Chapter - 15 (U+Z)

931 73 0
                                    

ပူလောင်နေသည့်စိတ်ကြောင့် အာရုံလွဲစေရန် gym ခန်းထဲသို့သွားကာ အကြောင်းမရှိဘဲ ဘားဆွဲနေမိသည်။ ဒါ သူ(မ)စိတ်ရှုပ်လာလျှင် လုပ်လေ့ရှိသည့်အရာတစ်ခု။ သူ(မ)၏ခံစားချက်တို့ မြစ်ဖျားခံရာက နွယ်။ နွယ့်ကြောင့် သဝန်တိုလိုက် ပူလောင်လိုက် ဝမ်းနည်းလိုက်နှင့် တကယ်ကို အပူသည်လုံလုံးဖြစ်နေပါပြီ။

ဘားဆွဲရင်းနှင့် နွယ့်အကြောင်း ခေါင်းထဲဝင်လာပြန်တော့ လက်လွတ်ကျသည်။ ဆွဲနေသည့် ဘားတန်းမှာ တော်တော်မြင့်သည်မို့ လက်လွတ်ကျသည်မှာ မသက်သာလှ။ သို့သော် နာကျင်မှုကြောင့် ပျော့တိပျော့ဖတ်နှင့် အော်ငိုညည်းညူနေမည့် မိန်းမမျိုးထဲတွင် သူ(မ)မပါ။ စုတ်တစ်ချက်သာသပ်လိုက်ပြီး ပြန်ထသည်။ ဒါဟာလည်း ဒေါ်သက်လွန်း၏ဂေဟာမှာ ကြီးပြင်းခဲ့ရသည့် အကျိုးကျေးဇူးတစ်ခုပေါ့။

ယခုတွင် ဒေါ်သက်လွန်းပျောက်သွားပြီး နောက်ပိုင်း ဂေဟာကို ရှင်းနွယ်က ဦးစီးသည်။ ဆွေးကိုလည်း ဦးစီးဖို့ပြောပေမယ့် သူ(မ)ငြင်းခဲ့ပါသည်။ ထိုဂေဟာမှ ကလေးများကို ကိုယ်တိုင်ရောင်းစားခံခဲ့ရသည့် သူ(မ)လည်း ကိုယ်ချင်းစာသည်မို့။

အခုနောက်ပိုင်းတွင် ရှင်းနွယ်က ကလေးတွေကို ဆက်မ‌ဝယ်တော့။ ကလေး တစ်ထောင်နီးပါးရှိသည်ကို တစ်သုတ်ပြီးတစ်သုတ်ရောင်းစားနေသည်မှာ ငါးရာကျော်သာ ကျန်တော့သည်။ အချို့ လေ့ကျင့်ရေးဆင်းသော်လည်း သိပ်အလုပ်မဖြစ်သည့် ကလေးများ ဥပမာ ၁၅ ၁၆ အရွယ်လေးတွေ ဖြူဖြူဥဥနှင့် အလှလေးတွေကို မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် လေလံပွဲလုပ်ပြီးတောင် ရောင်းစားသေးသည်။

မလုပ်နဲ့ဟုလည်း မတားရက်။ နွယ်က သူများငိုနေတာမြင်ရင် သိပ်အားရသည်တဲ့လေ။

လေ့ကျင့်ခန်းလည်း ဆက်လုပ်ချင်စိတ်မရှိ‌ေတာ့တာကြောင့် သူ(မ) gym ရှိရာ မြေအောက်ခန်းထဲမှ မြေပြင်ပေါ်သို့ တက်လာခဲ့သည်။ လှေကားတက်ရသည်မှာလည်း အထစ်ပေါင်းများစွာမို့ မောမိတာ ဆန်းသလား။ လူကိာမှ ချွေးသီးသီးကျရသည်အထိ။ အနက်ရောင် vest နှင့် yoga pants တို့ကို ဝတ်ထားသည်မို့ သူ(မ)၏ ခန္ဓာကိုယ် တောင့်တင်းကျစ်လျစ်မှုက မြင်သူ‌တိုင်းငေးစရာ။ မိန်းကလေးဆန်ဆန် ဖင်ကောက် ရင်ကော့နေသည်မဟုတ်ဘဲ ကြွက်သားအဖုအထစ်တို့နှင့် ခန့်ညားသည့်ဘက်သွားသည်။

နွယ်ရစ်သော ခွာညို (Completed)Where stories live. Discover now