ငါ့ကိုသွားခွင့်ပေးပါ

231 22 3
                                    

နင်ရှီးယွမ် က ဝိုင်ခွက်ကို နောက်တစ်ကြိမ်ကမ်းပေးလာခဲ့သည်။ ကျန်းလီသည် မျက်ခွံများတုန်ယင်လာပြီး သူ၏ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရအောင်ဖြစ်လာခဲ့သည်။ သူသည် တစ်ဖက်လူကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်ပင်ဖြစ်သည်။ ကျန်းလီသည် တစ်ခနမျှ တုံ့ဆိုင်းလိုက်ပြီး ဝိုင်ခွက်ကိုယူလိုက်သည်။
ကလပ်အတွင်းမှ တီးလုံးသံသည် ရပ်ဆိုင်းသွားပြီး အားလုံးရဲ့အကြည့်တွေက သူ့ထံမှာသာဖြစ်သည်။
နင်ရှီးယွမ်၏ အကြီးမားဆုံးပျော်ရွှင်မှုမှာ တစ်ဖက်လူ၏ သိက္ခာကိုချနင်းရခြင်းပင်ဖြစ်သည်။
ကျန်းလီသည်လက်ဖဝါးများအေးစက်နေပြီး ဝိုင်ကိုတစ်ချိုက်တည်းဖြင့် မော့သောက်လိုက်သည်။ သူ၏မျက်လုံးများတွင် ရေငွေ့များဖြင့်မှုန်ဝါးသွားပြီး ပါးပြင်များသည် အနီရောင်သန်းလာခဲ့သည်။ အမြဲတစေအေးစက်နေသော မျက်နှာပေါ်တွင် အရောင်စုံများပြည့်နှက်လာခဲ့သည်။

"ငါသွားလို့ရပြီလား"

"ငါမင်းကိုသွားခွင့်ပြုမယ်လို့ပြောလိုက်မိလား"

နင်ရှီးယွမ်က အေးစက်စွာပြောလိုက်ရင်း ခွက်ထဲသို့ ဝိုင်ထပ်ဖြည့်လိုက်သည်။ သူ့ဘေးမှလူများသည် စုရုံလာကြပြီး ပွဲတစ်ခုကြည့်ရတော့မည့်အလား စောင့်ကြည့်နေကြသည်။
"နင်သခင်လေး..ကျွန်တော့်အမှားပါ။ ကျွန်တော်သူ့ကိုသွားမရှုပ်ခဲ့သင့်ဘူး"
ဆယ်ကျော်သက်ကောင်လေးက နင်ရှီးယွမ်ဘေးမှ ဝင်ပြောလိုက်သည်။
သို့သော် နင်ရှီးယွမ်၏ဒေါသမှာ မရပ်တန့်နိုင်တော့ပေ။
" မင်းမသောက်နိုင်လို့ ဒီနေ့တော့ငါဒီလောက်နဲ့ပဲတော်လိုက်မယ်။ နောက်ဒါမျိုးထပ်မဖြစ်စေနဲ့"
နင်ရှီးယွမ်နဲ့မတွေ့ခင်က သူသည် ယခုကဲ့သို့ အနိုင်ကျင့်မခံခဲ့ရပေ။ သူ၏အချိန်အများစုသည် စာသင်ခန်းထဲ၌သာ ကုန်ဆုံးလေ့ရှိသည်။ မကြာမီပင် သူ၏မိခင်နေမကောင်းဖြစ်လာခဲ့ပြီး ပြုစုစောင့်ရှောက်ရန်လိုအပ်လာခဲ့သည်။
သူသည်ကျောင်းမှထွက်ခဲ့ရပြီး သူ့ကိုထောက်ပံ့ပေးသော အရာများကိုသာသင်ကြားခဲ့ရသည်။ ချောက်ကမ်းပါးမှ လွတ်တော့မည်ဟု ထင်ထားခဲ့သော်လည်း အရှက်ခွဲခံရခြင်းနှင့် မတရားအနိုင်ကျင့်ခြင်းတို့ကရှေ့တွင်စောင့်နေခဲ့သည်။
" ငတုံးလို ဟန်ဆောင်မနေနဲ့" နင်ရှီးယွမ်က စိတ်မရှည်စွာပြောလိုက်သည်။
".." ကျန်းလီ ဘာမှ ပြန်မပြောခဲ့ပေ။
" မင်းလည်း အားယွမ်ရဲ့ စိတ်ကိုသိတာပဲ။ အမှားကိုဝန်ခံပြီး တောင်းပန်လိုက်လေ" လူအုပ်ထဲမှ တစ်စုံတစ်ယောက်ကပြောလာခဲ့သည်။
ဒါပေမဲ့ သူဘာအမှားလုပ်ခဲ့မိလို့လဲ။
ကျန်းလီ ဘာမှထပ်မပြောတော့ဘဲ ဝိုင်ကိုသာသောက်လိုက်သည်။
နင်ရှီးယွမ်က သူ့ကိုအထင်သေးစွာကြည့်လိုက်ရင်း
"ကောင်းတယ်"
သူ့မျက်နှာပေါ်က ဖုံးလို့မရနိုင်တဲ့ဒေါသကဘေးပတ်ဝန်းကျင်ရှိ လူများကိုပါ မသက်မသာဖြစ်စေလေသည်။
ဖန်ခွက်စများသည် အပိုင်းပိုင်းကျိုးပဲ့လျှက် ကြမ်းပြင်တွင် ပြန့ကျဲသွားခဲ့သည်။ကျန်းလီသည် မျက်လုံးကိုဖြေးညှင်းစွာ ပိတ်လိုက်သည်။ သူ့ဘဝတွင် အမြဲမှန်ကန်အောင်နေခဲ့သည်။ ရန်ပွဲများ၊ နိုင်ထက်စီးနင်ပြုခြင်းများလည်းမရှိခဲ့ပါပေ။ ဆရာ များနှင့်ကျောင်းသားများထံမှလည်း ကောင်းမွန်သော မှတ်ချက်များသာရရှိခဲ့သည်။ တစ်ခုပဲ နင်ရှီယွမ်နဲ့ ပတ်သက်ခဲ့မိခြင်းသာ သူ့ဘဝတွင် အကြီးမားဆုံး မှားယွင်းမှုဖြစ်ခဲ့သည်။
နင်ရှီးယွမ်၏ ခြိမ်းခြောက်ထားမှုကြောင့်သာ အကြောင်းသိလူများက သူတို့၏ဆက်ဆံရေးကို မဖွရဲကြခြင်းဖြစ်သည်။
ကျန်းလီသည် လက်မောင်းမှ ဆွဲထုတ်ခံလိုက်ရသည်။ သူ့ဘေးမှလူများကလည်း ဘေးသို့ရှဲပေးလိုက်ကြသည်။ နင်ရှီးယွမ်၏ လက်များသည် အင်မတန်သန်မာကြပြီး ကျန်းလီသည် ဘေးမှ စားပွဲစောင်းဖြင့် ဗိုက်ကိုတိုက်မိရာ နာကျင်လှသဖြင့် ကိုယ်ကို ကိုင်းချလိုက်သည်။ သူ၏လက်များသည် ကြမ်းပြင်ရှိ ဖန်ခွဲစများပေါ်ထောက်မိသည်ဖြစ်ရာ လက်များစုတ်ပြဲသွားပြီး သွေးများထွက်လာခဲ့သည်။ သို့သော် နင်ရှီးယွမ်က ထိုအရာကို သတိပြုမိခြင်းမရှိဘဲ သူ့ကို တံခါးဝအထိဆွဲခေါ်လာခဲ့သည်။
" အားယွမ် မင်းသူ့ကိုဒုက္ခမပေးပါနဲ့တော့"
ရှချွန်းသည် နင်ရှီးယွမ်၏ ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး တော်ရုံဖြင့် အခြားသူများ၏ ကိစ္စအပေါ်ဝင်စွက်ဖက်ခြင်းမရှိခဲ့ပေ။
ကလပ်ထဲမှ တစ်ယောက်မှ မီးများဖွင့်လာခဲ့ချိန် ကျန်းလီ၏ နာကျင်မှုများကို အပြင်လူများမြင်တွေ့လာခဲ့ကြသည်။ ကျန်းလီ၏ နဖူးတွင် ချွေးစေးများထွက်နေပြီး ဖြူဖျောသော အသားအရေက ပို၍ပင် ဖျော့တော့နေခဲ့သည်။
ဆယ်ကျော်သက်ကောင်လေးမှာမူ နင်ရှီးယွမ်၏ ဒေါသကိုမြင်ပြီးနောက်ပိုင်း ဘာမှထပ်မပြောရဲတော့ပေ။
" မေ့နေတာတွေကို ပြန်မှတ်မိအောင်လုပ်ပေးရမှာပေါ့"  နင်ရှီးယွမ်က ကျန်းလီ၏ နာကျင်နေသောပုံကိုကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။
ထို့နောက်သူသည် ကျန်းလီ၏လက်ကိုလွှတ်လိုက်ပြီး လူတစ်ကိုယ်လုံး ပခုံးပေါ်တင်ကာ အပြင်ဖက်သို့ဒေါသတကြီး ထွက်သွားလိုက်တော့သည်။

Attack and occupyOnde histórias criam vida. Descubra agora