Chapter 11 (U+Z)

1K 107 0
                                    

"ခွန်းလေး လာ.."

အိမ်ကြီးတစ်အိမ်ရှေ့မှာကားရပ်ပြီး အန်တီက ခွာညို့ကို ကားပေါ်ကဆင်းခိုင်းသည်။ ထိုအိမ်မှာလည်း သူ(မ)နှင့် ရင်းနှီးပြီးသားအိမ်မို့ စိမ်းသက်ခြင်းမရှိ။ အန်တီ ခွာညို့ဘက်က ကားတံခါးကိုဖွင့်ပေးသည်။ ခွာညိုလည်း အလိုက်တသင့်ဆင်းကာ အန်တီ့လက်ကို တွဲထားလိုက်သည်။

အန်တီကတော့ သူ(မ)ကိုပြန်ပြီးမဖက်။ ပြုံးပြီးသာကြည့်သည်။ ပြီးနောက် အိမ်ကြီးထဲသို့ခေါ်သွားသည်။ ဧည့်ခန်းထဲတွင် အိမ်ပိုင်ရှင်ဖြစ်သည့် မမရှင်းနွယ်နှင့် မမဆွေးတို့နှစ်ယောက် ထိုင်နေကြသည်။ မမရှင်းနွယ်က ပြုံးနေပေမယ့် မမဆွေးကတော့ တစ်ခုခုကိုအလိုမကျဟန်။

သူ(မ)တို့နှစ်ယောက် ဆိုဖာပေါ်ဝင်ထိုင်ပြီးချိန်..

"ရှင်းနွယ်.. အန်တီပြောထားတဲ့ကိစ္စ.."

ဟု အန်တီကအရင်စကားစလာသည်။ အန်တီ့စကားကို ခွာညိုနားမလည်သော်လည်း မမရှင်းနွယ်ကတော့ နားလည်သလို ခေါင်းညိမ့်ပြသည်။

ထိုအခါမှ အန်တီက ခွာညို့ဘက်လှည့်ကာ..

"ခွန်းလေး မမတို့နဲ့နေခဲ့နော်.."

အန်တီ့အားနားမလည်စွာ ကြည့်မိပါ၏။

"ဘာလို့လဲဟင်.. ဘယ်တော့ပြန်လာခေါ်မှာလဲ.."

ငိုသံလေးနှောကာ မေးမိသည်။ အန်တီ သူ(မ)အား ထားသွားမည်ကို လွန်စွာစိုးကြောက်မိသည်မို့။ အားကိုးစရာမရှိသည့် မိဘမဲ့တစ်ယောက်ဖြစ်သော သူ(မ)လိုကလေးသာသာလူကို အန်တီချစ်ပေးတာနဲ့တင် တော်တော်ကျေးဇူးကြီးလှပါပြီ။ သို့သော်လည်း ကိုယ့်ချစ်သူမို့ အတ္တတော့ကြီးခွင့်ရှိတယ်မလား။ အမြဲတမ်း အန်တီ့အနားမှာတွယ်ကပ်နေချင်သည်။ အန်တီမှလွဲ၍ ဘယ်သူ့ကိုမှ စိတ်မယိုင်မိသည်အထိ သူ(မ)အချစ်က ခိုင်ခံ့တည်မြဲလွန်းသည်။ တစ်သက်လုံး အန်တီနဲ့အတူနေ အတူစား နောက်ဆုံးထွက်သက်အထိအတူရှိချင်သည်။ သူ(မ)နှင့်ယှဉ်လျှင် အန်တီကပိုအသက်ကြီးပေမယ့် တစ်ခုခုဆိုချူချာတတ်သူက ကိုယ်ပေမို့ အကယ်၍ကိုယ်သာ လောကကြီးထဲက အရင်ထွက်သွားရမယ်ဆို အန်တီ့ကို ဘယ်လိုများ စိတ်ချရပါ့မလဲ။ သူ(မ)မရှိတော့တဲ့အချိန် အန်တီတခြားတစ်ယောက်ကို ပြောင်းချစ်သွားမှာသိပ်ကြောက်မိသည်။ သူ(မ)ရဲ့ အဖြူရောင်အတ္တတို့က တစ်မျိုးတစ်ဖုံတော့ ချစ်ဖို့ကောင်းလေရဲ့။

နွယ်ရစ်သော ခွာညို (Completed)Where stories live. Discover now