Chapter 25 (U+Z)

1.1K 91 2
                                    

ဆူးခက် အိမ်ထဲဝင်သွားတော့ ‌ဆွေးလည်း ကားကိုမှီရပ်ရင်း ကျန်ခဲ့သည်။ အတွေးတွေကလည်း စိတ်ထဲနေရာယူလျက်။

ဆူးခက်သာ စုန်းဖြစ်ခဲ့ပါလျှင် သူ(မ)အနားကိုလာတော့ ဆွဲသီးမှာ သဘောရိုးကို ညွှန်ပြသည့် အဖြူရောင်အရစ်သာပေါ်ပြီး နွယ့်အနားရောက်တော့ အနီရစ်တဲ့လား..။ ဆူးခက်က ဘာလို့ နွယ့်ကို အန္တရာယ်ပေးချင်ရတာလဲ..။

အတွေးများနေစဉ် မျက်စိထဲဝင်လာသည်က ပေါက်တူးတွေ ဂေါ်ပြားတွေကိုင်ကာ အိမ်ထဲမှထွက်ပြီး ခြံထဲဆင်းသွားသော သစ်ငယ်။ ဘေးမှာလည်း ဂါဝန်လေးဖြင့် ကလေးတစ်ယောက်။

အလေးအပင်တွေ မ,သွားသော မောင်လေးကို ကြည့်ပြီး စိတ်မချမ်းသာလှ။ လက်ျာမောင်တို့ကလည်း ဒီအတိုင်း လွှတ်ထားတော့တာပဲ။ မပေါ့မပါးကြီးနဲ့ကို။ ပြီးတော့ အခုမှ နေ့လည်ခင်းရှိသေးသည်။ မိုးလင်းခါနီးမှ ဆေးရုံမှ ပြန်သွားသော ကလေးက အိပ်ရောအိပ်ရပါ့မလား။

အမှန်ဆို ဆွေး ကလေးကို ပြန်မလွှတ်ချင်ခဲ့တာ။ နှစ်နှစ်ဆယ်နီးပါးဝေးခဲ့ရသော သွေးသားရင်းချာကို တွေ့တွေ့ချင်း ဘယ်သူက လက်လွှတ်ပေးလိုက်ချင်မည်လဲ။ သို့ပေမယ့် သစ်ငယ်ကလည်း သူ့အိမ်ထောင်နဲ့သူမို့။ ထိုအိမ်ထောင်ဆိုသည်မှာလည်း ငြိမ်းချမ်းမှုလျော့နည်းနေမည်မှန်းရိပ်မိခဲ့သည်။ ခန္ဓာကိုယ်ပေါ်က အရှိုးရာတွေအညိုအမည်းတွေကို တွေ့တော့ အစ်မတစ်ယောက်အနေနဲ့ ဘယ်လောက်တောင်စိတ်မကောင်းဖြစ်ခဲ့ရသလဲ။ သစ်ငယ် ဘယ်ကနေဘယ်လို အိမ်ထောင်ကျခဲ့ရတယ်ဆိုတာကို ကြားပြီးနောက် လက်ျာကိုတောင် ထိုးကြိတ်လိုက်မိသေးသည်။ သစ်ငယ် ဝင်တားလို့ပေါ့။ မဟုတ်ရင် သစ်ငယ် ဗိုက်ကြီးနဲ့ လူနာပြန်စောင့်နေရမှာ။

ခြံပြင်ကနေပြီး ခြံထဲကနေရာလွတ်လေးတွင် မြေတူးကာ ပျိုးပင်လေးတစ်ပင်စိုက်နေသော မောင်လေးကို သူ(မ)ပြုံးရင်းကြည့်နေမိသည်။ သူ့ဘဝလေးနှင့်သူ ပျော်နေပုံရသည့် ကလေးက ပတ်ဝန်းကျင်ကိုတောင် သတိထားမိပုံမပေါ်။ ဘေးကကလေးငယ်တစ်ယောက်နှင့် ပျိုးပင်လေးကို ဂရုတစိုက်စိုက်ပျိုးနေသည်။

"သဲငယ်!"

ပြုံးနေရသည့်အပြုံးလေးတောင် အော်သံကျယ်ကြီးကြောင့် လျော့ကျသွားရသည်။ ထို့နောက် အိမ်ထဲမှ ရှူးရှူးရှဲရှဲနှင့် ဝုန်းဒိုင်းကျဲပြီး ထွက်လာသော လက်ျာမောင်။

နွယ်ရစ်သော ခွာညို (Completed)Where stories live. Discover now