COLLISION 1

977 127 26
                                    

" သခင်လေး ဒီကိုကြွပါ "

ဘိုးဘိုးကြီးအခန်းထဲဝင်တော့ ရင်းနှီးနေပြီးသား ရိုးရာဆေးနံ့က Jayကိုကြိုဆိုလျက် .. ။

Jayအသံကြားတော့ မှိန်းနေဟန်ရှိသည့် ဘိုးဘိုးကြီးက ခေါင်းထောင်လာတာမို့ မနည်းထဆွဲရသည် ။

" ​Jongseongတို့များ အဘိုးဆီမလာတာ တစ်ပတ်တောင်ပြည့်တော့မယ် "

ကိုရီးယားနာမည်ကိုခေါ်တာ အဘိုးပဲရှိတာမို့ Jayက ပြုံးချင်ချင် ။ အမေသာကြားရင်တော့ နင့်အဖိုးက အောက်နေပြီပြောဦးမှာ ။

" ကျွန်တော်အခုရက်ပိုင်းအလုပ်နည်းနည်းများနေလို့ပါ အဖိုးရဲ့ ။ နောက်နေ့ကစ နေ့တိုင်းမဝင်နိုင်ရင်တောင် ၂ရက်ခြား ၃ရက်ခြားအလုပ်မသွားခင် စောစောဝင်လာပါ့မယ်နော် "

အမွေလိုချင်တယ်ဆိုတာလဲ ပါသင့်သလောက်ပါပေမယ့် အဘိုးဖြစ်သူကိုတော့ Jayက ဒီလောက်မမုန်းလှပါ ။ အဘိုးက အရင်က ဘယ်လိုပဲမကောင်းသည့်လူဖြစ်ဖြစ် အခုကောင်းပေးနေတာပါပဲလေ ။

" ငါ့မြေး ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အလုပ်နဲ့ပဲတိုင်းတာလို့မရဘူး ။ မိသားစုကို တန်ဖိုးထားတတ်ဖို့လဲလိုသေးတယ် ။ အဘိုး ငယ်ငယ်တုန်းက ဒါတွေနားမလည်ခဲ့ဘူး ။ အလုပ်လုပ် ၊ လိုသလောက်ငွေရှာပေးရင်ပြီးပြီပဲထင်ခဲ့တာ ။ ဒါတွေမှားမှန်းသိတဲ့အချိန် အဘိုးရဲ့ အိမ်ထောင်ရေးက အစိတ်စိတ်အမြွှာမြွှာဖြစ်နေခဲ့ပြီ ။ ငါ့မြေးအဖေနဲ့ Jaeyunအမေလဲ မောင်နှမတွေကနေ ရန်သူ​ကြီးတွေဖြစ်နေခဲ့ပြီ "

စကားအရှည်ကြီးပြောလိုက်ရလို့ မောနေတဲ့ အဘိုးကို Jayက ဘာလုပ်ပေးရမှန်းမသိဘူး ။ တံခါးဖွင့်ဝင်လာတဲ့ Jakeကတော့ ဘေးနားချထားတဲ့ ပိုက်နဲ့ ကြက်ပေါင်းရည်ကို နည်းနည်းစီ အစက်ချပြီးတိုက်တာမို့ Jayမေးရိုးထင်းထင်းဟာ လူသတ်လို့ရလောက်အောင် ချွန်မြသွားလေရဲ့ ။

" အဘိုးက အခုလိုပဲ ခဏခဏမောတတ်တယ် ကိုကိုရဲ့ ။ ကိုကိုက ဒီနေ့မှလာဖြစ်တော့ ဘယ်သိပါ့မလဲ "

အဘိုးရှေ့ ဘာမှမသိသလို ဖြူဖြူစင်စင်ပြုံးပြလာတဲ့ Jakeကြောင့် Jayရဲ့ ဒေါသတွေဟာ လောင်စာဆီထဲ မီးခြစ်ပစ်ချလိုက်သလို တဟုန်းဟုန်းတောက်လို့ ။ တရားဥပဒေသာရှိမနေရင် ဒီခွေးသားလေး အပိုင်းပိုင်းဖြစ်နေလောက်ပြီ ။

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now