နွယ် အခု အရေးပေါ်ခန်းထဲမှာ။ နွယ် ဘာမှဖြစ်လို့မဖြစ်ဘူး။ သူ(မ)မှာ နွယ်ပဲရှိတော့တာ။
အရေးပေါ်ခန်းရှေ့မှာ back and forth လျှောက်ရင်း တစ်ကိုယ်လုံးတုန်ယင်နေမိသည်။ သူ(မ)ကိုယ်သူ(မ)လည်း အံ့ဩရပါသည်။ နွယ်နှင့် ပတ်သက်လာလျှင် သူ(မ) ဤလောက်ထိ ပျော့ညံ့တတ်မှန်း သတိပင် မထားမိခဲ့။ အိမ်ပြန်ရောက်မှ ခွာညို့ကို အသေသတ်ပစ်ဦးမည်။
"ဆွေး.."
ရုတ်တရက် ခေါ်သံကြားလိုက်၍ လှည့်ကြည့်လိုက်တော့...
"ဆူးခက်! ဒီကို ဘာလာလုပ်တာလဲ.."
"မင်္ဂလာဆောင်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားလို့လေ.. အဲ့ဒါ စိတ်ပူလို့ လိုက်လာတာ.."
"ဆူးခက်ကို ဖိတ်ထားလို့လား.."
ရင့်သီးစွာမေးလာသည့် ထိုစကားကြောင့် ဆူးခက် ခဏ တိတ်ဆိတ်သွားသည်။ ပြီးမှ ကိုယ့်ကိုယ်ကို ပြန်ထိန်းကာ..
"Majestic ဂိုဏ်းကိုဖိတ်ထားတယ်လေ.. လက်ျာနဲ့ အတူလိုက်လာတာ.."
ဆူးခက်ကိုတောင် ဆွေး ဘာမှ ပြန်မဖြေနိုင်တော့။ မျက်နှာကို လက်နဲ့အုပ်ပြီးသာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်နေမိသည်။
"ဆွေး.. ခဏလောက် ထိုင်လိုက်ပါဦး.. ဆွေးရဲ့ သူငယ်ချင်း အဆင်ပြေမှာပါ.."
အတင်းဆွဲကာ ထိုင်ခိုင်းနေသည်ကြောင့် ထိုင်ရန် ပြင်နေစဉ် အရေးပေါ်အခန်းတံခါးပွင့်လာသည်မို့ ထွက်လာသော ဆရာဝန်မလေးထံ အပြေးသွားမိသည်။
"ဆရာမ.. နွယ် ဘာဖြစ်သွားသေးလဲ.."
"လူနာရှင်လားမသိဘူး.."
"ဟုတ်ပါတယ်.."
"လူနာက စိုးရိမ်စရာမရှိတော့ပါဘူး.. ဒဏ်ရာကလည်း သိပ်မနက်ဘူး.. အချိန်မှီရောက်လာတာကြောင့် တော်တော်ကံကောင်းသလို အသက်လည်းပြင်းတယ်.. လူနာကို အခန်းပြောင်းပြီးရင် ဝင်တွေ့လို့ရပါပြီ.. ခွင့်ပြုပါဦး.."
စိုးရိမ်စရာမရှိတော့ဘူးဆိုမှ ဆွေး သက်ပြင်းချနိုင်တော့သည်။ နွယ့်ကို အခန်းပြောင်းပေးကြပြီးတော့ သွားဝင်တွေ့လိုက်သည်။ နွယ် အိပ်ပျော်နေတုန်းပင်။
YOU ARE READING
နွယ်ရစ်သော ခွာညို (Completed)
Romantizmစချစ်တဲ့သူထက် ဆက်ချစ်တဲ့သူက ပိုတယ်တဲ့.. အန်တီက ငယ့်ကို စချစ်ခဲ့ပေမယ့် ငယ်က ဆက်ချစ်ခဲ့ရသူမို့ ပိုတာ အပြစ်လား မမ.. မမ ဆက်မကြိုးစားပါနဲ့.. ငယ့်နှလုံးသားထဲမှာ အန်တီတစ်ယောက်ပဲရှိတာမို့..