" ဒီအခန်းငါယူမယ် "
" မရဘူး ကျွန်တော်ဒါယူမှာ ။ ခင်ဗျားအကြီးဖြစ်ပြီးမရစ်နဲ့ "
" မင်းကလဲ အငယ်ဖြစ်ပြီးလျှော့ပေးပေါ့ "
" ခင်ဗျားကလျှော့ရမှာလေ "
တစ်ယောက်တစ်ခွန်းအော်နေကြသော နှစ်ယောက်ကိုကြည့်ရင်း အိမ်ခြံမြေအကျိုးဆောင်ကောင်မလေးကစိတ်ညစ်လှပြီ ။ Jayမျက်နှာဟာလဲ ဒေါသကြောင့်ခရမ်းချဥ်သီးထက်အရောင်ရင့်ကာ နဂါးမောက်သီးလေးလိုဖြစ်နေပြီ ။
Park SungHoonအစုတ်အပြတ်ကြည့်ရတာ ဒီအခန်းကို ဒီလောက်ကြီးလိုချင်ပုံလဲမရဘဲ သက်သက်Jayကို ကပ်သီးကပ်ဖဲ့လိုက်လုနေတာမို့ ပိုဒေါသထွက်မိခြင်း ။
" ရတယ်လေ ၊ ခင်ဗျားဒီအခန်းလိုချင်ရင်လဲ ကျွန်တော်နဲ့တူတူသုံးကြမယ် "
" မရဘူး ။ ငါဘေးမှာလူရှိရင်မအိပ်တတ်ဘူး "
" အဲ့တာဆိုလဲ မအိပ်နဲ့ပေါ့ ထိုင်နေလေ ညလုံးပေါက် "
Jayပါးကို ဖျစ်ညှစ်သွားပြီး ပြတင်းပေါက်တံခါးတွေ ဘာတွေဖွင့်ကြည့်နေတဲ့ SungHoonကို တကယ်ကြီး တွန်းချချင်လိုက်တာများ ။
" အိုခေ ညီမလေး ကိုယ်တို့ ဒါသဘောကျတယ် "
" ဟုတ် သွားပြီနော် ဒါ ဒါဆို "
Jayကတော့ စကားဝင်မပြောဘဲ Sofaပေါ်ထိုင်ချလိုက်တော့သည် ။
အိမ်က မဆိုးလှပါ ။ စျေးကြီး Condoမို့ အတော်လေးသပ်ရပ်သည်ဆိုတာထက်တောင်ပိုသေးသည် ။
အိမ် ... ။
ဒီလိုတွေးမိတော့ Jayပါးတွေ ဖြန်းခနဲပူတက်သွားရသည် ။မိဘအိမ်မဟုတ်တဲ့ Jayရဲ့ ပထမဆုံး ကိုယ်ပိုင်အိမ် ။
SungHoonနှင့် အတူတူနေရမည့်အိမ် ။ကိုယ် သူ့အကြောင်းတွေးရင်းပြုံးနေမိတာကို မြင်သွားရရင်ရှက်လို့သေရချည်ရဲ့လို့တွေးမိပေမယ့် SungHoonက ရေခဲသေတ္တာဖွင့်ရင်းစပ်စုနေတာမို့ တော်သေးတာ ။
တစ်ခါတစ်လေ ဘဝက ထင်မထားတာတွေအများကြီးဖြစ်လာတတ်တာပဲ ။
ဒါပေမယ့် Jayက ဒီထင်မထားတဲ့ အပြောင်းအလဲကိုသဘောကျတယ် ။ Jakeကို ပြတ်ပြတ်သားသားနိုင်တော့မှာဖြစ်တာကြောင့်ပါ ။ တစ်ခြား ဘာစိတ်မှမပါ -
YOU ARE READING
𝙒𝙝𝙚𝙣 𝙏𝙬𝙤 𝙒𝙤𝙧𝙡𝙙𝙨 𝘾𝙤𝙡𝙡𝙞𝙙𝙚 (𝙥𝙨𝙝.𝙥𝙟𝙨)
FanfictionWhat If ... ? CEO Park Jay's competitive world and Student Park Sunghoon's broke monotone world COLLIDE ? SungJay / JayHoon Burmese Fanfiction