COLLISION - 7

938 130 17
                                    

" ဆရာ Coffee "

" ထားခဲ့ "

အသံပြတ်နဲ့ပြောလာတဲ့ CEOကြောင့် အတွင်းရေးမှူးကောင်််မလေးက ခေါင်းလေးကုပ်လို့ ။

CEOက ခါတိုင်းဒေါသကြီးတဲ့သူပေမယ့် အခုလိုမျိုး မလိုဘဲနဲ့တော့ ဒေါသထွက်လေ့မရှိပါ ။

" ဒါ ဒီနေ့ Meetingအတွက်ပြင်ထားတဲ့ Presentation အကြမ်းပါ ။ ဆရာလိုတာရှိရင် - "

" လိုတာကတော့ မင်းပါးစပ်ကလေးပိတ်ဖို့ပဲ "

Jayက ခုံကိုလက်ဆစ်နဲ့ တဒေါက်ဒေါက်ခေါက်နေရင်း Park SungHoonကို မေတ္တာဆက်ပို့ပါတယ် ။

ဒင်းလုပ်ပုံကောင်းကြသေးရဲ့လား ။ ညကတည်းက မနက်ကျရင် ကျောင်းလိုက်ပို့မှာမို့ သေချာပေါက်နိုးပါလို့ပြောခဲ့တာကို မခန့်လေးစားလုပ်တာ ။

Jayလဲနိုးလာရော " မောင့်Jayပင်ပန်းနေတာ မနှိုးရက်လို့ သွားနှင့်ပြီ " ဆိုတဲ့ Sticky Noteတစ်ခုကပဲ အသင့်ကြိုနေသည် ။

" ဒီမှာ .. အတွင်းရေးမှူးKim
အဟမ်း .. ငါမေးမယ် ။ ဒါက ငါဖြစ်နေတာမဟုတ်ဘူး ငါ့သူငယ်ချင်းဖြစ်နေတဲ့ကိစ္စနော် "

Jayက လိမ်ညာဖို့အသင့်ပြင်ရင်း ချောင်းဟန့်လိုက်သည် ။

" မင်းလက်ထပ်ထားတဲ့အမျိုးသားက မင်းကိုမပြောဘဲ တစ်နေရာကိုသွားရင် ဘယ်လိုခံစားရမလဲ "

" သေချာပေါက် သူရှိတဲ့နေရာကိုလိုက်သွားရမှာပေါ့ "

Yes! ငါကြားချင်တာဒါပဲ ။ Park SungHoon မင်းနဲ့ငါတွေ့ပြီ ။ Smirkအကြီးကြီးတစ်ခုက Jayမျက်နှာပေါ်လှလှပပနေရာယူထားရင်း မတ်တပ်ထရပ်မိသည် ။

" ဆရာ ဆရာ ဘယ်သွားမလို့လဲ Meetingရှိသေးတယ်လေ "

Jayဆောင့်ကြီးအောင့်ကြီးနဲ့ပဲ ခုံပေါ်ထိုင်ချလိုက်ရသည် ။ ဒီသောက်လုပ်တွေလဲ သူမလုပ်ချင်တော့ဘူး ။ Park SungHoonနားမှာပဲ ကြောင်လေးလိုချွဲ --

အား Park Jay စိတ်ထိန်းစမ်းပါ ။ မင်းတို့က ဘာမှမဟုတ်သေးဘူး ။ အမ် ...ဟုတ်ပြီးပြီလေ ။

စိတ်ထဲမှာ Internal Conflictအကြီးကြီးဖြစ်နေသည့် Jayကို အတွင်းရေးမှူးက သနားသလိုကြည့်သည် ။

အချစ်နဲ့ပတ်သတ်ရင် လူတိုင်းကအရူးပဲ ။ ငါတို့ CEOကတော့ နေရာတကာ သူများထက်ကိုလွန်လွန်ကဲကဲ ။

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now