Chapter 23 (U+Z)

990 83 2
                                    

"မမ"

ရင်းနှီးနေသည့် ခေါ်သံလေးက သူ(မ)ခြေလှမ်းတို့ကို ရပ်တန့်စေနိုင်ခဲ့သည်။ အနည်းငယ်ဩနေပေမယ့် သူ(မ)ထင်တာမမှားရင် ဒါ မောင်လေးရဲ့အသံ။

လက်ထဲ၌ ကိုင်ထားသော စက္ကူအိတ်ကလေးကို တင်းတင်းဆုပ်ကိုင်ကာ မဝံ့မရဲလှည့်ကြည့်လိုက်သည်။ ရှုပ်ရှက်ခတ်နေသည့် လူအုပ်ကြားထဲက အညိုရောင် cardigan လေးနှင့် ကောင်လေး။ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးနှင့် ထိုကောင်လေးက ငယ်ရုပ်မပြောင်း။

"သစ်ငယ်.."

ခပ်တိုးတိုးရေရွတ်လိုက်မိကာ ထိုကောင်လေးဆီသို့ သွားရန်ခြေလှမ်းစဉ် မျက်လုံးများမှိတ်ကျကာ ခွေကျသွားသောကြောင့် လူက ချက်ချင်း ထိုကောင်လေးဘေးရောက်ကာ မေ့သွားသည့် ကိုယ်လေးကို ထိန်းကိုင်လိုက်ရသည်။ ပွေ့လိုက်သည့်အချိန်တွင် ငှက်မွေးလေးအလား ပေါ့ပါးလှသည်ကြောင့် အံ့ဩရပြန်သည်။ ကောင်လေး၏ မျက်နှာကိုလည်း သေသေချာချာကြည့်မိသည်။ ငယ်ရုပ်လုံးဝမပြောင်းသည့် ကောင်လေးက အရင်ငါးနှစ်သားလေးအတိုင်းပင်။ သစ်ငယ်မှန်းသိစေနိုင်ရန် ထင်ရှားသည့် အမှတ်အသားတစ်ခုခု မရှိပေမယ့် သွေးသားဆိုသည့် စိတ်ကြောင့် သစ်ငယ်ဆိုတာ ဆွေး သိလိုက်သည်။ ဒါဆို မောင်လေးမသေဘူးပေါ့။

"သဲငယ်.."

ရုတ်တရက်‌အပြေးတလွှားရောက်လာသည့် သူက လက်ျာမောင်။ သဲငယ်လို့ ခေါ်လိုက်တာလား..။

"လက်ျာမောင်.."

လက်ျာက ဆွေးကို တစ်ချက်သာ ကြည့်ပြီး ဗညားကို ဆွေးထံမှလွှဲယူကာ ပွေ့လိုက်ရသည်။

"သူ ဘာဖြစ်သွားတာလဲ မနေဆွေး.."

အလွန်အမင်းစိုးရိမ်နေပုံရသည့် လက်ျာကို ဆွေး မျက်မှောင်ကြုတ်ရင်းကြည့်လိုက်သည်။ သူက ဘာလို့ စိုးရိမ်နေရတာလဲ။ သူနဲ့ ဒီကလေးက ဘယ်လိုပတ်သက်လို့လဲ..။

"ဒီအတိုင်းခွေကျသွားလို့ ထိန်းပေးလိုက်တာ.. မင်းနဲ့ ဘယ်လိုပတ်သက်လို့လဲ.."

"ကျွန်တော့် အမျိုးသားပါ.."

"ဘာ! ဒီကလေးသာသာ ကောင်လေးကို မင်း.."

နွယ်ရစ်သော ခွာညို (Completed)Where stories live. Discover now