ကျန်းလီသည် သူနားကြားမှားသည်ဟု ထင်လိုက်သည်။ သူက ယောက်ကျားတစ်ယောက်လေ။ ကိုယ်ဝန်ရှိတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ကျန်းလီ၏ မယုံနိုင်ဖြစ်နေပုံကိုကြည့်ရင်းဆရာဝန်က
" လူကြီးမင်းရဲ့ ကိုယ်ဝန်က နှစ်လ နီးပါးရှိနေပါပြီ"
" ဆရာ ဘာပြောလိုက်တာ"
ကျန်းလီက မယုံနိုင်စွာမေးလိုက်သည်။
ဆရာဝန်သည် ကျန်းလီ၏ သံသယကို ဖြေရှင်းနိုင်ရန် ကလေး၏ Ultrasound စစ်ဆေးချက်ကို ပြလိုက်သည်။
ကျန်းလီသည် Ultrasound စာရွက်ကို ကြည့်လိုက်ရင်း မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လာခဲ့သည်။ သူ၏ ဝမ်းဗိုက်ကို ရိုက်ကူးပေးထားသော Ultrasound အဖြေစာရွက်ရှိ အမည်းစက်လေးကို ကြည့်ရင်း မယုံနိုင်ခြင်းများစွာ ခံစားလိုက်ရသည်။ သူ့မှာ ကိုယ်ဝန်ရှိတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ သို့သော် အဖြေစာရွက်တွင် သူ၏ နာမည်နှင့် ကိုယ်ဝန်သီတင်းပတ်တို့က တိကျစွာ ဖော်ပြထားလျှက်ရှိသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ...
ဒါက သွေးလုံးတစ်ခုရော မဖြစ်နိုင်ဘူးလား။
သို့သော် ဆရာဝန်က သူ့ကို ဒါက ကိုယ်ဝန်တစ်ခုဖြစ်ကြောင်း အတိအကျပြောဆိုနေခဲ့သည်လေ။
ကျန်းလီသည် ဆရာဝန်ထံသို့ Ultrasound အဖြေစာရွက်ပြန်လည်ကမ်းပေးလိုက်ပြီး
" ဒေါက်တာ.. ကျွန်တော်က အမျိုးသားတစ်ယောက်ပါ.. ဘယ်လိုဖြစ်နိုင်.."
" ကျွန်တော်သိပါတယ် လူကြီးမင်းကျန်း။ ဒါကိုကျွန်တော် သေချာအောင်စစ်ဆေးပြီးတော့မှ အသိပေးတာပါ"
ဆရာဝန်က တည်ငြိမ်စွာပင်ပြန်ပြောလိုက်သည်။
ဆရာဝန်က သူ၏ mobile ဖုန်းဖြင့် အင်တာနက်မှ သတင်းတစ်ခုကိုရှာဖွေလိုက်ပြီး ကျန်းလီကို ပေးလိုက်သည်။" အမျိုးသားကိုယ်ဝန်ဆောင်ဆိုတာ တစ်ကယ်ရှားပါးတဲ့ဖြစ်စဉ်ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့လပိုင်းက N ပြည်နယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသားတစ်ဦးတွေ့ရှိခဲ့ပါတယ်။ လူကြီး
မင်းကျန်း ဒီသတင်းကိုဖတ်ကြည့်လိုက်ပါ"
ကျန်းလီး ခေါင်းကိုဖြည်းညှင်းစွာခါလိုက်မိသည်။
" ခင်ဗျားနဲ့ လူကြီးမင်းနင်.."
" သူ့ကိုမပြောပါနဲ့"
ကျန်းလီက ဖြတ်ပြောလိုက်သည်။ အကယ်၍ နင်ရှီးယွမ်သာသိရှိသွားခဲ့ပါက ဒါကိုအကြောင်းပြုပြီး သူ့ကိုအရင်ကထက် ခြိမ်းခြောက်လာမှာဖြစ်သည်။
အခုမက်နေရတဲ့ အိပ်မက်ဆိုးထဲကနေသာ အမြန်ဆုံးလွှတ်မြောက်ချင်မိသည်။
နင်ရှီးယွမ်၏ အနိုင်ကျင့်မှုများနှင့် သူခံစားခဲ့ရသော နာကျင်အရှက်ရခဲ့မှုများကို သူ့အမေ မပြောနှင့် အခြားမည်သူ့ကိုမျှ အသိမပေးခဲ့ပေ။ ယောက်ကျားတစ်ယောက်အနေဖြင့် နင်ရှီးယွမ်၏ ကိုယ်ဝန်လွယ်ထားရသည်ဆိုသည်မှာ မည်မျှ အရှက်ရဖွယ်ကောင်းလိုက်ပါသနည်း။
ပြီးတော့ သူက အခုကျောင်းသားတစ်ယောက်သာဖြစ်သည်။ သူ့ဘဝလွတ်မြောက်ရန်အတွက် သူကြိုးစားရမည်။ နင်ရှီးယွမ်၏ လက်ထဲမှာ သူ့အနာဂတ်ကို မဖြုန်းတီးချင်ပါ။
ကျန်းလီသည် ဆေးရုံမျက်နှာကျက်ဖြူဖြူကိုသာ အသိမဲ့စွာ ငေးကြည့်နေမိသည်။" ပြောလို့မပြီးကြသေးဘူးလား"
နင်ရှီးယွမ်က အခန်းတံခါးကို အဆက်မပြတ်ခေါက်လိုက်ရင်း စိတ်မရှည်စွာအော်ပြောလိုက်သည်။
ဆရာဝန်က တံခါးဖွင့်ရန်ဟန်ပြင်ဆင်တွင် ကျန်းလီက သူ၏လက်ကိုလှမ်းဆွဲလိုက်ပြီး
" ကျွန်တော် ဘယ်တော့လောက်ခွဲစိတ်မှုလုပ်လို့ရနိုင်မလဲ"
(T/N ကလေးဖျက်ချတဲ့ခွဲစိတ်မှုကိုပြောတာပါ)
ဆရာဝန်က ခနမျှစဉ်းစားလိုက်ပြီး
" လူကြီးမင်းရဲ့ အခြေအနေက ခွဲစိတ်မှုလုပ်ဖို့ အဆင်မပြေနိုင်သေးပါဘူး"
ကျန်းလီသည် ဆရာဝန်၏ လက်ကိုလွတ်လိုက်သည်။
ရုတ်တရတ် အားထည့်လိုက်ပြီး လှုပ်ရှားလိုက်ရသည့်အတွက် ကျန်းလီ၏လက်မှ ဆေးသွင်းထားသော အပ်ပြုတ်ထွက်သွားကာ သွေးများစီးကျလာခဲ့သည်။
နင်ရှီးယွမ်သည် အခန်းထဲသို့ဝင်လာခဲ့ပြီး
" လာတွေပြောနေကြလို့ အဲ့လောက်ကြာနေရတာလဲ။ ပြီးတော့ ဘာလို့မင်းလက်ကသွေးတွေထွက်နေရတာလဲ"
" ဘာမှမဟုတ်ပါဘူး။ အခုနက သတိမပြုလိုက်မိလို့ဖြစ်သွားတာပါ"
ကျန်းလီသည် သူ၏လက်ကောက်ဝတ်မှ နင်ရှီးယွမ်ကြောင့်ရထားသော ဒဏ်ရာအချို့ကို ငေးစိုက်ကြည့်ရင်းပြောလိုက်သည်။
ဆရာဝန်က ကျန်းလီလက်မှ သွေးများကို သန့်ရှင်းပေးလိုက်ပြီး အပ်ကို စနစ်တကျပြန်စိုက်ပေးလိုက်သည်။
" ငါ့မျက်စိအောက်မှာ မင်းငြိမ်ငြိမ်နေတာ ပိုကောင်းလိမ့်မယ်။ ဉာဏ်များဖို့တော့မစဉ်းစားနဲ့"
နင်ရှီးယွမ်က သတိပေးလိုက်သည်။
ကျန်းလီသည် နူတ်ခမ်းကိုသာ တင်းတင်းစေ့လိုက်ပြီး ဘာမှပြန်ပြောမနေတော့ချေ။
" ပြီးတော့ မင်း နေမကောင်းဘူးဆိုတော့ မနက်ဖြန်ကျောင်းမသွားနဲ့"
အရင်ကဆိုလျှင်ကျန်းလီသည် နင်ရှီးယွမ်၏ တစ်ဖက်သတ်ဆန်သော အမိန့်များကို သည်းခံ၍ နားထောင်ပေးလိုက်မည်သာဖြစ်သည်။ သို့သော် ဒီနေ့ရဲ့ကိစ္စများကတော့ သူ၏သည်းခံနိုင်မှုများကျော်သွားခဲ့ပြီဖြစ်လေရာ
" ငါ့ကိစ္စတွေမှာ မင်းဝင်ပြောစရာမလိုဘူး" ကျန်းလီက ပြောလိုက်သည်။
ကျန်းလီ ပြောလိုက်သည်နှင့် နင်ရှီးယွမ်၏ မျက်နှာမှာ မည်းမှောင်သွားခဲ့ပြီး ကျန်းလီကိုထိုးရန်ကြိုးပမ်းလိုက်ရာ ဆရာဝန်က နောက်မှ ဆွဲလိုက်လေသည်။
BINABASA MO ANG
Attack and occupy
RomanceHello Ding Ding ပါနော်။ Ding ရဲ့ ပထမဆုံးဘာသာပြန်တာလေးမို့ လွဲချော်မှုရှိရင် နားလည်ပေးပါနော်။ လိုအပ်တာလေးတွေလည်းထောက်ပြပေးနိုင်ပါတယ်။ ဒါလေးက Chinese ကနေပြန်ထားတာမဟုတ်ဘဲ English ကနေပြန်ထားတာပါရှင်။ ခွင့်ပြုချက်တောင်းထားပေးမဲ့ reply တော့မရသေးပါဘူး။ တခြ...