အိမ်ထဲဝင်လိုက်တာနဲ့ ထွက်လာသည့် ငပိချက်အနံ့က ထောင်းခနဲ။ အရင်ကဆို ဤအနံ့ကိုကြိုက်မိပေမယ့် အခုကတော့ အရမ်းများလွန်းလို့လားမသိ။ နံနေပြီ။ သဲငယ်တော့ ဘာတွေလုပ်နေပြန်ပြီလဲမသိဘူး။ ဟိုတစ်နေ့ကလည်း သရက်သီးငပိချက် ချက်ချင်တယ်ဆိုလို့ အော်ဆူပြီးပြီ။ ဒါကို ဘာငပိတွေထပ်ချက်နေပြန်ပြီလဲမသိ။
မကြည်လင်သည့် စိတ်က ရလာသည့်အနံ့ကြောင့် ဒေါသ အချောင်းလိုက်ထွက်လာရသည်။ လက်သီးကို တင်းတင်းဆုပ်ထားရင်း မီးဖိုချောင်ထဲသွားလိုက်တော့ စားပွဲကြီးပေါ်မှာ ငပိချက်ဘူး သေးသေးလေးတွေက အစီအရီ။ သဲငယ်က ဒယ်အိုးထဲက ငပိချက်တွေကို ပလတ်စတစ်ဘူးလေးတွေထဲကော်ထည့်နေသည်။ သူ့ဂိုဏ်းသားတပည့်တစ်ယောက်က ဘူးလေးတွေကို ကြွပ်ကြွပ်အိတ်ထဲထည့်သည်။ သက္ကလေးကလည်း ပုဇွန်ခြောက်တွေထိုင်စားနေကာ လူကြီးနှစ်ယောက်လုပ်သမျှကို စိတ်ဝင်တစားလိုက်ကြည့်နေသည်။
"သဲငယ်.."
သူ့ခေါ်သံကြားမှ မော့ကြည့်လာသည့် သဲငယ်က အပြုံးနုနုလေးနှင့်။
"သဲငယ် ဘာတွေလုပ်နေတာလဲ.."
"သရက်သီးငပိချက်တွေလေ ကိုကိုရဲ့.. သဲငယ်ခေါင်းထဲ ပေါ်လာတဲ့ ချက်နည်းအတိုင်းချက်ထားတာ.. ကိုကိုလာမြည်းကြည့်ပါလား.."
မျက်နှာချိုချိုလေးနှင့် ပြောနေတော့ ပျော့ပျောင်းသွားရတာ ဒီလူရဲ့ နှလုံးသားပင်။ လက်ဖက်စားဇွန်းလေးနှင့် ငပိချက်လေးနည်းနည်းကော်ကာ ရှေ့တိုးလာသည်ကြောင့် ကိုယ်လည်း သူလေးအနားသွားကာ ဇွန်းထဲမှ ငပိချက်လေးကို မြည်းကြည့်လိုက်သည်။
ကောင်းတာတော့ တော်တော်ကောင်းသည်။ ချဉ်ငံငံစပ်စပ်လေးနှင့်။
"အဟမ်း.. ဒီဘူးတွေက.."
"ကိုကို့ ညစာစားပွဲမှာ ဝေဖို့ပါဆို.."
"ဟင်းး.. သဲငယ် ကိုကိုပြောထားပြီးပြီလေ.."
"သိပါတယ် ကိုကို.. ဒါပေမယ့် ဒီတစ်ခေါက်တော့ သဲငယ်လုပ်ချင်တာလေးကို လိုက်လျောပေးပါနော်.. ပြီးမှ ကိုကို ဆူချင်သလိုဆူ ဆဲချင်သလိုဆဲ ရိုက်ချင်လည်းရိုက် သဲငယ်ဘာမှမပြောဘူး.. နော်.."
YOU ARE READING
နွယ်ရစ်သော ခွာညို (Completed)
Romantiekစချစ်တဲ့သူထက် ဆက်ချစ်တဲ့သူက ပိုတယ်တဲ့.. အန်တီက ငယ့်ကို စချစ်ခဲ့ပေမယ့် ငယ်က ဆက်ချစ်ခဲ့ရသူမို့ ပိုတာ အပြစ်လား မမ.. မမ ဆက်မကြိုးစားပါနဲ့.. ငယ့်နှလုံးသားထဲမှာ အန်တီတစ်ယောက်ပဲရှိတာမို့..