COLLISION - 9

891 127 18
                                    

" ငါတော့ နင်နဲ့တူတူ Presentation​လုပ်ရမှာမလို့ဝမ်းသာတယ် သိလား SungHoon "

" အော် နင်က Hyperပဲဟာ ၊ ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်ပြေမှာပါ "

စကားပြောသံကြားလို့ Jayလူးလွန့်ရင်း နိုးလာတော့ ဝရန်တာမှာ ဖုန်းပြောနေဟန်ရှိသည့် SungHoonက အပြေးလာထူသည် ။

" ရတယ် ရတယ် ဖုန်းပြီးအောင်ပြော "

" ဖုန်းပြောပြီးရင် Morning Kissပေးနော် "

" တောမှာသွားပြော "

Jayက မနိုင်ဘူးဆိုတဲ့အထာနဲ့ ခေါင်းခါပြလိုက်ရင်း ရေချိုးဖို့ပြင်ရသည် ။

သူရေချိုးပြီးထွက်လာသည်အထိ SungHoonဖုန်းပြောတာ မပြီးသေး ။ ရယ်ပါရယ်နေသေးတာမို့ Jayက မကြည်မသာ ။

သူများဖုန်းပြောတာမျိုး ချောင်းနားမထောင်သင့်ပေမယ့် Jayက SungHoonနှင့်ပတ်သတ်လာလျှင် တစ်ရွာလုံးနဲ့တစ်ယောက် အကြောတင်းကလေးမလား .. ။

" SungHoonက အရမ်းရယ်ရတာပဲ ။ Mondayကျောင်းမှာတွေ့ရင်လဲ Presentationအတွက် တူတူတိုင်ပင်ကြမယ်လေနော် "

" အိုကေပါ Group projectပဲမလား ။ အားလုံးတူတူစုမယ့်နေရာကို ငါ့ကို Messageပို့ထားလိုက်လေ "

" ဟင့်အင်း ငါနဲ့နင် နှစ်ယောက်တည်းလေ "

Speakerဖွင့်ပြောနေတာမို့ SungHoonဖုန်းသံကို အတိုင်းသားကြားရသည်အခါ Jayဒေါသကြောင့် တောက်ခေါက်လိုက်မိသည် ။

" မောင့် Jay .. ဝတ်စရာမရှိလို့လား ၊ ခဏနော် မောင် Receptionကို သွားပြောပေးမယ် "

Jayက အလိုကျစွာပြုံးရင်း SungHoonကိုလိုက်ကြည့်မိသည် ။ SungHoonရဲ့ ဂရုစိုက်မှုတွေ ၊ အလိုက်သိမှုတွေအားလုံးကို သူပဲ အပိုင်စားရချင်သည်လေ ။

" SungHoon .. SungHoon ပြောနေရင်း ဘယ်ရောက်သွားလဲ "

SungHoonဖုန်းကို Jayကောက်ကိုင်လိုက်သည် ။ သူ့အသံဟာ သဝန်တိုနေတာမို့ လိုတာထက်ကို မာထန်ထန် ။

" SungHoon မရှိဘူး
အခုပြောနေတာ သူ့အမျိုးသား Park Jay "

" ရှင် SungHoonက ဘယ်လိုဖြစ်ပြီး .. "

" ဟုတ်တယ် သူကလဲ ငါ့ကိုချစ်တယ် ။ သူချစ်တာရဲ့ ၂ဆလောက်တောင် ငါကပိုချစ်သေးတယ် ။ ငါက SungHoonကို ငါ့နားနေအောင် နည်းမျိုးစုံသုံးခဲ့တာမို့ ဘယ်တော့မှ ကြားဝင်ဖို့စိတ်မကူးနဲ့ ။ ငါကသူနဲ့ပတ်သတ်ရင် ဘာကိုမှဝန်မလေးဘူး ! ဖုန်းချပြီ "

𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)Where stories live. Discover now