COLLISION - 6

938 128 23
                                    

လက်ထပ်ပွဲက သိပ်တော့လဲမကြီးကျယ်လှပါ ။

အဘိုးရှေ့မှာတင် အသိသက်သေ ၂ယောက် ၃ယောက်လောက်နဲ့ လက်မှတ်ထိုးခဲ့ရုံ အကျဥ်းရုံးသာ ။

အခုညဘက်မှာတော့ ဘယ်သူမှမရှိတော့သော Condoထဲ သူတို့ နှစ်ယောက်တည်း ခြောက်ကပ်ကပ် ။

တစ်ယောက်ကိုတစ်ယောက်ချစ်လို့ လက်ထပ်ထားကြတာလဲမဟုတ်တော့ ဘာလုပ်နေလဲလဲ စပ်မစုနေကြပါဘူး ။

SungHoonလဲ သူ့ဘာသာ ကျောင်းပြန်တက်ဖို့ လုပ်စရာရှိတာလုပ် ၊ Jayလဲ tabletနဲ့ အလုပ်လုပ်နေတာ ။

" Park SungHoon တကယ်ကြီး ငြိမ်နေတာပဲ "

Jayက မျက်မှန်ကိုချွတ်ချရင်း SungHoonရှိလောက်မယ့်နေရာကိုထွက်ရှာတယ် ။ လစ်လပ်နေတဲ့အခန်းကြောင့် Jayဟာ မျက်မှောင်ကြုံ့မိလျက်သား ။

SungHoonဖွင့်ထားခဲ့ဟန်ရှိတဲ့ TVဟာ သွေးသံရဲရဲနဲ့ သရဲကားတစ်ကားလာနေတာမို့ Remote Controlလိုက်ရှာနေတုန်း လျှပ်စစ်မီးဟာ ရုတ်ချည်းအမှောင်ကျလို့ ။

" SungHoonရေ !! "

Jayဟာခလုတ်ထိမှအမိတတဲ့လူစားမဟုတ်ဘူး ။ မျက်မှန်တပ်ထားရလို့ ခေါင်းမူးတာကအစ မီးပျက်သွားလို့ကြောက်ရတဲ့အထိ SungHoonကိုပဲပြောပြချင်တော့တာ ။

တဒိန်းဒိန်းခုန်လာတဲ့ရင်ဟာ လောလောလတ်လတ်ကမှ သူမြင်ထားတဲ့ ဇာတ်ဝင်ခန်းကို ပြန်မြင်ယောင်လာစေတယ် ။ ကျုံ့ကျုံ့လေးထိုင်ချလို့ SungHoonနာမည်ကိုပဲ ရေရွတ်နေမိတော့တာ အားထားရာတစ်ခုလိုမျိုး ။

ဒီအမျိုးသားလေးရဲ့ နာမကိုက စိတ်လုံခြုံခြင်းရဲ့ စေတသိတ်ပဲ ။ Jayနှုတ်ခမ်းတွေဟာ SungHoonနာမည်နဲ့ပဲထုံမွှမ်းနေခဲ့တယ် ။

" အရမ်းလန့်နေလား ။ တောင်းပန်ပါတယ်ဗျာ ၊ ခံတွင်းချဥ်လို့ အောက်က Storeမှာ Cigaretteသွားဝယ်တာ ။ Car Parking မှာ Wire Shockဖြစ်တာတဲ့ ။ ဘာမှမဖြစ်ဘူးမလားဟင် Jay "

ချွေးတွေရွှဲနေတဲ့ SungHoonက Jayကို ပခုံးက တင်းတင်းကိုင်လို့ အနာတရရှိမရှိစစ်ဆေးတယ် ။ Jayအောက်နှုတ်ခမ်းကွဲရာဖျော့ဖျော့လေးက အသက်ပါပါပြုံးလာတော့မှသာ SungHoonက သက်ပြင်းချဖို့ သတိရတယ် ။

ဒီလူဟာ သူ့ဆီက ဘာတစ်ခုမှမယူရအောင်ပြည့်စုံနေမှန်းသိသိကြီးတောင် ကိုယ်က ဂရုစိုက်ခြင်းတွေ ဖောဖောသီသီပေးလိုခဲ့တာ ။

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Donde viven las historias. Descúbrelo ahora