဘယ်လောက်ပဲ သူကြိုးစားပြီး ကျန်းမာအောင်နေပါစေ အမြဲဒီလိုပင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်က နင်ရှီးယွမ်၏ အနိုင်ကျင့်မှုများကြောင့် အမြဲအားနည်းနေခဲ့တာလေ။
သူစားချင်စိတ်မရှိရင်တောင်မှ အားပြတ်လို့မဖြစ်ပေ။ သူအပတ်စဉ် ပိတ်ရက်တိုင်း သူ့အမေထံသို့ အလည်သွားလေ့ရှိရာ သူရဲ့အားနည်းနေတဲ့ပုံစံကို သူ့အမေတွေ့လို့မဖြစ်ပေ။
" ဆရာ့ကို အလုပ်ရှုပ်စေခဲ့မိပြန်ပါပြီ"
ကျန်းလီက ဆရာဝန်ကို ယဉ်ကျေးစွာပြောလိုက်သည်။
ထမင်းဘူးထဲတွင် အသားဆန်ပြုတ်ဖြစ်ပြီး ကျန်းလီသည် စားချင်စိတ်ကင်းမဲ့လှစွာဖြင့် အနည်းငယ်သာစားလေသည်။
ကျန်းလီစားပြီးသည်နှင့် ဆရာဝန်က ထမင်းဘူးကိုပြန်လည်သိမ်းဆည်းလိုက်ပြီး ထွက်သွားသည်။
ကျန်းလီသည် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး မျက်လုံးများမှိတ်ကာ အိပ်ပျော်ရန်ကြိုစားလိုက်သည်။သို့သော် လည်ချောင်းထဲတွင် တစ်ခုခုတစ်ဆို့နေသကဲ့သို့ခံစားနေရပြီ အိပ်လို့မပျော်နိုင်ခဲ့ပါပေ။
သည်းခံနိုင်မှုအတိုင်းအတာအားလုံးက ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သူ၏ပြိုလဲနေသောပုံစံကို အခြားသူများကိုမတွေ့မြင်စေချင်ပါ။ ဒါ့အပြင် အခြားသူများ၏ သူ့အပေါ်သနားစရာမျက်လုံးများဖြင့်ကြည့်လာကြမည်ကိုလည်း သူမလိုချင်ပါ။
ကျန်းလီသည် နှာခေါင်းထဲတွင် စူးခနဲခံစားလိုက်ရပြီး မျက်လုံးများဖွင့်လိုက်သည်။ အမြင်အာရုံများမှာ ဝေဝါးလျှက်ရှိပြီး မျက်လုံးထဲမှ မျက်ရည်တစ်ချို့ထွက်လာခဲ့ပြီး ခေါင်းအုံးပေါ်သို့ ကျဆင်းသွားခဲ့ကြလေသည်။
ရုတ်တရတ် ကုတင်ဘေးရှိ ဗီရိုပုလေးပေါ်တွင် တင်ထားသော ကျန်းလီ၏ ဖုန်းရုတ်တရတ် တုန်ခါလာလေရာ ကျန်းလီသည် ဖုန်းကို လှမ်းယူလိုက်သည်။
ပါမောက္ခဟန်ချန်သည်သူ့ကို message ပို့လာခဲ့သည်ဖြစ်ပြီး ကျောင်းကူးပြောင်း အစီအစဉ်ကိုငြင်းဆန်ရခြင်းအကြောင်းရင်းအားမေးလာခဲ့ခြင်းဖြစ်သည်။
ပါမောက္ခဟန်ချန်မှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခ
တစ်ဦးဖြစ်လာခဲ့သာဖြစ်ပြီး ကျောင်းသူလေးများ၏ စိတ်ကူးယဉ်အိပ်မက်ထဲက မင်းသားတစ်ပါးဖြစ်သည်။

အတန်း၏ စံမြှင့်သင်ခန်းစာအချိန်မှာ ကြိုတင်စာရင်းပေးထားသူများနှင့် ပြည့်နေပြီဖြစ်ပြီဖြစ်သည်။ ကျန်းလီသည် ကျောင်းကို စောစောသွားရမည်ဖြစ်ပြီး မဟုတ်ပါက နေရာကောင်းရနိုင်တော့မည် မဟုတ်ပေ။
ကျန်းလီ သည် ကျောင်းဖိုရမ်မှသတင်းများကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုပြန်ထားလိုက်သည်။
သူ့ဘဝတွင် သူလိုချင်သော အရာများမှာ လက်လွှတ်ဆုံးရှုံးခဲ့ရသည်ချည်းသာဖြစ်သည်။ သူ့ဘဝသည် သံခြေကျင်းများဖြင့် အချုပ်အနှောင်ခံထားရသည့် လှောင်အိမ်ထဲမှ ဘဝတစ်ခုပင်ဖြစ်လေတော့သည်။

Attack and occupyWhere stories live. Discover now