COLLISION - 8

920 124 14
                                    

" CEOနဲ့တွေ့ဖို့ဆို Appointment ကြိုယူမှရပါလိမ့်မယ် ။ အခုက CEOက အရေးကြီးဧည့်သည်နဲ့တွေ့နေတာမို့ "

" ကျွန်တော်က CEOထက် ရာထူးကြီးတဲ့ သူ့ယောက်ျားဗျာ ။ မဖွင့်ပေးလဲ ဇွတ်ဝင်ပြီ ဒါပဲ "

အခန်းထဲဝင်ဝင်ခြင်းမြင်ရတဲ့ပုံရိပ်ကြောင့် SungHoonမျက်ခုံးပေါ်က ရာသီဥတုဟာ မှုန်ကုပ်ကုပ်ဖြစ်သွားရတယ် ။

အော် .. ဒီလိုလှလှပပကောင်မလေးမျိုးကို အရေးကြီးဧည့်သည်ခေါ်တာလား ။

" အေးဆေး ဆွေးနွေးကြပါဗျ ။ ကျွန်တော်ရောက်လာလို့ အနှောင့်အယှက်မဖြစ်လောက်ဘူးထင်ပါတယ်နော် "

CEOထိုင်တဲ့ ဆုံလည်ကုလားထိုင်ပေါ်ထိုင်ပြီး SungHoonက ရှေ့တူရူကမြင်ကွင်းကို ပီကေတဖောက်ဖောက်စားရင်း စိမ်ပြေနပြေကြည့်တယ် ။

အမျိုးသမီးမျက်နှာဟာ စိတ်အလိုမကျဟန်နဲ့ ။ SungHoonရဲ့ Jayကတော့ ငါးကြော်ခိုးစားနေတုန်း လူမိသွားတဲ့ကြောင်နက်ကလေးလိုမျိုး သနားစရာမျက်နှာပေးလေးနဲ့ ။

" ဟုတ်ကဲ့ဗျ ၊ ကျွန်တော်တို့ဘက်က နောက်မှအကြောင်းပြန်ပါ့မယ်နော် "

Jayက SungHoonစိတ်တိုနေမှန်းရိပ်မိတာမို့ စကားစမြန်မြန်ဖြတ်ပုံပါပဲ ။

SungHoonကတော့ ဘောပင်ကိုဆွဲလို့ စားပွဲပေါ်က တွေ့တဲ့စာအုပ်ပေါ်မှာ ရေးချင်ရာရေးပစ်လိုက်တယ် ။

* Park Jay မကောင်းတဲ့လူ ။
ငါကတော့ သူ့ကိုချော့ဖို့အတန်းလစ်လာရတာ ၊ သူကတော့ ဒီမှာအကြည်စိုက်နေတယ် ။ သွေးထွက်အောင်ကိုက်ပစ်မယ်

" Sung .. SungHoon .. "

မဝံ့မရဲ အနားလာရပ်တဲ့ Jayက ချစ်တော့လဲချစ်စရာလေးပေမယ့် SungHoonက လျှော့ပေးဖို့စိတ်ကူးမရှိပါ ။

" လာ သွားမယ် .. "

" ဟင် .. ဘယ်လဲ ဘယ်ကိုလဲ "

" စကားတစ်ခွန်းထပ်ဟတာနဲ့ ပွေ့ချီခေါ်သွားမှာနော် ။ လူတွေအများကြီးရှေ့ babyingမခံချင်ရင်ငြိမ်ငြိမ်လေးလိုက်ခဲ့ "

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now