ကိုယ့်နေရာကိုယ်သိ

244 29 6
                                    

အပြင်ဖက်တွင် တဖြည်းဖြည်းမှောင်လာပြီဖြစ်သည်။ ဆေးသွင်းပြီးသည့်နောက် ချန်လီသည် ဆေးရုံမှ ပြန်ချင် နေပြီဖြစ်သည်။
" သွားတော့မလို့လား"
ဘိုင်ချန်းယု ကမေးလိုက်သည်။
" ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာ"
ချန်လီက ခေါင်းညိတ်ပြလိုက်ရင်းပြန်ဖြေလိုက်သည်။
" ကိစ္စမရှိပါဘူး။ နင်သခင်လေး က ဒေါသကြီးတဲ့သူဆိုတာကျွန်တော်သိပါတယ်။ ရှေ့လျောက်တော့ ခင်ဗျားတို့ အတူအိပ်လို့မရလောက်ဘူး။ ကျွန်တော်ဆိုလိုတာ ခင်ဗျားသိပါတယ်။ ခင်ဗျားရဲ့ခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူး"
ကျန်းလီက ဘာမှပြန်မပြောပေ။ သူတို့ကြားက လေထုကအနည်းငယ် အနေရခက်သွားသည်။
ဘိုင်ချန်းယုက ချန်လီ အတွက်လိုအပ်မည့်ဆေးဝါးများကိုရေးပေးလိုက်ပြီး နေ့စဉ်သောက်ရမည့် ဆေးများကိုပေးလိုက်သည်။
ချန်လီသည်ဆေးများကိုယူလိုက်ပြီး ထွက်ခွါရန်ပြင်လိုက်စဉ် ရုတ်တရတ်မူးဝေသွားခဲ့သည်။
" ချန်လီ"
"..."
ချန်လီသည် မူးဝေနေရာမှ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ပြီး သူ့လက်မောင်းနှစ်ဖက်ကိုရှေ့မှ ဖေးကိုင်တွဲပေးထားသော ဆရာဝန်ကိုကြည့်လိုက်သည်။
" ကြည့်ရတာ လူကြီးမင်း hypoglycemia ( သွေးတွင်းglucose နည်းခြင်း) ကြောင့် မူးတာနေမယ်။ ရှေ့လျှောက်တော့ အာဟာရပြည့်ဝအောင်စားပြီး ကောင်းကောင်းအနားယူပါ"
" ဟုတ်ကဲ့ပါ ဒေါက်တာ"
ချန်လီက ဖြေလိုက်သည်။
ထိုအချိန်တွင် အခန်းထောင့်မှ အေးစက်နေသော အသံတစ်ခုထွက်ပေါ်လာသည်။
" ကြည့်ရတာ။ မင်းတို့ရဲ့အချိန်ကောင်းလေးကို နှောင့်ယှက်မိပြီထင်တယ်"
ချန်လီသည် သူ၏လက်မောင်းများမှ ဘိုင်ချန်းယု၏လက်ကို ဖယ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
" လူကြီးမင်နင် အထင်လွဲနေတာပါ။ အခုက ..."
ဘိုင်ချန်းယုက နင်ရှီးယွမ်ဖက်သိုလှည့်ပြီး အလောတကြီးပြောလိုက်သည်။
" ခင်ဗျားကို စကားပြောခွင့်ပြုထားလား"
နင်ရှီးယွမ်က ဆရာဝန်ကိုစိုက်ကြည့်ပြီးပြောလိုက်သည်။
နင်ရှီးယွမ်သည် ကျန်းလီဆီသို့ တည့်တည့်လျှောက်သွားပြီး ချန်လီ၏မေးစေ့ကိုသူ၏လက်ဖြင့် ဆွဲညစ်ကာပြောလိုက်သည်။
" မင်းပါးစပ်က စကားမပြောနိုင်ဘူးဆိုရင်တော့ တခြားလုပ်နိုင်တာတွေတော့ရှိမှာပေါ့"
ချန်လီသည် နူတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။
သူဘာလုပ်လုပ် နင်ရှီးယွမ်ကို ရှင်းပြဖို့လိုသည်မဟုတ်ပေ။ သူဘယ်သူနဲ့ နီးနီးကပ်ကပ် ရှိခြင်း မရှိခြင်း နင်ရှီးယွမ်နဲ့မဆိုင်ပေ။
ဆရာဝန်သည် ချန်လီဘေးမှ တွန့်ဆုတ်စွာ ခွါလိုက်သည်။ ချန်လီကတော့ ရိပ်မိပုံမရဘဲ လက်ထဲမှ ဆေးအိတ်ကိုသာ တင်းတင်းဆုပ်ထားလိုက်သည်။
" ကောင်းပြီလေ။ မင်းလိုက်ခဲ့"
နင်ရှီယွမ်က ချန်လီ၏ လက်ကိုဆွဲပြီး ထွက်သွားရန်ပြင်လိုက်သည်။
" သခင်လေးနင် လူကြီးမင်းချန်ရဲ့ အခြေအနေက မတည်ငြိမ်သေးပါဘူး။ ခင်ဗျားသူ့ကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမယ်ဆိုရင် ဘယ်သူ့အတွက်မှကောင်းမှာမဟုတ်ဘူး။"
ဘိုင်ချန်းယုက အားတင်းပြီးပြောလိုက်သည်။
" ငါက သူတစ်ခြားကောင်တွေနဲ့ အဆင်ပြေဖို့ ရှောင်ပေးရမှာလား။ သောက်ရေးမပါတာ"
နင်ရှီးယွမ်က အထင်သေးစွာကြည့်ရင်းပြောလိုက်သည်။
နင်ရှီးယွမ်၏ လက်များမှာ အားသန်လှသည်ဖြစ်ရာ ချန်လီ၏ လက်ကောက်ဝတ်မှာ ကျိုးမတတ်ပင်နာကျင်နေပြီဖြစ်သည်။ ချန်လီမှာ နာကျင်မှုကြောင့် ချွေးစေးများပင်ပြန်နေပြီဖြစ်သည်။ သို့သော်လည်း သူသည်စကားတစ်ခွန်းမှ မပြောဘဲ နင်ရှီးယွမ်ဆွဲခေါ်ရာနောက်သို့လိုက်သွားလိုက်ပြီး တစ်ဖက်လူ၏ အကြောင်းမရှိ အကြောင်းရှာဒေါသများကို ခွင့်ပြုပေးလိုက်သည်။ အမြဲတမ်းလည်း ဒီလိုပဲ နင်ရှီးယွမ်က သူ့အပေါ်ဆက်ဆံခဲ့တာဖြစ်သည်။
နင်ရှီးယွမ်းက သူ့ကိုကားဆီသို့ဆွဲခေါ်သွားပြီး ကားထဲသို့တွန်းထည့်ကာ စက်နှိုးလိုက်သည်။
ချန်လီ မှာ စိတ်နှင့်လူမကပ်သလိုဖြစ်သွားခဲ့ပြီး ကားပြတင်းမှ ဝိုးတဝါးအလင်းရောင်များကိုငေးစိုက်ကြည့်နေခဲ့သည်။
ကားသည် ဗီလာတစ်ခုရှေ့တွင်ရပ်သွားချိန် ချန်လီမှာ ကားထဲတွင်ပျော့ခွေနေပြီး အနည်းငယ်လည်းကြောက်ရွံ့နေခဲ့သည်။ ဒီနေရာက သူ့အိပ်မက်ဆိုးတွေ ဖြစ်တည်ခဲ့ရာနေရာမဟုတ်လား။
" ဘာဖြစ်နေတာလဲ။ ကြောက်နေပြီလား။"
နင်ရှီးယွမ်က ချန်လီ၏ ဆောက်တည်ရာမရပုံစံကိုကြည့်ရင်းပြောလိုက်သည်။
" အခုမှတော့ နောက်ကျသွားပြီ"
ချန်လီသည် ကားပေါ်မှ အင်းအားချိနဲ့စွာဆင်းလိုက်ပြီး ဒယီးဒယိုင်လျှောက်သွားလိုက်သည်။
အခန်းထဲက အတန်းဖော်များ၏ အမြင်မှာတော့ ချန်လီသည် စာတော်ပြီး ထက်မြတ်သောကျောင်းသားတစ်ယောက်ဖြစ်သည်။ ဒါပေမဲ့ ဘယ်သူကထင်မှာလဲ တကယ့်ချန်လီ ရှက်ဖို့ကောင်းတဲ့ လူတစ်ယောက်ဆိုတာ..
ချန်လီသည် အိမ်ထဲသို့ ဝင်လိုက်သောအခါ ဧည့်ခန်းထဲတွင် ညအိပ်ဝတ်စုံဝတ်ထားသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
" အားယွမ်.. ဘာတွေဖြစ်လာတာလဲဟင်"
ထိုသူက နူးညံ့စွာမေးလိုက်သည်။
" မင်းက တရုတ်ပြန်ရောက်တာမကြာသေးတော့ တချို့ကိစ္စတွေမသိသေးဘူး။ မင်းအခန်းထဲပြန်လိုက်ပို့ပေးမယ်။ မနက်ဖြန်ကျောင်းသွားရဦးမှာ ဆိုတော့ မင်းစောစောအိပ်ဖို့လိုတယ်"
နင်ရှီးယွမ်၏ လေသံမှာ အစောတုန်းကလိုအေးစက်မနေတော့ဘဲ အနည်းငယ်နူးညံ့နေလေသည်။

မကြာသေးမီက ကျန်းမိသားစုတွင် ကိစ္စတစ်ချို့ဖြစ်ပေါ်ခဲ့ရာ ကျန်းယန်က နင်ရှီးယွမ်နှင့်အတူ အချိန်ကာလတစ်ခုအထိ အတူနေရန် စီစဉ်ခဲ့သည်။ မိသားစုနှစ်ခုမှာ နှစ်ပေါင်းများစွာခင်မင်ရင်းနှီးမှုရှိခဲ့ကြပြီးဖြစ်ရာ ကလေးဘဝကပင် နင်ရှီးယွမ်မှာ ကျန်းယန်ကို အမြဲကရုစိုက်ကြည့်ရှုခဲ့သည်။
ကျန်းယန်က ကြင်နာသောမျက်နှာပေးနှင့်လျှောက်လာရင်း နှုတ်ဆက်လိုက်သည်။
" ချန်လီ.. မတွေ့တာကြာပြီနော်"
"..."
ချန်လီက ဘာမှပြန်မပြောပေ။
" တစ်ယောက်ယောက်က နှုတ်ဆက်ရင် ပြန်နှုတ်ဆက်ရမယ်ဆိုတာမသိဘူးလား။ အ နေတာလား"
နင်ရှီးယွမ်က ကျန်းလီကို အော်ငေါက်လိုက်သည်။

" ရပါတယ်။ ကိစ္စမရှိပါဘူး။ ငါတို့မတွေ့တာ အရမ်းကြာပြီဆိုတော့ စိမ်းနေသေးတာဖြစ်ပါလိမ့်မယ်"
ကျန်းရန် က ပြုံးလိုက်ရင်း နူးညံ့စွာပေကာလိုက်သည်။
" ဒါဆို ငါသွားအိပ်တော့မယ်နော် "
" အင်း"
နင်ရှီးယွမ်ကို နှုတ်ဆက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်နှင့် ကျန်းရန်၏ မျက်နှာမှ အပြုံးမှာ ပျောက်ကွယ်သွားလေသည်။
နင်ရှီးယွမ်မှာ သည်းခံမှုများ ကုန်ဆုံးနေပြီဖြစ်သည်။ ဒီနေ့တစ်နေ့လုံး ချန်လီက သူ့ကို ကလန်ကဆန်လုပ်နေခဲ့သည် ။ သူသည် ချန်လီ၏ လက်ကိုဆွဲကာအခန်းထဲသို့ ဆွဲခေါ်သွားပြီး တံခါးကိုပိတ်လိုက်သည်။
" မနက်ဖြန် .. အတန်းရှိတယ်"
ချန်လီ၏ အသံမှာ တိုးညှင်းနေပြီး မျက်လုံးများမှာလည်း ရီဝေတေခဲ့သည်။
" ဟုတ်လား။ " နင်ရှီးယွမ်က ခနဲ့တဲ့တဲ့မေးလိုက်ပြီး ချန်လီ၏ နားနား ကပ်ကာပြောလိုက်သည်။
" မင်းက xင်ချခံရမှ ကိုယ်အဆင့်ကိုယ်သိမှာလေ"

———————-
T/N
Update နောက်ကျသွားလို့ သွေ့ပုချိပါနော်။
နောက်ပိုင်းတွေတော့ update မှန်အောင်ကြိုးစားပါမယ်။
နောက်တစ်ခု ပြောချင်တာက ကျန်းလီကို ချန်လီ လို့နောင်ပိုင်းတွေမှာ သုံးပါမယ်နော်။
လိုအပ်တာရှိ ပြောပြပေးကြပါနော်။
အားလုံးကို ကျေးဇူးပါနော်

Attack and occupyOnde histórias criam vida. Descubra agora