ဒီအရသာက...
"ကားကိုပြန်လှည့်! Casino ကိုပြန်သွားမယ်!"
အော်ပြောလိုက်သည်မို့ ကားသမားမှာ ကြောက်ကြောက်နှင့် ကားကိုပြန်လှည့်ပြီး casino ကို မောင်းသည်။ ရှင်းနွယ်လည်း ပုံမှန်ထက်အသက်ရှူမြန်နေတဲ့ ဆွေးကို အံ့ဩရပြန်သည်။ ဆွေးက အနေလည်းအေးသလို သွေးလည်းအေးသည်။ သူ(မ)ဘာသာသူ(မ)ဘာပဲ ခံစားနေရပါစေ လုံးဝမဖော်ပြတတ်။ အခုတွင်တော့ expression ကအစပြောင်းလဲနေသည်မို့။
"ဆွေး ဘာဖြစ်လို့လဲ.."
ပြန်မဖြေ။
"ဆွေး.."
"ဟိုရောက်မှ ပြောပြမယ် နွယ်.. ကားကိုအမြန်မောင်းစမ်း!"
မိမိကို လေသံအေးအေးနှင့်ပြောပေမယ့် ကားသမားကိုတော့ အကျယ်ကြီး အော်ချလိုက်သည်မို့ အခြေအနေမကောင်းမှန်း ရှင်းနွယ် ရိပ်မိလိုက်သည်။ ထိုကြောင့် ဆက်မမေးတော့ဘဲ ငြိမ်နေလိုက်သည်။
Casino မှ ထွက်လာတာ သိပ်မကြာသေးတာမို့ ပြန်လှည့်တဲ့အခါ ခဏလေးနဲ့တင် ပြန်ရောက်သွားသည်။ ပွဲက မပြီးသေးပေမယ့် ပရဟိတခေါင်းဆောင်ကြီးက ပြန်တော့မည်ထင် မီးရောင်စုံများဖြင့် ခန်းနားလှသော casino ၏ အပေါက်ဝတွင် ရပ်ထားသည့် limo ကားကြီးထဲ ဝင်နေသည်။
ထိုကားကြီး မထွက်ခင်အချိန် ဆွေးတို့လိုက်ပါလာသော ကားသည် လမ်းတွင် ပိတ်ရပ်ထားလိုက်သည်။ ကားတစ်စီးလုံးပိတ်ရပ်ထားသည်ကြောင့် ထွက်လို့မရတော့သည့် limo ကားကြီးသည် ထိုအတိုင်းရပ်နေရသည်။
ကားရပ်သွားသည်နှင့် တပြိုင်နက် ကားပေါ်မှ ပြေးဆင်းသွားသော ဆွေးကြောင့် ရှင်းနွယ်ပါ ဆင်းသွားရသည်။
ဆွေးက limo ကားထဲမှထွက်လာသော Majestic ဂိုဏ်းခေါင်းဆောင်ကို စေ့စေ့ကြည့်ကာ..
"ဒါကို ချက်တဲ့သူနဲ့တွေ့ချင်တယ် ကိုလက်ျာမောင်.."
လက်ထဲမှ သရက်သီးငပိချက်ဘူးလေးကို မြှောက်ပြကာ ပြောတော့ လက်ျာ ခဏတော့ ကြောင်သွားသည်။
"အဲ့ဒါ ချက်တဲ့သူက ကျွန်တော့အမျိုးသားပါ.. ဘာဖြစ်လို့လဲမသိဘူး.."
"ဒီချက်နည်းကိုသူဘယ်လိုသိတာလဲ.."
နောက်မှ လိုက်လာသည့် ရှင်းနွယ် မျက်ခုံးတစ်ဖက်ပင့်မိသည်။ ဆွေး ဘာတွေမေးနေတာလဲပေါ့..။
YOU ARE READING
နွယ်ရစ်သော ခွာညို (Completed)
Romanceစချစ်တဲ့သူထက် ဆက်ချစ်တဲ့သူက ပိုတယ်တဲ့.. အန်တီက ငယ့်ကို စချစ်ခဲ့ပေမယ့် ငယ်က ဆက်ချစ်ခဲ့ရသူမို့ ပိုတာ အပြစ်လား မမ.. မမ ဆက်မကြိုးစားပါနဲ့.. ငယ့်နှလုံးသားထဲမှာ အန်တီတစ်ယောက်ပဲရှိတာမို့..