ကျန်းလီ သည် အမှိုက်ပုံးဘေးတွင် မတ်တတ်ရပ်နေခဲ့ပြီး လေများသာပျို့အန်နေခဲ့လေသည်။ သူ၏ အစာအိမ်တစ်ခုလုံးဗလာကျင်းနေပြီး မသက်မသာခံစားနေရလေသည်။
" အဆင်ပြေရဲ့လား"
ရှားလု က ကျန်းလီနောက်သို့ လိုက်လာခဲ့ပြီးမေးလိုက်သည်။
ရှားလုက အနီးရှိ စတိုးဆိုင်မှ ရေဘူးဝယ်လာပြီး ကျန်းလီကိုပေးလိုက်သည်။
" ကျန်းလီ.. နင်နေမကောင်းဘူးလား။ နင့်ကိုကြည့်ရတာ မသက်မသာခံစားနေသလိုပဲ"
ကျန်းလီသည် ရေဘူးထဲမှ ရေကိုမော့သောက်လိုက်ရင်း
"ကျေးဇူးပါပဲ။ ငါအဆင်ပြေပါတယ်"
ကျန်းလီ၏ ကျေးဇူးတင်စကားကြောင့် ရှားလု၏ မျက်နှာတွင် ရှက်သွေးများဖြန်းသွားပြီး
" ကျေးဇူးတင်စကားပြောဖို့မလိုပါဘူးဟာ။ ငါတို့က တစ်ခန်းတည်းသားချင်းပဲကို။ ဒါနဲ့ ကျောင်းဆေးခန်းသွားလိုက်ပါလား။ ငါလိုက်ခဲ့ပေးမယ်လေ"
ကျန်းလီသည် သူ၏ အစာအိမ်တွင် အစာမရှိချိန်ကြာမြင့်ခြင်းကြောင့် ပျို့အန်ရခြင်းဖြစ်လေရာ ကျောင်းဆေးခန်းသို့ သွားလိုလှခြင်းမရှိပေ။ ပြီးတော့ သူတို့ကျောင်းဆေးပေးခန်းက ကန်တင်းနှင့် ဝေးလှသည်ဖြစ်ရာ အဆောင်ပြန်၍သာ နားလိုလေသည်။
ကျန်းလီသည် အနည်းငယ် မူးဝေနေရာမှ မတ်မတ်ရပ်လိုက်ရင်း လေသံဖြင့်ပြောလိုက်သည်။
" မနေ့ညက ကောင်းကောင်းမနားရလို့ဖြစ်မှာပါ။ အဆောင်ပြန်ပြီး နားလိုက်ရင် အဆင်ပြေပါတယ်"
" ဒါဆို အဆောင်ပြန်နားလိုက်ပါလား"
ကျန်းလီက နံရံကိုမှီလိုက်ရင်း
"အင်း"
" ခဏစောင့်နော်"
ရှားလု က ကန်တင်းထဲသို့ပြန်လည်ဝင်သွားလိုက်ပြီး ကျန်းလီမှာထားသော ယာဂုပြုတ်ကို ထုပ်ခိုင်းပြီး ယူလာလိုက်သည်။
"သွားရအောင်။ ငါလိုက်ပို့ပေးမယ်နော်"
ကျန်းလီသည် ရှားလုကို လိုက်မပို့ရန် ငြင်းချင်သော်လည်း
သူ့လက်ရှိအခြေအနေအရ လက်ခံလိုက်သည်။ သူအား အင်ကုန်ခန်းပြီး မောပန်းလွန်းလှပြီဖြစ်ရာ နားလိုလှပြီဖြစ်သည်။
ရှားလုက ကျန်းလီ၏ လက်မောင်းကိုတွဲကူပေးလိုက်သည်။ ထိုအပြုအမူက သူမတို့နှစ်ဦးကို စုံတွဲများအဖြစ်ထင်မြင်နိုင်ဖွယ်ရှိသော်လည်း ကျန်းလီကတော့ မည်သည်ကိုမျှ ဂရုမစိုက်နိုင်လောက်အောင် ပင်ပန်းနေခဲ့ပြီဖြစ်လေသည်။ ကန်တင်းနှင့် အဆောင်သည်မဝေးလှသည်ဖြစ်ရာ ခဏ၌ပင် သူမတို့နှစ်ဦးသည် အဆောင်ရှေ့ဂိတ်ဝသို့ရောက်လာခဲ့သည်။
" သက်သာရဲ့လား။ တစ်ခုခုဆိုငါ့ကို လှမ်းခေါ်လိုက်နော်"
ကျန်းလီနှင့် သူမသည် ကျောင်းနှစ်စကတည်း WeChat account များ အပြန်အလှန် ရှိခဲ့ကြပြီး ဖြစ်သည်။
" အင်း"
ကျန်းလီက နူးညံ့စွာ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။
ကျန်းလီ၏ အပြုံးကြောင့် ရှားလုပါးပြင်မှာ ရှက်သွေးများဖြာသွားလေသည်။ သူမ ကျန်းလီကို သဘောကျခဲ့သည်မှာ အလွန်ကြာခဲ့ပြီဖြစ်ပြီး ကျန်းလီ၏ အနေတည်မှုများနှင့် တည်ငြိမ်မှုများက သူမကို မဝံ့မရဲ ဖြစ်စေခဲ့သည်။
ကျန်းလီမှာချစ်သူတော့မရှိသေးဘူး မဟုတ်လား...
ရှားလုသည် ကျန်းလီ၏ အနောက်တွင် လာနေသူကိုတွေ့လိုက်ရသည့်အခါ တစ်ခုခုပြောရန်ဟန်ပြင်လိုက်သည်။
" တခြားသူတွေ အလုပ်မရှုပ်စေနဲ့တော့။ ငါသူ့ကို ဂရုစိုက်လိုက်ပါမယ်"
ထိုလူက ကျန်းလီကိုကြည့်ကာ ပြုံးပြလိုက်ရင်းဆက်ပြောလိုက်သည်။
" အဆင်ပြေရဲ့လား"
ထိုလူ ၏ အသံကို ကြားလိုက်သည်နှင့် ကျန်းလီ ကိုယ်မှာ အနည်းငယ်တုန်ယင်သွားခဲ့ပြီး မျက်လွှာချကာ ဖြေးညင်းစွာပြောလိုက်သည်။
" အင်း"
နင်ရှီးယွမ်သည် ကျန်းလီအတွက် မနက်စာယူလာခဲ့သည်။ သူသည်လည်း ကျန်းလီကို ကောင်းမွန်စွာ ဆက်ဆံချင်ပါသည်။ သို့သော် သူဟိုတယ်ပြန်ရောက်တော့ ကျန်းလီက ထွက်သွားနှင့်ခဲ့ပြီဖြစ်ကာ သူ့ကိုစာလေးတစ်စောင်တောင် ပို့ပြီး အသိပေးခဲ့ခြင်းတောင်မရှိပေ။
မနေ့ညက သူ့ကိုကျန်းလီက မနက်ဖြန်မနက်စာမေးပွဲရှိကြောင်းပြောခဲ့သည်ကို အမှတ်ရပြီး သူလုပ်ခဲ့တာတွေအတွက် ပြန်ကရုစိုက်ပေးရန်ကျောင်းသို့လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဒီလူက (ကျန်းလီ) သူ့ရှေ့မှာပင် မိန်းပလေးတစ်ယောက်နဲ့ အတူရှိနေခဲ့တာဖြစ်ပြီး နူးညံ့စွာပင်ပြုံးပြလိုက်သေးသည်။ သူ့ဆိုရင်တော့ အမြဲအေးစက်နေတဲ့ ဒီလူကလေ..
ကြည့်ရတာ သူ ဒီလူ (ကျန်းလီ) ကို လွှတ်ထားမိတာ များသွားပုံပင် ...
နင်ရှီးယွမ်သည် ကျောင်းတွင် ထင်ပေါ်ကျော်ကြားသူဖြစ်ပြီးသူ၏ ကျော်ကြားခြင်းနှင့်အတူ မကောင်းသတင်းများကလည်း အမြဲဒွန်တွဲလျှက်ရှိသည်။ သို့သော် ကျန်းလီကတော့ မတူပေ။ ကျန်းလီသည် ကျောင်းသားကောင်းတစ်ယောက်ဖြစ်ပြီး အမြဲအေးဆေးတည်ငြိမ်စွာနေလေ့ရှိသူဖြစ်ရာ နင်ရှီးယွမ်နှင့် ပေါင်းမိစရာ အကြောင်းမရှိပေ။
နင်ရှီးယွမ်က ဘယ်တုန်းက ကျန်းလီနဲ့ သိသွားခဲ့တာလဲ ရှားလု အံ့အားသင့်စွာတွေးလိုက်သည်။
ကျောင်းတွင် ကျန်းလီသည် နင်ရှီးယွမ်နှင့် ဝေးဝေးနေလေ့ရှိသည်။ နင်ရှီးယွမ် သူ့အနားတိုးလာသောအခါ ကျန်းလီသည် မသိလိုက်မိစွာဘေးသို့ရွေ့လိုက်သည်။
ကျန်းလီသည် သူနှင့် နင်ရှီးယွမ်၏ ဆက်ဆံရေးကို အခြားသူများသိရှိသွားမည်ကိုကြောက်ရွံ့မိပြီး ထိုကဲ့သို့ စက်ဆုပ်စရာကောင်းသော ပတ်သက်မှုကိုလည်း အခြားသူများကိုမသိစေလိုပေ။
နင်ရှီးယွမ်သည် ကျန်းလီ၏ အပြုအမူကို သတိပြုမိလိုက်ပြီး ရှားလု ကိုပြောလိုက်သည်။
" သူ့ကို ပြန်ပို့ပေးလို့ကျေးဇူးပဲ။ ငါသူ့ကို အထဲခေါ်သွားလိုက်မယ်"
နင်ရှီးယွမ်၏ လေသံမှာ အေးစက်နေခဲ့ပြီး ကျန်းလီကို သူ၏ ပိုင်ဆိုင်မှုအဖြစ် သဘောထားသယောင် ပြောဆိုလိုက်သည်။ထို့နောက် နင်ရှီးယွမ်သည် ကျန်းလီကို အဆောင်ထဲသို့ ဆွဲခေါ်သွားလိုက်ပြီး အခန်းထဲသို့ရောက်သည်နှင့် တံခါးကို လော့ချလိုက်လေသည်။
YOU ARE READING
Attack and occupy
RomanceHello Ding Ding ပါနော်။ Ding ရဲ့ ပထမဆုံးဘာသာပြန်တာလေးမို့ လွဲချော်မှုရှိရင် နားလည်ပေးပါနော်။ လိုအပ်တာလေးတွေလည်းထောက်ပြပေးနိုင်ပါတယ်။ ဒါလေးက Chinese ကနေပြန်ထားတာမဟုတ်ဘဲ English ကနေပြန်ထားတာပါရှင်။ ခွင့်ပြုချက်တောင်းထားပေးမဲ့ reply တော့မရသေးပါဘူး။ တခြ...