COLLISION 2

922 130 10
                                    

" အဲ့တော့ မင်းကငါ့​ကိုကယ်ခဲ့တာလား ... "

ဆေးရုံကုတင်ပေါ်က Jayက လူနာဝတ်စုံဖြူဖြူကြောင့် ပိုပြီးဖြူဖျော့နေသလိုလို ။

ဒါပေမယ့် ဘေးခုံမှာထိုင်နေတဲ့ ကောင်လေးကိုမကြည်သလို ကြည့်နေတဲ့ Jayမျက်လုံးတွေက အရှိန်အဝါပြင်းနေတုန်း ။

Jayရဲ့ ဒီလိုမီးလိုမျက်လုံးတွေနဲ့ အကြည့်ခံရတဲ့သူဟာ ရိုးတွင်းခြင်ဆီထဲအဖောက်ခံရသလို ကြောက်ရွံ့နေကျ .. ။ ဒါပေမယ့် ထူးဆန်းစွာပဲ Jayရဲ့ အရှိန်အဝါတွေက ဒီအသားဖြူဖြူကောင်လေးပေါ် နည်းနည်းမှ သက်ရောက်မှုမရှိဘူးလားမသိပါ ။

Jayကို ထီမထင်တဲ့မျက်လုံးတွေနဲ့ပြန်ကြည့်ရင်း ပီကေတောင် တဖောက်ဖောက်ဝါးနေသေးသည် ။ ဘယ်လိုငတိလဲမသိ !

" ဟုတ်တယ် .. "

ကြည့် .. အသံကအစ အချိုးမပြေတာမို့ လူကြီးဖြစ်တဲ့ Jayကပဲ တစ်ထစ်လျှော့ပေးလိုက်ရပါ၏ ။

" ဘယ်သူတွေလုပ်တာလဲဆိုတာ မင်းသိလား "

" မသိဘူး ။ ရုပ်မြင်ရင်တော့ မှတ်မိမယ်ထင်တာပဲလေ "

အေးပေါ့ .. မေးသာမေးရတာ ဒီလက်တောက်လောက်ကလေးက ဘယ်သိမှာလဲ ။ Jayကတော့ အံကြိတ်ထားမိတာ နှုတ်ခမ်းသားတွေတောင် ပေါက်တော့မလို့ ။
သေချာတယ် .. ဟိုကောင်ပဲနေမှာ ။

" ဒါနဲ့ ... ကျွန်တော်ပြန်တော့မယ် "

" အော် ပြန်ပါ "

" ဟ ဒါပဲလား "

" ဟင် .. ထပြီးနှုတ်ဆက်ရဦးမှာလား ။ အဲ့တာတော့ စိတ်မရှိနဲ့ကွာ .. ငါ တကယ်မထနိုင် ..."

" ဟေ့လူ ... "

ရုတ်တရုတ်ကြီး ထိုင်ရာကထခုန်ပြီး ရှူးရှူးရှဲရှဲဖြစ်လာတဲ့ ကောင်လေးကြောင့် Jayမှာလဲ အူကြောင်ကြောင် ။ မနေ့ညက ရေထဲကန်ချခံထားရတာငါပါဟ ။

" ခင်ဗျားကို သက်စွန့်ဆံဖျားကယ်ထားခဲ့ရတဲ့လူကို ဒီအတိုင်းကြီးပြန်လွှတ်တယ်ပေါ့ ။ သူဌေးဖြစ်ပြီးကပ်စေးနည်းလှချည်လား ခင်ဗျားအသက်က ဒီလောက်တောင် တန်ဖိုးမရှိတာလား "

" ဟင် ရှိပါတယ် .. "

" ရှိရင် ပေးလေ ပိုက်ဆံ "

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now