Introduction

1.8K 139 11
                                    

1st World : Jay's competitive monotone world

" ညနေကျရုံးဆင်းရင် ဘိုးဘိုးကြီးက ညစာစားဖို့လာခဲ့ဦးတဲ့ "

၁၀လွှာ မှန်တံခါးကမြင်နေရတဲ့ Seoulမြို့ ညနေခင်းက လူတွေနဲ့ရှုပ်ထွေးနေတယ် ။

Jayက မျက်စိနောက်တာကြောင့်ရော သူ့အမေဖုန်းကြောင့် ခေါင်းကိုက်လာတာရော Nect tieကို လက်တစ်ဖက်နဲ့ဆွဲဖြုတ်လိုက်သည် ။

" ဘာလုပ်ဖို့လဲ "

" အမွေကိစ္စပြောဖို့ထင်တာပဲ ။ နင့်အဖိုးအခြေအနေလဲ နင်သိသားနဲ့ ၊ သူမသေခင် ပြီးပြတ်အောင်လုပ်သွားရမှာပေါ့ "

အမေ့လေသံက အဘိုးအ​တွက် နည်းနည်းတောင်စိတ်ပူပုံမပေါ်ဟန် ခပ်ဆတ်ဆတ် ။ Jayက အမေ့ကိုနားလည်ပါတယ် ၊ အမေ့အပေါ် နည်းနည်းမှ မျက်နှာသာမပေးခဲ့ ၊ Jayကြောင့်သာမဟုတ်ရင် အိမ်ပေါ်ခေါ်တင်ထားမှာတောင်မဟုတ်တဲ့ ခင်ပွန်းရဲ့ အဖေဖြစ်နေလို့လေ ။

" အမေတို့ရော လိုက်မှာလား "

" Jongseongကလွဲ ဘယ်သူမှမပါလာစေနဲ့တဲ့လေ ။ သူမပြောလဲ ငါတို့ကမလိုက်ပါဘူး "

ဆူပုတ်နေလောက်မယ့် အမေ့မျက်နှာကိုပြေးမြင်မိတော့ Jayက ခပ်ဖွဖွရယ်တယ် ။ မင်းသမီးဖြစ်ခဲ့ဖူးတဲ့ အမေဟာ အဘိုးပေါ်ထားတဲ့ သူ့အမုန်းကိုတော့ သရုပ်မဆောင်နိုင်ရှာဘူး ။

" ဟုတ်ကဲ့ပါ အမကြီးပတ်ခင်ဗျ ။ ကျွန်တော်ဖုန်းချလိုက်ပါတော့မယ် "

" Jay အမေဟင်းချက်ပြီးစောင့်နေမှာနော် ။ ဗိုက်ထဲနေရာချန်ပြီးစားခဲ့ "

" ဟုတ်ကဲ့ ချစ်ပါတယ်ခင်ဗျ "

အမေ့ဆီက ဖုန်းချလိုက်ပြီး Driverကို ကားထုတ်ထားဖို့အမိန့်ပေးရင်း Jayက သက်ပြင်းချမိပါတယ် ။ သပွတ်အူလို ရှုပ်နေတဲ့ သူတို့အိမ်တွင်းရေးက ဒီအမွေကိစ္စကြောင့်နဲ့တော့ ပိုရှုပ်လာတော့မှာပဲ ။

ဘိုးဘိုးကြီးမှာ မိန်းမနှစ်ယောက်ရှိတယ် ။ မေးငေါ့ချင်ကြတဲ့လူတွေရှိပေမယ့် ဘိုးဘိုးကြီးရဲ့ စည်းစိမ်အရှိန်က အားလုံးရဲ့ပါးစပ်ကိုပိတ်စေနိုင်ခဲ့သည်လေ ။

အဲ့မိန်းမနှစ်ယောက်ကနေ မွေးဖွားလာတဲ့ Jayဖခင်နဲ့ အန်တီလေးတို့ မတည့်ကြတာ အဆန်းတော့မဟုတ် ။ ဖအေတူ မအေကွဲချင်းဆိုတော့ တစ်ဦးတည်းသော ဒီဖခင်၏ အကြင်နာတွေကိုမရတဲ့အခါ ၊ အမေချင်းကလဲ အချင်းချင်းရန်စောင်နေကြတဲ့အခါ ဒီကလေးနှစ်ယောက်မတည့်တာလဲ မဆန်းပါ ။

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now