COLLISION - 3

933 132 15
                                    

" တောက် ...စောက်ရေးမပါတာ "

Jayက စိတ်တိုတိုနဲ့ ဟွန်းကို ဆောင့်တီးချလိုက်တာမို့ ဟွန်းသံကင်းမဲ့ဇုန်ထဲ အသံကျယ်ကြီးထွက်လာသည် ။ ဒါပေမယ့် သူနည်းနည်းတောင် အဖတ်မလုပ်ပါ ။

* ကျွန်တော်က လက်ထပ်ချင်နေပြီအဘိုးရဲ့ ၊ သူက မင်းသမီးဆိုတော့ နည်းနည်းအလုပ်များတယ်လေ ။ ကိုကိုရော တစ်ယောက်တည်းနေတော့မလို့လား

အဘိုးနဲ့ညစာစားရင်း Sim Jakeဆီက ဒီလိုတွေ အပြောခံခဲ့ရတာမို့ Jayစိတ်တွေ နည်းနည်းတောင် ငြိမ်သက်မနေပါ ။ တအားစိတ်တိုနေတာမို့ အိမ်မပြန်ဘဲ ခြေဦးတည်းရာ ကားမောင်းလာရင်း သည်းမခံနိုင်တော့တာမို့ လူရှင်းတဲ့လမ်း​ဘေးမှာ ကားရပ်ရင်း ဟွန်းဆောင့်တီးနေမိတာပင် ။

နောက်မှ ဒဏ်ရိုက်လဲ ခံလိုက်တော့မည် ။

အတွေးမှမဆုံးသေး မှန်တံခါးကို တဒေါက်ဒေါက်ခေါက်နေတာမို့ ကွိုင်ပြီဆိုပြီး မျက်မှောင်ကြုံ့ကြည့်မိတော့ ရင်းနှီးနေပြီးသား မျက်နှာချောချောက အသင့်စောင့်နေသည် ။

" Park SungHoonက ဘယ်လိုဖြစ်ပြီး ... "

ဆက်တိုက်ခေါက်လာတာမို့ Jayကားပေါ်က ဆင်းလိုက်တော့ အေးစက်နေသည့် လေအရှိန်ကြောင့် ကြက်သီးတဖြန်းဖြန်း ။

" Cigarette ဝယ်ဖို့ထွက်လာရင်း ခင်ဗျားကိုတွေ့လို့ကြည့်နေတာ ။ ကလေးကလားနဲ့ ဟွန်းတီးတိုင်းဆော့နေတာလား ခင်ဗျား "

အိတ်ကပ်ထဲ လက်ထည့်လို့ မကြည်သလိုမေးလာတဲ့ SungHoonကြောင့် နဂိုဒေါသထွက်နေပြီးသား Jayက ပိုလို့တောင် ဒေါသထွက်ရသည် ။

" မင်းအပူလား ..   "

" အော် ခင်ဗျား အေးနေပြီ "

ပြောပြောဆိုဆို သူဝတ်ထားတဲ့ Coatကို ချွတ်ပြီး ကိုယ့်ပေါ်ခြုံလာပေးတဲ့ SungHoonကြောင့် Jayမှာ အူကြောင်ကြောင်ဖြစ်ရသေး ။

" မအေးဘူး ပြန်ယူ "

" အော်ဟော် ဒါကသိပ်တော့စျေးမကြီးပေမယ့် နွေးပါတယ်ဗျ ခြုံထားစမ်းပါ Park Jayရာ ! ခေါင်းမမာပါနဲ့ "

လူကို ကလေးချော့သလိုချော့နေတာမို့ Jayက အေးရတဲ့အထဲ မျက်နှာတွေပူတက်လာရသည် ။ ဆုံစရာအကြောင်းမရှိပေမယ့် ဒီကောင်လေးနဲ့ ဘာကြောင့်များခဏခဏဆုံနေရပါသလဲ ။ တွေ့လိုက်တိုင်း ဘာကြောင့်များ Jayက သူငယ်နှပ်စားကလေးလို စဥ်းစားနိုင်စွမ်းတွေ ရပ်ရပ်သွားရပါသလဲ ။

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now