COLLISION - FINAL

1.5K 129 29
                                    

" ထတော့လို့ JayJayလေးရဲ့ "

" နေဦး ခဏလေး ထမယ် ! "

Jayဟာ အိပ်ရေးမဝတဲ့အချိန် တရားလွန်တရားမင်းချစ်ဖို့ကောင်းသည့်ကလေးဆိုတာသိကြရဲ့လား ။

မျက်လုံးဖွင့်အိပ်နေသည့်Jayပါးပေါ် ဘောပင်နဲ့ လျှောက်ခြစ်နေသည့် SungHoonကတော့သိပါသည် ။

ကြောင်နှုတ်ခမ်းမွှေးလေးတပ်ပေးပြီးသည်အထိ နိုးမလာသေးတာမို့ SungHoonက စိတ်မရှည်စွာဆွဲထိုးမိတော့သည် ။ သူက နည်းနည်းအချစ်ကြမ်းပါသည် ။

" ကလိမထိုးနဲ့လို့ ယားတယ်ဟ ထပြီ ထပြီ အိပ်ကောင်းခြင်းကိုမအိပ်ရဘူး ။ မင်းကိုငါမျက်နှာသစ်ပြီးရင် အသေသတ်မှာ ကြည့်နေ "

SungHoonက တဟဲဟဲရယ်ရင်း အိပ်ရာဆွဲသိမ်းလို့ Jayအတွက် အဝတ်အစားထုတ်ပေးလိုက်သည် ။

တနင်္ဂနွေနေ့မို့ သူကျောင်းသွားစရာလဲမလိုပါ ။ Jayကို တစ်နေကုန်လိုက်နှောင့်ယှက်ဖို့ပဲစိတ်ကူးရှိသည် ။

" ဟာ ချစ်စရာလေး မောင့်Jayကရေညှိပတ်ထားတဲ့ ထမင်းဆုပ်ကလေးနဲ့တူတယ်နော် ။ နည်းနည်းလောက်မြည်းကြည့်လို့ရမလား ။ ကြိုက်ရင်ဝယ်မယ်လေ  "

" အဘိုးအိမ်မှာ ငါ့ကိုစိန်မခေါ်နဲ့နော် Park SungHoon "

Jayက မျက်လုံးပြူးပြရင်းခြိမ်းခြောက်တာကို SungHoonလဲ အထွန့်မတက်ရဲတော့ ။

" ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပါရဲ့လား အဘိုး "

မနက်စာစားနေတုန်းလဲ SungHoonက အဘိုးကို သေချာဂရုစိုက်ပေးတာမို့ အဘိုးကပြုံးလို့ ။

လူရွေးမှန်တဲ့Jayမှာတော့ အဘိုးမမြင်အောင်ခိုးပြုံးရတာအလုပ်တစ်လုပ် ။

" ရုံးသွားဦးမလားJongSeong... "

" မသွားတော့ဘူး အဘိုး။ အိမ်မှာပဲ နည်းနည်းလုပ်စရာရှိတာလေးလုပ်လိုက်ဦးမယ် ။ အဘိုးပြောစရာရှိတယ်ဆို "

" အေး မင်းလုပ်စရာရှိတာလုပ်လေ ။ ပြီးမှပြောတာပေါ့ "

Jayက ခေါင်းညိတ်ပြရင်း သူ့အခန်းထဲသူပြန်ဝင်လာတယ် ။ Mailစစ်ရင်းနဲ့ Notebook ထဲက Fileတွေကို တစ်ခါတည်းစစ်တယ် ။

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now