ပြာကျခဲ့သောနှလုံးသား

214 23 1
                                    

ကျန်းလီသည် လူအများရှေ့တွင် နင်ရှီးယွမ်၏ ပခုံးပေါ်ထမ်းခေါ်သွားခြင်းအတွက် ရှက်လွန်းလှသည်ဖြစ်ရာ အောက်သို့ဆင်းနိုင်ရန် လှုပ်ရှားလိုက်သည်။ သို့သော်သူ့ဒူးကို ချုပ်ထားသော နင်ရှီးယွမ်၏ လက်များပိုမိုတင်းကြပ်သွားခဲ့သည်။ ကလပ်အပြင်ဖက်ရှိ လူများက သူတို့ကိုစူးစမ်းသည့် အကြည့်ဖြင့်ကြည့်လာခဲ့ကြသည်ဖြစ်ရာ ကျန်းလီသည် ရှက်ရွံ့မှုကြောင့် သူ၏နှလုံးသားများ ပြာကျသွားပြီလားတောင်ထင်မိလေသည်။ ဖျော့တော့တော့ ပါးပြင်မှာပို၍သာဖျော့တော့လာခဲ့သည်။

လူကိုထိုးဖောက်မတတ်ကြည့်နေသော ထိုသူတို့၏အကြည့်ကြောင့် ကျန်းလီသည် သူ့ကိုယ်ပေါ်က နာကျင်မှုများကိုမေ့လျှော့မတတ် ထုံကျင်လာခဲ့သည်။
ကျန်းလီတစ်ကိုယ်လုံးသည် တောင့်တင်းလျှက်ရှိပြီး လက်ချောင်းများရှိ ဒဏ်ရာများမှ စီးလာသော သွေးစက်များက နင်ရှီးယွမ်၏ အင်္ကျီပေါ်တွင် စွန်းထင်းလျှက်ရှိသည်။

"ငါ့ကို အောက်ချပေးပါ။ ငါ့ဘာသာ သွားပါရစေ"
ကျန်းလီ တိုးညှင်းစွာပြောလိုက်သည်။

နင်ရှီးယွမ်းက လုံးဝကရုမစိုက်ပေ။ အချိန်တိုင်း ဒီလိုပင်ဖြစ်သည်။ နင်ရှီးယွမ်သည် သူ၏ ခံစားချက်များကိုဘယ်တော့မှ ကရုမစိုက်ခဲ့ပါချေ။
နင်ရှီးယွမ်သည် ကလပ်အနီးရှိ ဟိုတယ်သို့ ကျန်းလီကိုခေါ်ဆောင်သွားလေသည်။ ထို ဟိုတယ်သည် သူသွားနေကျ ဟိုတယ်ဖြစ်ပြီး ဝန်ထမ်းများသည် သူ့ကိုတွေ့သည်နှင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ကျန်းလီသည် လဟာပြင်ထဲရောက်ရှိသွားသလို ခံစားလိုက်ရသည်။ အခြားသောသူများ သူ၏မျက်နှာကို မတွေ့စေရန်သာ မျှော်လင့်ရုံရှိတော့သည်။

နင်ရှီးယွမ်သည် သူ၏အခန်းကတ်နှင့် ဟိုတယ်အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ကျန်းလီ၏ ခန္ဓာကိုယ်မှာ စတင်တုန်ယင်လာခဲ့သည်။ သူသည် နင်ရှီးယွမ်နှင့် ပတ်သက်မှုမရှိခင်က ချစ်သူရည်းစားထားရန် မဆိုထားနှင့် တစ်ယောက်တည်း တည်ငြိမ်စွာနေထိုင်ခဲ့သူဖြစ်သည်။

နင်ရှီးယွမ်က ကျနိးလီကို ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ ကျန်းလီသည် အစောပိုင်းကပင် ကလပ်ရှိ စားပွဲစောင်းနှင် ထိခိုက်မိပြီး ဝမ်းဗိုက်နာကျင်ခဲ့သည်ဖြစ်ရာ ယခုကဲ့သို့ ကုတင်ပေါ်အားနှင့် ပစ်တင်ခံလိုက်ရခြင်းက သူ၏ဗိုက်ကို ပိုမိုနာကျင်စေသည့်အတွက် ခန္ဓာကိုယ်ကို ကွေးလိုက်မိသည်။

ကျန်းလီသည် မျက်လုံးကိုဖွင့်လိုက်ပြီး တစ်ဖက်လူကို ကြည့်လိုက်သည်။ မသိလိုက်ဝိုးဝါးစွာလက်များဖြင့်လည်း တစ်ဖက်လူ၏ ပခုံးကိုတွန်းလိုက်သည်။ မနက်ဖြန် တွင်စာမေးပွဲရှိသည်။ ဒါ့အတွက်သူအချိန်တွေအများကြီးပြင်ဆင်ခဲ့ရသည်။ စာမေးပွဲကို သူဖြေဖို့လိုသည်လေ။

" မလုပ်ချင်ဘူးပေါ့"
နင်ရှီးယွမ်က အံကြိတ်ပြီးပြောလိုက်သည်။
ကျန်းလီ ခနမျှ တိတ်ဆိတ်သွားပြီး သူ့လက်များကို ပြန်ရုတ်လိုက်သည်။ သူ လိုချင် မလိုချင် နောက်ဆုံး အဖြေကတော့ အတူတူပဲမဟုတ်လား။
နင်ရှီးယွမ်က သူ(ကျနိးလီ) ၏ အပေါ်ဝတ်ကိုချွတ်လိုက်သည်။ အောက်ဖက်တွင်တော့ ပါးလျသောခန္ဓာကိုယ်ကိုပေါ်တွင် ဝတ်ဆင်ထားသော အောက်ထပ်အဝတ်သာကျန်တော့သည်။ ကျန်းလီ၏ ခန္ဓာကိုယ် သည် တဖြည်းဖြည်းတုန်ယင်လာခဲ့သည်။

" မင်း ကြောက်နေတာလား"
ကျန်းလီ မျက်လုံးကိုသာ မှိတိလိုက်သည်။
နင်ရှီးယွမ်သည် ကျန်းလီ၏ ထိုကဲ့သို့အပြုအမူကို သည်းမခံနိုင်ဆုံးဖြစ်သည်။ သူသည် ကျနိးလီ၏ မေးစေ့ကိုဆွဲယူလိုက်ပြီး
"ပြောလေ။ မင်းဘာလို့ ပြန်မဖြေတာလဲ"
ဒါက ကျန်းလီ နုတ်ဆိတ်တိုင်း နင်ရှီးယွမ် လုပ်နေကျအပြုအမူဖြစ်သည်။
" ဘာမှပြောစရာမရှိဘူး"
တစ်ကယ်တမ်းတော့၊ သူပြောချင်တာတွေက နင်ရှီးယွမ်၏ ကျောင်းသင်ခန်းစာများ အပေါ် သူမည်သို့ ကူညီပေးနိုင်ကြောင်းပင်ဖြစ်သည်။ လက်တွေ့တွင်တော့ ထိုအရာများက နင်ရှီးယွမ်အတွက် ဘာဆို ဘာမှဟုတ်မနေခဲ့ချေ။
သူပြောလိုက်သည်က တစ်ဖက်လူ၏ဒေါသကို ပိုမိုကြီးထွားလာစေကာ နင်ရှီးယွမ်က သူ၏မေးကို ပိုမိုကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်သည်။ ဒီလူကို အဝေးသို့သူတွန်းထုတ်ပစ်လိုက်ချင်သည်။ သို့သော် နင်ရှီးယွမ်က သူထက်ပိုအားသန်နေလေသည်။  
သူ မွန်းကြပ်ပြီးအသက်ရှုမဝဖြစ်လာချိန်မှ နင်ရှီးယွမိက သူ့ကိုလွှတ်ပေးလေသည်။
ကျန်းလီ ခနတာ မိန်းမောနေစဉ်တွင် သူ၏လက်များသည် ပူးချည်ခံလိုက်ရသည်။ ကျန်းလီသည်ရုတ်တရတ် တုန်လှုပ်သွားပြီး
"မလုပ်ပါနဲ့"
" မင်း ငါ့ကို လက်ဆောင်မပေးရသေးဘူးလေ" နင်ရှီးယွမ်က ပြောလိုက်သည်။
".."
" လက်ဆောင်ကို ငါ့ဘာသာငါပဲယူလိုက်တော့မယ်။ ဒါပေမဲ့ မင်းဖက်က စပေးရင်တော့ ပိုကောင်းတာပေါ့"

Attack and occupyМесто, где живут истории. Откройте их для себя