COLLISION-4

940 122 24
                                    

" JayJay သားဒါလေးသဘောကျတယ်မလား မှာလေ "

" ဟုတ်ကဲ့ပါ အစ်မကြီး Parkခင်ဗျ ။ ကျွန်တော့်ကိုတော်ရုံပဲဂရုစိုက်ပြီး ဒီဘက်က အစ်ကိုကြီးParkကိုပဲ မေးလိုက်ပါ ။ နှစ်ယောက်သားရဲ့ဆက်ဆံရေးထဲ ကျွန်တော် တတိယဘီးလေးပဲဖြစ်ပါရစေ "

ဒီည Jayတို့ မိသားစုသုံးယောက် ညစာတူတူထွက်စားကြတာပင် ။ ဖေဖေကတော့ရှက်ပြုံးကြီးပြုံးပြီး မေမေငှဲ့ပေးထားသည့် Wineကိုသောက်နေသည် ။

" လိုတာရှိရင် ခေါ်လိုက်ပါခင်ဗျ "

Waiterကောင်လေးကို ခေါင်းညိတ်ပြလိုက်ရင်း Jayက ဘာရယ်မဟုတ် ဆိုင်ထဲဝေ့ကြည့်လိုက်တော့မှ သိမ်ငယ်ချင်စရာ ။

တစ်ဆိုင်လုံး အတွဲတွေချည်း ။

နေနှင့်ဦးပေါ့ - နောက်မှ SungHoonနဲ့လာဦးမယ် ။

" JayJay ဘာတွေတွေးပြီးပြုံးနေတာလဲ "

" ဗျာ .. "

အခုမှသာ သူဘာတွေတွေးနေတယ်ဆိုတာ သတိထားမိပြီး Jayက လန့်သွားရတော့သည် ။

ဘာလို့လာရမှာလဲ ၊ သူနဲ့ငါဘာမှမဟုတ်တဲ့ဟာ ။

( ဟိုတစ်နေ့ညက နမ်းခဲ့တယ်လေ ..  )

သူ့ကိုယ်တွင်းတစ်နေရာက နတ်ဆိုးက Jayလွန်ခဲ့တဲ့ ၃ရက်လုံးလုံး အတင်းမေ့လျော့ထားခဲ့သော အနမ်းအကြောင်းကိုသတိပေးသည် ။

SungHoonရဲ့ စီးကရတ်နံ့သင်းနေသော နှုတ်ခမ်းတွေ ... ။

" Jay ဘာလို့ရေတွေမော့သောက်နေတာလဲ သား "

" မ .. မဟုတ်ပါဘူး "

SungHoonအကြောင်းတွေးရုံနဲ့တင် သိပ်မူပျက်နေသော ကိုယ့်ကိုယ်ကိုပဲ Jayက အမြင်ကပ်တော့သည် ။ ဘယ့်နှယ် ဟိုကဖြင့် ပြီးခဲ့တဲ့ ၃ရက်လုံး အမြီးတောင်ဖမ်းမရတဲ့ဟာ ။

Jayမှာသာ ပြန်တွေ့ဦးမလားဆိုပြီး လိုက်ရှာနေရတာ ဆီတွေလဲကုန်လှပြီ ။ ပြန်တွေ့မှ ဆီဖိုးတောင်းပစ်မယ် ။ မပေးနိုင်ရင် လူသိမ်းပစ် --

အားးး Park Jayရေ ။

Jayရှက်လွန်းလို့ ပူထူတက်လာတဲ့မျက်နှာကို အေးအောင်ဆိုပြီး အပြင်ကိုကြည့်မိကာမှ ပိုဆိုးတော့သည် ။

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now