မမတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက
ငယ့်အတွက် အငိုနိဒါန်းဖြစ်ခဲ့ရပေမယ့်
ပျော်ရွှင်ကြည်နူးစရာလေးတွေ မမက ဖန်တီးပေးမှာပါ..-ရှင်းနွယ်
_________မရနိုင်မှန်းသိလျက်နဲ့
ရှေ့ဆက်တိုးချင်တဲ့ မမက သိပ်မိုက်မဲတာပဲ..
မမက ငယ့်အတွက် အစ်မတစ်ယောက်လို အမြဲအားထားရသူပါ..
ဒီခင်မင်မှုလေးကို အရောင်မဆိုးချင်ဘူး..
ငယ့်နှလုံးသားထဲမှာ ငယ့်ကို ဖြစ်တည်ခွင့်ပေးခဲ့တဲ့
အန်တီပဲ ရှိတာ..
အန်တီ့နေရာကို အစားထိုးလို့မရဘူးဆိုတာ မမကို သိစေချင်တယ်..-ခွန်းခွာညို
________ခွန်းလေးရဲ့ နှုတ်ဖျားကထွက်တဲ့
အန်တီဆိုတဲ့ခေါ်သံလေးကို ပြန်ကြားယောင်နေမိတယ်..
တောင်းပန်ပါတယ်.. အန်တီ့ကို ခွန်းလေးစောင့်နေလဲအပိုပဲ..
ခွန်းလေးကို အန်တီ့ထက်ပိုချစ်ပေးနိုင်မယ့်သူ ရှိပြီလေ ကလေးရယ်..
အန်တီ့ကို မေ့လိုက်ပါတော့..-သက်လွန်း
________မမ ခွာညို့ကို အတင်းအကြပ် မတောင်းဆိုလိုပေမယ့်
ခွာညို့အနား အမြဲရှိပေးခဲ့တဲ့ မမကို အစ်မတစ်ယောက်လို
သဘောထားပေးရင်ကျေနပ်ပါပြီ..-စူးခက်
________နင့်အနားမှာ ငါတစ်ယောက်လုံးရှိနေတာတောင်
ငါမဟုတ်တဲ့ ခွာညိုတဲ့လား..
နင်နဲ့သူရဲ့ ဇာတ်လမ်းလေးမှာ ငါ ဗီလိန်မဖြစ်လိုပါဘူး..
ဒါပေမယ့် တခါတလေတော့ ငါ့ကို သူငယ်ချင်းတစ်ယောက်ထက်ပို မြင်ပေးပါ နွယ်..-နေဆွေး
________
YOU ARE READING
နွယ်ရစ်သော ခွာညို (Completed)
Romantizmစချစ်တဲ့သူထက် ဆက်ချစ်တဲ့သူက ပိုတယ်တဲ့.. အန်တီက ငယ့်ကို စချစ်ခဲ့ပေမယ့် ငယ်က ဆက်ချစ်ခဲ့ရသူမို့ ပိုတာ အပြစ်လား မမ.. မမ ဆက်မကြိုးစားပါနဲ့.. ငယ့်နှလုံးသားထဲမှာ အန်တီတစ်ယောက်ပဲရှိတာမို့..